Some Ubuntu Software

အခုတလော Ubuntu မှာ ကျွန်တော် software အသစ်လေးတွေ စမ်းသုံးဖြစ်တယ်ဗျ။ တော်တော်လေးကို ကောင်းမွန်တာပါ။ ရွေးရတာများလွန်းလှတဲ့ Ubuntu အတွက် software တွေထဲမှာ တစ်ယောက်နဲ့ တစ်ယောက် တော့ အကြိုက်တူမှာမဟုတ်ပေမယ့် ကျွန်တော် ကြိုက်မိတာလေးတွေ ဝေမျှလိုက်ပါတယ်။

Exaile Music Player

ကျွန်တော် အရင်က KDE သုံးဖူးတယ်။ အဲတုန်းက Amarok ဆိုတဲ့ Player လေးကို GNOME မှာပါတဲ့ rhytmbox ထက်ပိုကြိုက်တယ်။ design ကလည်း သာတယ်လေ။ အခုတော့ ကျွန်တော့် စိတ်ကျေနပ်သွားရပါပြီ။ exaile ဆိုတာကတော့ amarok နဲ့ တော်တော်ဆင်တယ်။ သူ့ကို ကျွန်တော် rhytmbox ထက်ပိုသဘောကျပြီး လက်ရှိ အသုံးပြုနေပါတယ်။ သီချင်းတွေကို သူနဲ့ နားထောင်ဖြစ်တယ်။ playlist တွေကို tab နဲ့ ဖွင့်ထားလို့ရတာလေးကို တော်တော်သဘောကျမိတယ်ဗျ။ သွင်းချင်တယ်ဆိုရင်တော့ ဒီမှာ သွားကြည့်လိုက်ပေါ့။ တကယ်လို့ Ubuntu 8.10 အသုံးပြုနေတယ်ဆိုရင်တော့

echo 'deb http://ppa.launchpad.net/exaile-bzr/ubuntu intrepid main' | sudo tee -a /etc/apt/sources.list
sudo apt-get update
sudo apt-get install exaile-bzr

ဒါမှမဟုတ် Ubuntu Tweak ကနေ အလွယ်တကူ သွင်းလို့ရပါတယ်။ အဲဒီသွင်း၇တာက GUI နဲ့ဆိုတော့ အရမ်းလွယ်ပါတယ်။

Exaile

Empathy

Gtalk ကို pidgin ကအသုံးပြုရင် voice အတွက် အဆင်မပြေဘူး။ စကားပြောလို့မရဘူး။ အဲဒီအတွက် Empathy ဆိုတာလေး အသုံးပြုလိုက်ရင် အဆင်ပြေပါတယ်။ Ubuntu Tweak ကနေ သွင်းရတာ အဆင်ပြေဆုံးပဲဗျ။ Application menu > System Tools > Ubuntu Tweak ကိုသွားလိုက်ပါ။ မရှိရင်တော့ http://ubuntu-tweak.com/downloads ကနေ သွင်းလိုက်ပါ။ Ubuntu Tweak တက်လာပြီးရင် Application > Add/Remove ထဲမှာ Empathy ဆိုတာရှိပါတယ်။ Check လုပ်ပြီး Apply လုပ်လိုက်ရုံပဲလေ။

Gnome Do

အရင်ကတော့ Launchy ဆိုတာလေးကို သုံးတယ်။ အခုတော့ Gnome Do လေးပြောင်းသုံးတယ်။ သူ့ကိုပိုပြီး သဘောကျတာအမှန်ပဲဗျ။ အဲဒါကိုလည်း Ubuntu Tweak မှာ တွေ့နိုင်ပါတယ်။

Screenlets

အရင်ကတော့ Google gadgets သုံးတယ်။ အခုတော့ Screenlets ဆိုတာလေးပြောင်းသုံးတယ်။ သိပ်အကွာကြီးတော့ မဟုတ်ပါဘူး။ Ubuntu Tweak မှာ ပါတာနဲ့ သွင်းလိုက်တာ။ Google gadgets ကတော့ လှပမယ့် မျက်စိ ပိုရှုပ်သလားလို့။ Screenlets လေးက ပိုပြီး ရိုးရှင်းတယ်လေ။ နောက်ပြီး sessions ထဲမှာလည်း ကိုယ့်ဘာသာကိုယ် သွားထည့်နေစရာမလိုတော့ ပိုအဆင်ပြေပါတယ်။ ကိုယ်တက်ချင်တဲ့ gadgets ကို Autostart on login ဆိုတာလေး check လုပ်ပြီးရင် အဆင်ပြေသွားတာပဲလေ။

2 thoughts on “Some Ubuntu Software

  1. ကျွန်တော်အဲဆိုက်မှာဖွင့်လိုက်ရင်
    အလင့်လိုက်တာနဲ့ စားလေဖွင့်လာတယ်လေ
    ဥပမာ …ကျွန်တော်ဆိုက်ကိုဖွင့်လိုက်တာနဲ့ဗျာ ကျွန်တော်မားပါစေလိုဆုတောင်းပေးပါတယ် အဲလိုအလိုလိုပေါ်အောင်လို
    လုပ်ချင်းတယ်ဗျာ အလုပ်တက်လို ကုူညီပါအုံးဗျာ
    နော်…

    • နားမလည်ပါ… topic က Ubuntu အကြောင်းမှာမေးထားတော့ ဘာကို ဆိုလိုမှန်းမသိပါ… http://www.mysteryzillion.org မှာ သွားမေးကြည့်လိုက်ပါလား… အဖြေကို မြန်မြန်ဆန်ဆန်ရပါလိမ့်မယ်ဗျာ.. :)

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>