VPS and Domain

ဟိုနေ့က VPS မှာ symfony setup လုပ်ရတယ်။ symfony ကို hosting တစ်ခုကိုပေးပြီး setup လုပ်ခိုင်းတာ ဘယ်လိုမှ မလုပ်တတ်တာနဲ့ နောက်ဆုံး VPS တစ်လုံး ဝယ်လိုက်ရတယ်။ ရုံးမှာကလည်း Linux သမားဆိုလို့ အခုချိန်မှာ ကျွန်တော်ရယ် Boss ရယ်ပဲရှိတော့တယ်။ ကျန်တဲ့သူတွေက Linux မသုံးတတ်။ အကုန် Windows က လာတာကြီးပဲ။ နောက်ပြီး symfony ကို setup မလုပ်တတ်တာနဲ့ ကိုယ်ကပဲ လုပ်ရတာပေါ့။ VPS အတွက် OS ကိုမေးတော့ ထုံးစံအတိုင်း Ubuntu ပဲပေါ့။ အဲမှာ ကျွန်တော်က ကြောင်တောင်တောင်နဲ့ သွားမေးတာရှိသေးတယ်။ NS1 နဲ့ NS2 သွားတောင်းတာလေ။ ဟိုဘက် Comapny က ရန်ဘင်း ဆိုတဲ့လူက ကြောင်တောင်တောင်ဖြစ်သွားပုံရတယ်။ နောက်မှ email ပို့ပေးမယ်လို့ပြောတော့ အင်းပေါ့။ အဲတုန်းကတော့ မသိဘူး။ domain setup ဆိုရင် NS1, NS2 ပဲထည့်ရမယ်ထင်နေတာ။ VPS ကလည်း မသုံးဖူးတာပါတာပေါ့။

VPS က လုံးဝကို plain ကြီး။ ကျွန်တော်က plesk panel များပါမလားလို့ပေါ့။ မပါ။ စျေးသက်သာတာ ဝယ်ထားတော့ ဒီလောက်တော့ရှိမှာပေါ့။ ဒါနဲ့ အကုန်သွင်း။ ပြဿနာက domain ပဲ။ domain ကို apache မှာ မထည့်တတ်ဘူး။ အို… Ubuntu ပဲဗျာ။ Googling လုပ်ပေါမှပေါကို။ ဒါနဲ့ Googling လုပ်ပြီး ရှာတော့တွေ့သွားတယ်။ ဘယ်လိုလုပ်ရမလဲဆိုတာ ဒီမှာ ဖတ်လိုက်ရင်ရပါတယ်။ ပြဿနာက domain အလုပ်မလုပ်တာပဲ။ ဒါနဲ့ NS1, NS2 vည်း ဖြည့်ထားတယ်ပေါ့။ ထုံးစံအတိုင်း Googling လုပ်ပြီး ရှာဖတ်မှ ရယ်တောင် ရယ်ချင်မိသွားတယ်။ A-Record ထည့်ရမှာကိုဗျာ NS1,NS2 သွားထည့်ရတယ်လို့။ ဒါနဲ့domain ကို A-Record မှာ VPS IP ထည့်။ ခဏလောက်စောင့် refersh ချလိုက်တော့ အဆင်ပြေသွားပါလေရောဗျာ။ Symfony ကို Ubuntu မှာသွင်းဖို့ကတော့ ဒီကနေ ဖတ်လိုက်ပါတယ်။ Ubuntu Linux သုံးရတာ အဲဒါတွေ သဘောကျတယ်။ ဘာပဲရှာရှာ အဆင်ပြေပြေနဲ့ ရှာလို့တွေ့တယ်။ စျေးလည်းသက်သာတာလည်း ပါမှာပေါ့။ ဘာပဲပြောပြော VPS အတွေ့အကြုံရသွားပြီ။ အခုတော့ Amazone EC2 ကို ကလိလိုက်အုံးမယ်။

4 thoughts on “VPS and Domain

  1. Pingback: Latest Plesk Hosting Auctions | World online hosting review

  2. Pingback: Amzon EC2 & Me | Saturngod

  3. Pingback: Before host on VPS | Saturngod

  4. ရုံးမှာကလည်း Linux သမားဆိုလို့ အခုချိန်မှာ ကျွန်တော်ရယ် Boss ရယ်ပဲရှိတော့တယ်။

    I really like it. :D

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>