Framework တွေပါ ထပ်မံဖြည့်စွက်ထားပါတယ်။ စာလုံးပေါင်းမှားနေတာတွေ ပြန်ပြင်ထားပါတယ်။ web designer များအနေနဲ့ လိုအပ်တာများကို ဖြည့်စွက်ပြောပေးစေလိုပါတယ်။ သက်ဆိုင်ရာ developer များလည်း မှားနေတာတွေ ထောက်ပြနိုင်ပါတယ်။ ကျွန်တော်က PHP တစ်ခုပဲသိပါတယ်။
5
Framework တွေပါ ထပ်မံဖြည့်စွက်ထားပါတယ်။ စာလုံးပေါင်းမှားနေတာတွေ ပြန်ပြင်ထားပါတယ်။ web designer များအနေနဲ့ လိုအပ်တာများကို ဖြည့်စွက်ပြောပေးစေလိုပါတယ်။ သက်ဆိုင်ရာ developer များလည်း မှားနေတာတွေ ထောက်ပြနိုင်ပါတယ်။ ကျွန်တော်က PHP တစ်ခုပဲသိပါတယ်။
Web နည်းပညာ Taxonomy ကိုပြောတာလား Web Designer or Developer တွေအတွက် လေ့လာရမယ့် လမ်းကြောင်းကိုပြောတာလား။ ကြည့်သလောက်တော့ Taxonomy ကိုဆိုလိုချင်ပုံတော့ မပေါ်ဘူးဗျ။ အခုပုံက လမ်းများစွာလျောက်ရမယ်လို့ ဆိုလိုနေသလို ဘယ်နှစ်လမ်း လျောက်ရမယ် စဉ်းစားရမလိုဖြစ်နေတယ်။ အကြံပေးခဲ့မယ် အစမှာ Beginner အဆုံးမှာ Designer ရယ် Developer ရယ်ဆိုပြီး အဆုံးထားလိုက်။ Node တွေက Step လို့ယူဆ Path တွေကို နည်းပညာလို့ သတ်မှတ်လိုက်ဗျ။ အဲဒါမှ မသွားမဖြစ်တွေကို အစဉ်အတိုင်းရေးရမယ်။ Optional တွေဆို လမ်းကိုခွဲ။ နောက်ပြီးတော့ ဘုံဖြစ်နေတာတွေ ခဏခဏမဆွဲရဘူး တစ်ခုပဲဘုံထားသုံး။ အခုဟာက Branch ဆိုတာက တစ်ချို့နေရာမှာ တစ်လမ်းကိုသွား တစ်ချို့နေရာတွေက လမ်းအကုန်သွားရမလို ဖြစ်နေတယ်။ အဲဒါမှပဲ ဖတ်တဲ့လူက ဘယ်ဟာတွေ အစဉ်းအတိုင်းသွားရင် ဖြစ်ချင်တာဖြစ်မလဲ စဉ်းစားလို့လွယ်မယ် နောက်ပြီး အနည်းဆုံး ဘယ်ဟာတွေ လုပ်လိုက်ရင် အမြန်ဆုံးအလုပ်ဖြစ်မလဲသိမယ် နောက်မှ Professional အတွက်ကတော့ Optional တွေပြန်လုပ်ရမယ် သိရလွယ်မယ်။
ပြန်ပြင်လိုက်ပြီ။ --- တွေကို optional ထားလိုက်တယ်။ အရောင်ကတော့ ခွဲထွက်တာပေါ့။ ကြိုက်တဲ့ လိုင်းလိုက်ပေါ့။ အဲ.. သုံးထားတဲ့ MindNode ဆိုတာက အများကြီး မရဘူးဗျ။ Free ဆိုတော့လည်း free လောက်ပဲပေါ့။ ပြင်ထားပြီ။ ကြည့်လိုက်ပါအုံး။
အဲ ဟိုဘက်မှာလည်း ပြောထားတယ်
ဒီဘက်မှာလည်း လာပြောလိုက်ဦးမယ် =D
C# ပါသင့်တယ်ဗျ.. Asp.NET နောက်မှာပေါ့..
နောက် PostgreSQL နဲ့ SQLite .. MySQL လောက် အသုံးမများပေမယ့် သူ့ဟာနဲ့သူတော့ ရှိတယ်.. Oracle ကတော့ မပြောတော့ဘူး =P
web designer မှာ Layout concept လဲလိုအုံးမယ်ဗျ ... grid system, typography ... ။ Adobe FireWork, Device Central, Dreamweaver, Contribute တွေလဲ သိရင်ပိုကောင်းမယ်လို့ထင်တယ်။
အဲဒီရောက်တော့ နည်းနည်းအသေးစိတ်သွားပီထင်တယ်ဗျ..
ခုပြောသွားတဲ့အထဲမှာတောင် ကိုယ်သိတာ typography ရယ် DW ရယ်လောက်ပဲ သိတာ... ကျန်တာတွေက ကြားဖူးရုံတင်.. =D