Ubuntu 8.04 အခုထက်ထိ မသွင်းရသေး

Ubuntu 8.04 မှ တကယ် ညစ်သွားတယ်… wubi သွင်းတာ internet connection လိုနေတယ်တဲ့ဗျာ.. တကယ့်ကိုညစ်သွားတာ… အဲဒါသွင်းချင်လို့ ဆိုပြီး Linux ရှိတဲ့ drive ကိုဖျက်လိုက်တာ ပြသနာဖြစ်ပါလေရော… windows တက်မလာတော့ဘူးလေ… ဒီတော့ internet မှာရှာရပြန်ကော..

http://www.mysteryzillion.com/forums/showthread.php?t=667

အဲမှာ  windows boot ပျောက်သွားရင် ဘယ်လိုပြန်လုပ်ရမလဲဆိုတာ ရေးထားပါတယ်… အဲဒီအဆင့်ရသွားတော့ wubi သွင်းတာ connection မကောင်းလို့လားမသိဘူး.. wubi သွင်းတဲ့အချိန် download ချတာ ပြတ်ကျကျသွားတယ်.. အခုထက်ထိတော့ အဆင်မပြေသေးဘူးဗျာ… အခွေနဲ့ boot သွင်းလည်း မရနဲ့…. ပြန်စမ်းကြည့်အုံးမယ်.. boot နဲ့ ရမရကို…. စမ်းပေါင်းလည်းများပြီ… ရမှပဲ စမ်းလို့ရမှာဆိုတော့ ရအောင် လုပ်ကြည့်လိုက်အုံးမယ်ဗျာ… ubuntu 7 ရှိတဲ့သူတွေ မသွင်းကြနဲ့အုံးဗျို့… connection ကောင်းရင်တော့ သွင်းပေါ့… ကျွန်တော်ကတော့ dial-up လေးနဲ့ဆိုတော့…..

4 thoughts on “Ubuntu 8.04 အခုထက်ထိ မသွင်းရသေး

  1. boot cd for xp ကိုဘယ်မှာရနိုင်မှာလည်း ကိုစေတန်။ ကျေးဖူးပြုပါအုံး။ ကျွန်တော် ကွန်ပြူတာ လည်း ၀င်းဒိုး မတက်လို. ဘယ်လို ပြင်ရမလည်း ဆိုတာ မသိလို.စိတ်ညစ်နေ တာ။ မစပါအုံး ဆရာသမားရေ

     

    ကျေးဇူး

    မင်းဦး

     

  2. မူရင်း CD လိုအပ်ပါတယ်… အခု ရန်ကုန်မှာ ဝယ်လို့ရတဲ့ SP3 အတုတွေ black XP လိုမျိုးဟာတွေနဲ့မရပါဘူး.. ဟိုးအရင်က windows xp sp2 စစ်စစ်အခွေတွေမှာ repair ပါ ပါတယ်.. အဲမှာ boot တက်လိုက်ရင် အပြာရောင် screen ကြီးတက်လာပြီးရင် R ကိုနှိပ်လိုက်ရင် command prompt တက်လာတဲ့အခါမှာ ကျွန်တော် ပြောသလို fixmbr နဲ့ fixboot လို့ရိုက်ကြည့်လိုက်ပါ

  3. အခုမှပဲ ၀င်လို့ရတော့တယ်။ အားလုံးအဆင်ပြေတဲ့အတွက်၀မ်းသာပါတယ် ကိုစေတန်ရေ။

     

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>