အခုတလော ကံဆိုးပြီးရင်း ဆိုးနေပါလား…

မနေ့တုန်းက FEC 32 ကို ပိုက်ဆံ မရှိတာနဲ့ ချေးပြီးတော့ သွင်းလိုက်ရတယ်…
နောက်ဆုံးရက်ဆိုတာနဲ့.. သွင်းနေတုန်း နောက်လ ဘယ်လောက်လဲလို့ မေးကြည့်လိုက်တယ်…
FEC 103 တဲ့ဗျာ… အမလေး… လူကတော့ တော်တော်လေးလန့်သွားတယ်…
ဟုတ်မှဟုတ်ရဲ့လားလို့… နှစ်စဉ်ကြေးပါပါတယ်တဲ့…
ဒါပေမယ့် နှစ်စဉ်ကြေးက FEC 60 ပဲ…
အဲဒါနဲ့ ဘယ်နှစ်နာရီပိုသုံးမိလဲလိ်ု့မေးလိ်ုက်တယ်…
၂၃ နာရီတဲ့… ဗျာ… တကယ်ရောဟုတ်ရဲ့လား…
ကျွန်တော် အိမ်ကနေ usage info က check လိုက်တော့…
ဟုတ်ပါ့ဗျာ.. တကယ်ပဲ… အော်… Internet ရဲ့ side effect က ပြင်းလိုက်တာ…
အဲ…ဒါနဲ့တင်မပြီးဘူး…
အိမ်မှာက အမြဲမီးပျက်နေတာ… အဲဒါကြောင့် လာတဲ့ ၆ နာရီအတွင်း မှာ Computer ကို အချိန်ပြည့်သုံးတာ..
Internet ကိုတော့ Access Kit နဲ့ အချိန်ပြည့်နီးပါးချိတ်ထားတယ်…
ဘာဖြစ်လို့လည်းဆိုတော့ image upload တစ်ခါတည်းတင်လို့ရမယ့် code ကိုရေးဖို့ပေါ့…
မနေ့ညကတော့ ရေးလို့ရသွားတယ်… FORUM အတွက်ပေါ့…
နောက်၁နာရီလောက်ကြာတော့ MMGlite အတွက်ရသွားတယ်…
ကံများဆိုးချင်တော့… မီးကမပျက်ဘူး… COMPUTER နဲ့ ချိတ်ထားတယ်…မီးကြိုးက ပူလို့ ပြတ်ကုန်ရော…
တော်သေးတာပေါ့… မီးမလောင်သွားတာပဲ… အဲလိုစဉ်းစားတုန်းပဲရှိသေးတယ်..
Moderm ကို အခြား plug ပေါက်နဲ့ စမ်းကြည့်တော့ မရတော့ဘူးဗျို့…
သေတောင်သေချင်သွားတယ်…
အော်… COMPUTER သမားဖြစ်ရဖို့ ပေးဆပ်ရတာမလွယ်ပါလား…
အကြွေးတွေကလည်း တစ်ပုံတစ်ပင်…
ဒါတောင် စည်သူ၀၂၅ ကို FORUM အတွက် Web hosting ၀ယ်ခိုင်းထားသေးတယ်…
၀ယ်ပြီး ရခိုင်ထွက်သွားတယ်… Account Information တွေတစ်ခုမှ အခုထက်ထိမရသေးဘူး..
ဟိုမှာလည်း Internet ချိတ်လို့မရဘူးတဲ့…
သေတာသေချင်တယ်…. အခုတလောက ကံကို ဆိုးနေတာ..
ကြံဖန်ပြီးကံကောင်းတာကို ရှာကြည့်ရင်တော့
အခုထက်ထိ ရည်းစားမရှိသေးတာရယ်… ဘယ်သူမှ အကြွေးတွေကို အတင်းလိုက်မတောင်းတာရယ်…
အဲဒါလေးပဲဆိုလို့ရမယ်..
ဒီတစ်ခေါက် ပုဂံအတွက် မိဘကိုပဲ အကူအညီတောင်းရတော့မယ်…
Moderm ပြင်ဖို့ ပိုက်ဆံထွက်အုံးမယ်…
ပြင်လို့မရလို့… အသစ်၀ယ်ရင် သာပြီးကုန်အုံးမယ်…
Hosting ဖိုးကို စည်သူပြန်လာရင်ပေးရမယ်..
အဲဒါကိုတော့ အကြွေးပဲထားလိုက်တော့မယ်…
နောက်အဆင်ပြေမှ တဖြည်းဖြည်းဆပ်မယ်… ဟီး.. ဟိုကောင်တွေ့သွားရင်တော့…
Account Information ပေးချင်စိတ်ပျောက်သွားမလားမသိဘူး.. :)
အင်း… အခုလိုရေးလိုက်တော့လည်း စိတ်ညစ်တာလေးတွေ နည်းနည်းပျောက်သွားတယ်…
အခုချိန်မှာ တခြားအကြောင်း ရေးဖို့ မထွက်လာလို့ ဒီအကြောင်းပဲရေးလိုက်ရတာ..
နောက်မှ နည်းပညာအကြောင်းလေး ရေးအုံးမယ်..
ရေးဖို့ရှိပေမယ့်… စိတ်ညစ်လွန်းလို့ ထွက်မလာဘူးဖြစ်နေတာ… :(
CSS အကြောင်းကိုတော့ Forum မှာတော့ တစ်နေ့တစ်ခါရေးဖြစ်တယ်…
ဒီနေ့တော့ ရေးဖြစ်ဖို့ မသေချာတော့ဘူး…
ဟူး… ကံဆိုးတဲ့ နေ့ရက်များကုန်လွန်ပါစေလို့ ဆုတောင်းရင်း….


3 thoughts on “အခုတလော ကံဆိုးပြီးရင်း ဆိုးနေပါလား…

  1. အစက
    သားသားထင်ထားတာက
    စေတန်ဂေါ့ ဆိုတဲ့ အက်ဒမင်ကြီးက
    Broad Band Connection တစ်ခုခုနဲ့
    အင်တာနက်သုံးတာထင်လို့။
    Hight Speed ADSL သို့မဟုတ် IP Star သို့မဟုတ်
    Fibre Cable Line တစ်ခုခုလားလို့။

    လက်စသတ်တော့ ဒီလိုကိုး။
    တယ်မလွယ်ပါလား။
    ဘာပဲဖြစ်ဖြစ်ပေါ့လေ။
    ခြိုးခြံချွေတာ….ထိန်းပါလေလွင့်
    ထုတ်ကုန်မြှင့်ပေါ့။

    နောက်ဆုံး ပညာအဆင့် အရမ်းမြင့်လာရင်
    ကွန်ပျူတာ အတွက် လျှပ်စစ်ဓာတ်အား မလိုတော့ပါ။
    အင်တာနက်လိုင်းကြေးလဲ ပေးဖို့ မလိုတော့ပါ။
    မယုံမရှိနဲ့။ (ယုံမိရင်မှားမယ်။)
    မနောနဲ့ လုပ်လို့ရအောင်ကြိုးစား….အက်ဒမင်ကြီးရေ။

  2. နောက်ဆုံးတော့လည်း ရည်းစား မရှိသေးပါ ဆိုတဲ့ အကြောင်းကို ရှည်ရှည်လျားလျားရေးပြီး မဟုတ်သလိုလိုနဲ့ ကြေငြာတယ်ပေါ့လေ။ :D

  3. သားသား –> သားသားပြောသလိုဖြစ်အောင် အခုတလော တရားများများထိုင်ရမယ်… အခုတော့ နည်းနည်းမီးမှန်လာပြီ..

    သဥ္ဇာ –> ရည်းစားမရှိသေးပါလို့ ကြော်ငြာတာမဟုတ်ဘူး.. ရည်းစားရနိုင်ဖို့ကို မရှိတာ.. အဲဒီပိုင်းမှာ အဲလောက်တော်တာ အစ်မရေ… Computer က လွဲပြီး ဘာကိုမှ မသိတာ… အဲ ဗေဒင်ကိုတော့ နည်းနည်းလေးသိတယ်… ဟီး…

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>