ကိုမိုးတိမ်ရေးထားတဲ့ topic လေးကနေ ပြန်လည်တင်ပြလိုက်ပါတယ်..
ကျွန်တော် Your-freedom Software မသုံးတတ်သေးသူတွေအတွက် ပြုလုပ်ပုံအဆင့်ဆင့်ကို တင်ပြပေးချင်ပါတယ်.
Freedom Software ကိုအသုံးပြုနိုင်ဖို့အတွက် Freedom Account ရှိရပါမယ်။
Account မရှိသူများ ဤနေရာတွင် Request လုပ်ပါ။ Account ရှိသူများ ၀ိုင်း၀န်း ပြုလုပ်ပေးကြမယ်လို့ မျှော်လင့်ပါတယ်။
ဦးဆုံးပထမ Your-freedom Software ကို Download အရင်ချပါ။ Download Your Freedom
Full Latest Version ပါ။ File Size တော့နည်းနည်းကြီးမယ်။ Dial-up User တွေအတွက် အဆင်သိပ်မပြေပါဘူး။ 28 MB လောက်ရှိတယ်။
Download ပြီးရင် Install လုပ်ရပါမယ်။ Install လုပ်ပုံကိုတော့ မတင်ပြတော့ပါဘူး။ အားလုံးလုပ်တတ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
Install လုပ်ပြီးသွားရင် Program ကို Launch လုပ်လိုက်ပါ။ အောက်ပါပုံအတိုင်းမြင်ရမှာ ဖြစ်ပါတယ်။
ဒုတိယအနေနဲ့ မိမိယူထားတဲ့ Account Info ကိုသွင်းရပါမယ်။ (User name & password etc.)
ဒီနေရာလေးမှာ သွင်းရမှာပါ
ပြီးရင် Proxy Setting Tap ကိုသွားပြီး Proxy Address ထည့်ရပါမယ်။ (မိမိအသုံးပြုနေသော Proxy server ပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်)
ကိုယ့်အသုံးပြုနေတဲ့ Proxy Address ကိုမသိရင် အောက်ပါအတိုင်း ကြည့်နိုင်ပါတယ်။
Control panel > Internet Option > Connection Tap > LAN setting (Local Network အသုံးပြုသူများသာ။ Dial-up User များအတွက် Dial-up & Virtual Private Network တွင်ကြည့်နိုင်သည်) > Advanced > Proxy Address
နောက်ဆုံးအနေနဲ့ Sever Selection Tap ကို အောက်ပါအတိုင်း Configure လုပ်နိုင်ပါတယ်။
ပြီးရင် အောက်နားက Save & Exit Button ကိုနှိပ်ပြီးထွက်လိုက်ပါ။
ပြီးသွားရင် Start Connection ဆိုတာ Button လေးကိုနှိပ်ပါ။
Your-freedom Main Window ရဲ့ ညာဘက် အလယ်နားက တံခါးပေါက်လေး ပွင့်သွားရင် သုံးလို့ရပါပြီ။
Your-Freedom ကို Setup လုပ်ပြီးသွားရင်
ကိုယ်အသုံးပြုချင်တဲ့ Application ကို Your-freedom Proxy နဲ့ Configure လုပ်ရပါ့မယ်။
ဥပမာ – Firefox Browser နဲ့ Configure လုပ်မယ်ဆိုပါစို့
Tool > Option > Advanced Tap > Network > Setting ထဲကိုသွားရပါမယ်။
ပြီးရင် Dialog Box မှာ Manual Proxy Configuration ဆိုတာကိုရွေး
Proxy Address မှာ ပုံပါအတိုင်း 127.0.0.1 port 8080 ကိုထည့်ပေးရပါမယ်။
ပြီးရင် OK နှိပ် ထွက်။ ဒါဆိုရင် ကိုယ်ကြည့်ချင်ရာကို အတားအဆီးမရှိ ကြည့်နိုင်ပါပြီ။
တစ်ခုသိထားရမှာက Your-Freedom Account ကို Free Service ယူထားတယ်ဆိုရင်တော့ သူသတ်မှတ်ထားတဲ့ Connection Speed ပဲအသုံးပြုနိုင်မှာဖြစ်ပါတယ်။ Pay Account ၀ယ်နိုင်ရင်တော့ ပိုပြီးမြန်ပါတယ်။
ဒီလိုပဲ ဘယ် Software ကိုသုံးသုံး .. Freedom နဲ့ သုံးချင်တယ်ဆိုရင် Connection Setting မှာ Proxy Address ကို 127.0.0.1 or localhost port 8080: or 1080 အသုံးပြုရပါမယ်။
မိုးတိမ်
ကျေးဇူးတင်ပါတယ် ကိုမိုးတိမ်
ကျွန်တော် လက်ရှိအသုုံးပြုနေတဲ့ Your Freedom address ကတော့
Address : ems15.your-freedom.de
Port : 80
protocol : http
ပါ…
Freedom account မရှိသူများ ကျွန်တော့်ဆီ mail ပို့လိုက်ပါ..
ကျွန်တော် လုပ်ပေးပါ့မယ်…
saturngod






ဆရာလုပ်တယ်မထင်နဲ့နော် Ultraself သုံးကြည့်ပါလား ။ your-freedom ထက် file size လဲပိုသေးတယိ ။ (130.1 Kb)ပဲရှိတယ် ။သုံးရတာလဲပိုလွ.်ပါတ.် .စမ်းကြည့်ရုံနဲ့နော့ မကြာလောက်ပါဘူး ။ http://www.wujie.net/downloads/ultrasulf/u.zip ပါ ။ ကိိုယ်တိုင်လဲကြုံခဲ့လို့ကိုယ်ချင်းစာပါတယ် ။ Quote
ဘယ်နဲ ့ ultraself က ကော်နက်ရှင်ကောင်းမှ သုံးလို ့ကောင်းတာဗျ။ freedom က အဲ့လောက် ကော်နက်ရှင်ကောင်းဖို ့မလိုဘူးဗျ။ မသိရင်လည်းမသိသလိုနေဗျာ။ခင်ဗျားအခု၀င်နေတဲ့ ဆိုဒ်ကို ထောင်တဲ့သူက ခင်ဗျားထက်တတ်လို ့ ရေးနေတာဗျ။ လူတကာမေးလိုက် ကိုစေတန် ဘာလည်းဆိုတာကို။
အကို
ကျနော်လည်း free Dom account လိုချင်ပါတယ်။my email is [email protected] ,thank you
Oop!! too old post. You can register with https
Thank…….!
In my network, there’s also a proxy server (I mean local proxy server such as ISA). I provided that proxy address(192.168…..) together with user name and password to yourfreedom. But there’s always a question mark in the yourfreedom icon.
Can anyone help me.
ဒီဟာက (your freedom) ဘာအတွက်သုံးရတာလဲ။
ကျနော့ကိုနဲနဲရှင်းပြပေးပါလား။
အရင်တုန်းက bagan က gmail ကို ပိတ်ထားတုန်းကဆိုရင် Your Freedom ကိုအသုံးပြုပြီး gmail ကိုစစ်ခဲ့ရပါတယ်..
bagan က ပိတ်ထားတာ မှန်သမျှ ကို ကျော်ဖြတ်ဖို့ပါ… တခြား နိုင်ငံတွေ မှတော့ မလိုဘူးပေါ့.. မြန်မာနိုင်ငံက ပိတ်ထားတာလေးတွေနည်းနည်းများတဲ့ အတွက် သုံးကြတာပါ…
ဆရာလုပ်တယ်မထင်နဲ့နော် Ultraself သုံးကြည့်ပါလား ။ your-freedom ထက် file size လဲပိုသေးတယိ ။ (130.1 Kb)ပဲရှိတယ် ။သုံးရတာလဲပိုလွ.်ပါတ.် .စမ်းကြည့်ရုံနဲ့နော့ မကြာလောက်ပါဘူး ။ http://www.wujie.net/downloads/ultrasulf/u.zip ပါ ။ ကိိုယ်တိုင်လဲကြုံခဲ့လို့ကိုယ်ချင်းစာပါတယ် ။