Unicode FAQ 2

ဒါဆိုရင် ဇော်ဂျီက ဘာအတွက် ရည်ရွယ်တာလဲ ။

ဇော်ဂျီ font က မြန်မာစာ unicode အတွက် standard မဖြစ်ခင်မှာ မြန်မာစာအသုံးပြုချင်တဲ့ လူတွေ အဆင်ပြေအောင် free ပေးတဲ့ font လို့ဆိုလို့ရပါတယ်။ Myanmar NLP တို့ MyMyanmar တို့နဲ့ ပြိုင်တာမဟုတ်ပါဘူး။ www.zawgyi.net မှာ ဒီလိုရေးထားပါတယ်…
” ဇော်ဂျီအဖွဲ့၏ ရည်မှန်းချက်မှာ မြန်မာစာသုံးစနစ်တစ်ခုကို မည်သူမဆို လွတ်လပ်စွာ အသုံးပြုနိုင်ရန် ဖြစ်သည်။ “


ဇော်ဂျီကို တခြား OS တွေမှာကောရလား ။

ရပါတယ်။ Mac အတွက် keyboard ရှိသလို Linux အတွက်လည်း မကြာခင်လာမှာပါ။ Mac အတွက်တော့ ကိုဝေဖြိုးဆီမှာ တောင်းပြီး ပြန်ဖြန့်ဝေပေးပါ့မယ်။ သူလုပ်တာ ပြီးမပြီးတော့မသိသေးဘူး။

MyMyanmar နဲ့ Myanmar3 နဲ့ကကော ဘာကွာလဲ ။

အခု MyMyanmar အသစ်နဲ့ Myanmar3 ကွာတာကတော့ font design ပဲလို့ထင်ပါတယ်။ ၂ ခုလုံးက unicode 5.1 အတိုင်းဆိုတော့ တူမှာပါ။ ပြီးခဲ့တဲ့ unicode ဆွေးနွေးပွဲမှာ Myanmar NLP ကော MyMyanamr ပါ တက်ရောက်ဆွေးနွေးခဲ့တယ်ဆိုတော့ တူတူပါပဲ။ ဘာကွာသေးလဲဆိုတော့ keyboard ကွာပါလိမ့်မယ်။ တကယ်တော့ computer ထဲမှာ မြန်မာစာအတွက် သွားသိမ်းထားခြင်းက တူတူပဲလို့ထင်ပါတယ်။ အရင်က Myanmar2 နဲ့ MyMyanmar လို မဖြစ်တော့ဘူးလို့ထင်တာပဲ။

အခု မြန်မာ website တော်တော်များများက Myanmar2 နဲ့ ဇော်ဂျီသုံးကြတယ်နော်။

ဟုတ်ပါတယ်။ အခု Myanmar2 သုံးနေတဲ့ site တွေ Myanmar3 ပြောင်းတော့မယ်နဲ့တူတယ်။ အစိုးဌာနတွေကတော့ Myanamr3 ကိုပြောင်းသုံးနေကြပြီ။ ဒါကြောင့် အစိုးဌာန site တွေလည်း Myanmar3 ကိုပြောင်းတော့မယ်နဲ့တူတယ်။ MyMyanamr သုံးတဲ့ site ကတော့ တော်တော်လေးရှားပါတယ်။ ဇော်ဂျီကတော့ Planet မှာ စသုံးလိုက်ပြီး ကတည်းက site တော်တော်များများလည်း သုံးလာတယ်။ Blog တွေမှာလည်း ဇော်ဂျီဖြစ်လာတာပေါ့။

မြန်မာစာ Unicode နဲ့ကော google မှာရှာလို့ရလား။

ဘယ် search engine မဆိုရှာလို့ရပါတယ်။ ကျွန်တော် အဲ့အကြောင်းကို ဒီမှာ ရေးထားပါတယ်။

အခု MyWindows ကိုကော ဘယ်လိုမြင်လဲ ။

ကြိုဆိုပါတယ်။ အားပေးပါတယ်။ ဂုဏ်ယူပါတယ်။ ကျွန်တော်က UCSY ကဆိုတော့ တခြားလူတွေထက် ပိုပြီး MyWindows ကို ဂုဏ်ယူပါတယ်။ အခုဆို UCSY က ကျောင်းသားတွေ အကုန်လုံးက Computer ပိုင်းမှာ ဘာမှ မသိတဲ့ကောင်လို့ ဘယ်သူမှ မပြောရဲတော့ဘူး… အရင်ကဆို UCSY ကကောင်တွေက ဘာမှလည်း သေသေချာချာသိတာမဟုတ်ပါဘူးကွာလို့ တချို့ကျောင်းကလူတွေက ပြောတတ်ကြပေမယ့်.. အခုတော့ ဘယ်သူမှ မပြောတော့ပါဘူး.. ကျောင်းအတွက်လည်း ဂုဏ်ယူမိပါတယ်…

ဒါဆို ထွက်လာရင် MyWindows ကို သုံးမှာလား။

အဲဒါတော့ ကျွန်တော်လည်း သေချာမသိဘူး။ မသုံးဖြစ်ဖို့များတယ်။ ကျွန်တော် အခု သုံးတာက Vista… Vista မှာက Language Pack အတွက် MUI ကိုသုံးတယ်.. MyWindows က LIP ကို သုံးတယ်… Windows XP အတွက် အဆင်ပြေပေမယ့် Vista အတွက်တော့ ဘယ်လိုလဲတော့ သေသေချာချာမသိသေးဘူး.. နောက်ပြီး ကျွန်တော်က English စာ ညံတယ်.. Computer မှာ မြန်မာလိုဆိုရင် ပိုဆိုးကုန်မယ်.. English စာဆိုတာ ဘာမှန်းသိတော့မှာမဟုတ်ဘူး.. အခုတောင် Blog ကို မြန်မာလိုရေး Blog တွေကို လိုက်ဖတ်ရင်းကနေ English စာ website ဘက်တွေ မရောက်ဖြစ်တော့ တော်တော်လေး English စာဘက်ပိုင်းမှာ အားနည်းသွားတယ်.. မသုံးဖြစ်ဖို့ များပါတယ်.. ဒါပေမယ့် စမ်းကြည့်မှာပါ…

မြန်မာ Linux ကိုကော ဘယ်လိုမြင်လဲ။

ကျွန်တော် မြန်မာ Linux ကိုမြင်ဘူးတယ်။ မဆိုးဘူး။ မိုက်တယ်။ Fedora 2 လောက်ကနေစပြီး သုံးနိုင်တယ်လို့ပြောတယ်။ သူက သူ့မှာပါပြီးသား Application တွေကိုပါ မြန်မာလိုပေါ်တယ်။ စာရိုက်တာကလည်း English စာကော မြန်မာစာပါတွဲရိုက်လို့ရတယ်။ Windows မှာ စာရိုက်သလိုပါပဲ။ Firefox ကိုလည်း မြန်မာလိုပဲ။ ဘယ်တော့ထွက်မလဲတော့ မသိသေးဘူး။ မြန်မာ Linux အဖွဲ့ကလည်း မကြော်ငြာသေးဘူး။ Error တွေရှိသေးလို့ဖြစ်မယ်ထင်တယ်။ Beta version ကိုတော့ မြန်]
]>

3 thoughts on “Unicode FAQ 2

  1. သိုးလေးလည်း အလားတူပဲ My Myanmar တို့ My Windows တို့ ပေါ်လာလည်း တကယ်တမ်းက အင်္ဂလိပ်စာဘက်မှာ ပိုအားနည်းသွားနိုင်သလို လက်ကွက်လည်း မတူဘူးလို့ ပြောတယ်။ တကယ်တမ်း စာစီစာရိုက်သမားတွေအတွက်လည်း အဆင်မပြေနိုင်ဘူး။ အင်တာနက်နဲ့ ချိတ်ရင်လည်း အခုလို အရေးအကြောင်း ရေးတဲ့အခါ မြန်မာစာရိုက်နိုင်အောင် Zawgyi font သုံးလို့အဆင်ပြေရင် တော်ပြီ။ ဒါပေမဲ့ တီထွင်မှုတွေကိုတော့ အားကျတယ်။ ကိုယ်ကတော့ ဒါတွေနဲ့ပတ်သက်လို့ ဘာမှသိတာမဟုတ်ဘူးလေ။ အခုလို ကိုစေတန် ရှင်းပြပေးတာ ကျေးဇူးပဲ။ အစက အဲဒီဟာကို ရောနေတာ။ သိပ်မရှင်းဘူး။

  2. အင်း ဆရာက ရေးရင်းနှင့် ကျွန်တော့်ကို ဆွဲထည့်လိုက်သကိုး။ ကျွန်တော့် Mac OS X မြန်မာစာ ကီးဘုတ်က ပြီးတာ ၁နှစ်လောက်ရှိပါပြီဗျာ။ ကျွန်တော် သူ့အတွက် iCon တွေ၊ Package လုပ်ဖို့ ဘာညာလေးတွေဆွဲနေရင်း ကျောင်းစာတွေအရမ်းများလို့ မပြီးသေးတာပါဗျာ။ ဇော်ဂျီကော၊ မြစေတီကော ပြီးပြီးသားပါ။ တခြား ယူနီကုဒ်အသစ်တွေကို ကျွန်တော် အမြဲစောင့်ပြီးကြည့်နေပါတယ်။ တချိန်မှာ မြန်မာယူနီကုဒ် ပြီးပြီဟေးလို့ ဆိုရင် ကျွန်တော်တို့ ကီးဘုတ်အသစ်တွေထုတ်နိုင်ပါလိမ့်မယ်။

    VOLT ကလည်း စာတွေတော့ ခဏခဏလာပါတယ်။ ကျွန်တော် မအားလို့ ရောက်ကိုမရောက်တော့ပါဘူးဗျာ။ အခုလို Unicode 5 လိပ်တက် ဗားရှင်းနှင့် ရအောင် လိုက်လုပ်ပေးတဲ့ ဖွန့်ပညာရှင်ကြီးများကို လည်း လေးစား ကျေးဇူးတင်ပါတယ်။ ဒါပေမယ့်အသုံးပြုသူ ယူဆာ ၁ယောက်အမြင်ဘက်က ကျွန်တော် စဉ်းစားလို့ မရတာက ဘာလို့ နှစ်ခု ကွဲနေရတာလဲဆိုတာပါ။ ကျွန်တော်ကိုယ်တိုင်က ယူနီကုဒ်ကို အခြေခံလောက်ပဲလေ့လာဖူးတော့ Sorting တွေ၊ Char Mapping တွေ၊ Glyph ရေးတာတွေ ဘယ်လောက်ခဲသလဲ မသိပါဘူး ကိုစေတန်။ ဒါပေမယ့် ပြောချင်တာက အဲ့လို နှစ်ခုကွဲနေရင် သုံးရတဲ့လူအတွက်က ဘယ်ဟာကို လိုက်ရမှာလဲဆိုတာပါ။ တရုတ်က သူ့ရဲ့ Simplified/ Complex ဘာညာ စသဖြင့် ယူနီကုဒ် သီးသန့်စီရှိတာဖြစ်သင့်ပေမယ့် ကျွန်တော်တို့ ဒီမှာ ၁ခုထဲရှိရမှာကို နှစ်ခုဖြစ်နေပါတယ်။ စနစ်ဆိုတာ ၁ခုတည်း လိုက်သင့်တယ်လို့ ကျွန်တော့် ဦးနှောက်သေးသေးနှင့် စဉ်းစားမိပါတယ်။ ကီးဘုတ် ၂ခုကွဲနေတာကလည်း ပြဿနာ ၁ခုပါ။ ဇော်ဂျီနှင့် နောက်ထွက်တဲ့ အဆင့်မှီ ယူနီကုဒ်တွေ ကီးဘုတ်လက်ကွက် မတူတော့တာကို ကျွန်တော်နားလည်ပါတယ်။ အခု ဆရာ ကြည့်ပါ။ ၃ ခုဖြစ်နေပြီ။

    အခု လူတော်တော်များများ သုံးတတ်တာက ဇော်ဂျီပါခင်ဗျ။ အဲ့တော့ လက်ကွက်ကျွမ်းနေပြီးသားလူတွေကို အခုအသစ်ထွက်မဲ့ ယူနီကုဒ်တွေ ထပ်သင်ပေးရဦးမယ် စသဖြင့် အလုပ်တွေရှုပ်သွားမလား အဲ့ဒါကို ကျွန်တော် စိတ်ပူတာပါ။ ဟေးဒီက၁ခု၊ ဟိုက၁ခု၊ အဲ့လို အပြိုင်ထုတ်နေတာဟာ ကောင်းမွန်တဲ့ ဦးတည်ခြင်းလားဆိုတာ သေချာစဉ်းစားသင့်တယ်လို့ ယူဆမိပါတယ်။ အချိန်ယူရတဲ့အတွက် ခက်ခဲတာကို ကျွန်တော် ၀န်ခံပါတယ်၊ အဲ့ဒါကြောင့်ပဲ အစွမ်းအစတွေ အလကားဖြစ်သွားမှာကို နှမြောလို့ပါ။ စနစ်မကျသေးတဲ့အချိန်မှာ ရွေးချယ်စရာတွေဟာ ေ၀၀ါးစရာတွေ ဖြစ်လာပြီး အသုံးပြုသူတွေက လွယ်တဲ့ ဇော်ဂျီကိုပဲ အသုံးပြုနေဦးမှာပါ။ ပြိုင်ဆိုင်မှုကို မြတ်နိုးတဲ့ လူတွေကတော့ ကျွန်တော့်ကို မျက်လုံးစူးကြမှာပါ။ ဆိုပါတော့ ကျွန်တော်က စာအုပ်ကြီးသမား စနစ်သတ်မှတ်ချက်ကို စောင့်စားတဲ့ ရှေးရိုးစွဲကြီး ပေါ့။ =) ဒီကာလစပ်ကြားမှာတော့ ကျွန်တော့်ဦးနှောက်ကို ဗလာထားပြီး စောင့်ဆိုင်းနေပါ့မယ်။ စနစ်၁ခုလို့ လုံး၀ သတ်မှတ်လိုက်ပြီ ( သုံးတဲ့လူတွေက သတ်မှတ်ခြင်းကို ဆိုလိုပါတယ်) နေ့ကျမှပဲ ကျွန်တော် စပြီးသင်ယူတာကောင်းမယ်လို့ ယူဆပါတယ်ခင်ဗျာ။

    ကျွန်တော် ပေါက်ကရတွေပြောတာကို အမြင်မတော်ရင် ပြန်ရှင်းကြပါဦးဗျိုး။ =D အထူးသဖြင့် အဲ့ဒီ၀င်းဒိုးစ်မှာ နေရာတကာမှာ မြန်မာလိုရိုက်လို့ မရတာ အတော်ဆိုးသဗျာ။ Mac မှာ ဘယ်နေရာရိုက်ရိုက် မြန်မာလို လုံး၀ပေါ်ပါတယ်။ ကျွန်တော် နောက် Screenshot တွေတင်ပြီး ကြွားပါဦးမယ်။ ကွိကွိ။

    Regards,
    -W

  3. Laughter

    learn to laugh!
    laughter is the best medicine for a long and happy life,
    he who laughs …lasts!

    Posted by nitikiti at 11:58 PM 0 comments

    Hope

    Hope see a light where there is not any.
    Hope discovered America.

    Posted by nitikiti at 11:56 PM 0 comments

    Leadership

    Authority alone is no longer enough to get respect.

    Posted by nitikiti at 3:12 AM 1 comments

    Listening

    Be an inquisitive listener.
    Ask questions.

    Posted by nitikiti at 3:10 AM 0 comments

    Living

    Robert lows Stevenson wrote ‘ Anyone can live sweetly,patiently,lovingly,purely, till the sun goes down.’

    Posted by nitikiti at 3:07 AM 1 comments

    Love

    love one another !

    Posted by nitikiti at 3:06 AM 0 comments

    Marriage

    it is never being too old to hold hands.
    it is remembering to say;’ i love you”. at least once each day.

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>