ရန်ကုန်မှာ အရင်တုန်းက Web Design ပိုင်းသင်တုန်းက PSD နဲ့ပုံတွေ ဆွဲပြီးတော့ HTML ပြန်ထုတ်ခိုင်းတာ မှတ်မိသေးတယ်။ တော်တော်လက်ဝင်တဲ့ အလုပ်ဗျာ။ နောက်ပြီး ပုံက ထွက်လာရင် skill နဲ့ က မကိုက်တာတွေ ဖြစ်လာပြန်ကော။ ဘာဖြစ်လို့ဆွဲခိုင်းတာလဲတော့ မသိ။ ကျွန်တော့်အတွက်တော့ အလကား အပိုအလုပ်ရယ်လို့တောင် မြင်လာသလိုပဲ။ Photoshop နဲ့ဆွဲတော့ HTML မထွက်ခင် design တော့ ကြိုမြင်ပါရဲ့။ ထွက်လာတဲ့ design နဲ့က HTML ထုတ်ရင် scale တွေက ဘယ်တူတော့မလဲလို့တောင် စဉ်းစားမိသေးတယ်။ အခုမှပဲ နားလည်တော့တယ်။ သင်တန်းတုန်းက grid system ကို မသင်ခဲ့ရတာကိုး။ ရုံးမှာ web designer က photoshop နဲ့ ဆွဲနေလို့ နောက်ကနေ သူဘာတွေသုံးလဲဆိုတာကို ရုံးရောက်ကာစ သွားစပ်စုကြည့်သေးတယ်။ သူလည်း phtoshop နဲ့ဆွဲတာပဲ။ ဒါပေမယ့် HTML ထုတ်တာ အရမ်းမြန်တယ်။ scale တွေလည်း မလွဲပါလားလို့။
ဘယ်ဟုတ်မလဲ။ သူက 960.gs ကို သုံးတာကို။ နောက်မှ သဘောပေါက်သွားတော့တယ်။ http://www.960.gs ကနေ 960 grid system ကို ယူပြီး CSS မှာ အသုံးပြုနိုင်တယ်။ ကျွန်တော်တို့ web design layout ချရာမှာ grid system က အရေးပါပါတယ်။ နောက်ပြီး သူ့ကို နားလည်ထားရင် web design layout ဆွဲရတာ အရင်ကထက် ပိုမြန်ပြီးလှတာကို တွေ့မှာပါ။ အသုံးပြုပုံကိုတော့ ကျွန်တော် video.saturngod.net မှာ ပြထားပါတယ်။ ကျွန်တော်တို့ grid system တွေ အကြောင်းကို အောက်က လိပ်စာတွေမှာ သွားဖတ်ပြီး လေ့လာနိုင်ပါတယ်။
- http://net.tutsplus.com/tutorials/html-css-techniques/design-a-beautiful-website-from-scratch/
- http://www.instantshift.com/2009/05/21/grid-style-in-modern-web-design-showcase-and-resources/
အင်းဗျ။ ကျွန််တော်လည်း အကိုပြောမှသိတာ…အစတုန်းကဆို Photoshop ကနေ ဆွဲချင်သလိုဆွဲပြီးမှ Html ထဲထည့် ပြီးရင် Size မကိုက်ရင် ပြန်ညှိနဲ့ မပြီးတော့ဘူး။
ကျေးဇူး တင်တယ်ဗျို ့
wordpress free blog တင်တဲ့အခါ plugin မပါလို့။ အဲဒါ code လေးတွေကို google syntax highlighter လိုလုပ်လို့ ရနိုင်တဲ့နည်းလေးရှိရင်ပြောပြပေးပါလား။
wordpress.com ကို ပြောတာလား… wordpress.com ဆိုရင်ောတ့ မသိပါ။ ကိုယ်ပိုင် host နဲ့ဆိုရင်တော့ google syntax highlighter plugin ရှိပါတယ်။
ဟုတ်ပါတယ်။ wordpress.com ပါ။ တစ်ချို့ site တွေသုံးထားတာတွေလို့မေးကြည့်တာ။
http://ssasikumar.wordpress.com/2010/02/13/wordpress-code-highlight-display-without-plugin/ , btw, why not trying to search in wordpress.com. I found many ppl post about that in wordpress.com blog. for more information http://en.support.wordpress.com/code/posting-source-code/
ကျေးဇူးတင်ပါတယ်
မသိမတတ်သေးတာတွေ တင်ပေးတဲ့အတွက်ပါ
Thank a lot. ကျွန်တော် internet ကို အကြာကြီးမသုံးနိုင်လို့ပါ။ prepaid card လေးနဲ့ တက်လိုက်ဆင်းလိုက်လုပ်နေရလို့ပါ။
Oh!! sorry. I thought you use from home with ADSL or WiMax. Sorry about that.
Thank KO saturn
Thanks for the tip even though I no longer design websites anymore.
သိပ်ကိုကျေးဇူးတင်ပါတယ်မြန်မာလူငယ်တွေအတွက်သိပ်တန်ဖိုးရှိတဲ ့အတွေ ့အကြုံတွေကိုပြောပြတဲ့အတွက်ပါ
btw, blueprint is better than 960gs .. I think so
as you like.