Web Developer & Web Designer

Developer သည် Developer သာဖြစ်သည်။ Web Designer သည် Designer သာဖြစ်သည်။ ထိုနှစ်ခုပူးပေါင်းလိုက်သောအခါ website ဟူပြီး ဖြစ်လာသည်။ ထို့ကြောင့် Developer သည် design idea ရှိမည်မဟုတ်သလို design ပိုင်းကို နားလည်သည်မဟုတ်။ သိရုံသာသိသည်။ သူရေးသားရမည့် code ကိုသာ နားလည်တတ်ကျွမ်းသည်။ programmer တစ်ယောက်သည် designer ပေးသော design ကို ရေးထားသော code နှင့် အလွယ်တကူပူးပေါင်းတတ်သည်။ ထို့ကြောင့် Developer သည် Photoshop သုံးတတ်ချင်မှ သုံးတတ်မည်။ အရောက် ရွေးချယ်တတ်ချင်မှ တတ်မည်။ သို့သော် Designer လိုချင်တဲ့ ပုံစံကိုတော့ ရအောင် ရေးနိုင်သူဖြစ်သည်။ Designer နဲ့ ညှိနှိုင်းကာ ဆောင်ရွက်ရသည်။

Web Designer သည် Designer သာဖြစ်သည်။ HTML,CSS ကို အဓိက တတ်ကျွမ်းပြီး jQuery ကိုတော့ အနည်းငယ်တတ်ကျွမ်းလိမ့်မည်။ သူသည် design သာ ထုတ်ပေးနိုင်သည်။ Coding တွေကို မသိ။ သူဖြစ်ချင်တဲ့ Design ကို Developer အား နားလည်အောင် ရှင်းပြနိုင်သည်။ condition တွေ looping တွေ နားလည်ချင်မှ နားလည်မည်။ သို့သော် color theory တွေကို နားလည်သည်။ design idea ရှိသည်။ ဒီနေရာတွင် ဘာအရောင်သုံးလိုက်လျှင် လှသွားမည်။ ဘာအရောင်နှင့် ဘာအရောင် လိုက်ဖက်သည်။ စသည်တို့ကို သိကျွမ်းနားလည်သည်။ Design ပြီးသွား လျှင် developer နှင့် ညှိနှိုင်းကာ ဆောင်ရွက်ရသည်။

MVC တွင် Desinger နှင့် Developer အခန်းကဏ္ဏသည် သိသာစွာ ထွက်ပေါိ လာသည်။ desinger သည် View ပိုင်းကို တာဝန်ယူ ဆောင်ရွက်ပြီး developer သည် model နှင့် controller ပိုင်းကို ရေးသားသည်။ View ပိုင်းတွင် နောက်ပိုင်းမှ model နှင့် controller များမှ variable များ အစားသွင်းကာ ပြန်လည် ပေါင်းစည်းကြသည်။ တနည်းဆိုသော် ပေါက်စီ နှင့် တူသည်။ ပေါက်စီတွင် အသား နှင့် ဂျုံသား နှစ်ပိုင်းပါဝင်သည်။ အသားကြီးပဲနှင့် ပေါက်စီ မဖြစ် သလို ဂျုံကြီးပဲလည်း ပေါက်စီ မဖြစ်။ နှစ်ခုလောင်း ပေါင်းပြီး ပေါင်းလိုက်မှသာ ပေါက်စီဖြစ်လာရသည်။ ပေါက်စီ သည် ဂျုံကဲ့သို့ အရသာ မဟုတ်။ ဂျုံသည်လည်း ပေါက်စီကဲ့သို့ အရသာ မဟုတ်ချေ။ နှစ်ခုလုံးပေါင်းလိုက်သောအခါ ထူးကဲသော အရသာ ဖြစ်လာသည်။ ထိုအရသာ အသား အရသာ မဟုတ်သလို ဂျုံအရသာလည်း မဟုတ်ချေ။


3 thoughts on “Web Developer & Web Designer

  1. အကို…
    ဒါဆို webdesigner ပဲ jquery သိဖို့လိုတာလား…
    webdeveloper ကရော jquery သိဖို့လိုသလား…
    ပြီးတော့ jquery နဲ့ ajax နဲ့ကဘာတွေကွာသလဲဗျ…

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>