ဧရာ Unicode 5.2

ကဲ… လာပြန်ပြီ… unicode နောက်တစ်ခုပါဗျာ။ ဘာပဲပြောပြော အားရဖို့ကောင်းတယ်။

ဧရာယူနီကုဒ် စာလုံးများသညေ် နောက်ဆုံးထွက် နိုင်ငံတကာယူနီကုဒ်စနစ် ၅.၂ အတိုင်း ပြုစုထားသော စာလုံးများ ဖြစြ်ပီး၊ ဤစာလုံးများ ဖြစ်ပေါ်ရေး အတွက် ပြည်တွင်း ပြည်ပြရှိ မြန်မာယူနီကုဒ်ပညာရှင်များ၊ မြန်မာဂရပ်ဖစ် ဒီဇိုင်းပညာရှင်များနှင့် တိုင်းရင်းသား ယူနီကုဒ် စာလုံးများကို လေ့လာ နေသော ထိုင်းနိုင်ငံ ချင်းမိုင် တက္ကသိုလ်ရှိ ပညာရှင်များက ပူးပေါင်း၍ ကြိုးပမ်းခဲ့ကြခြင်း ဖြစ်သည်။

လို့ရေးသားထားပါတယ်။ ဧရာ ဟာ ၅.၂ အသုံးပြုထားတဲ့အတွက် လက်ရှိ မြန်မာ ၃ ၊ ပုရပိုက် ၊ ပိတောက် တို့နဲ့တော့ ပြဿနာရှိပါတယ်။ ကျွန်တောှ သိသလောက်တော့ ၅.၂ မထွက်သေးပါဘူး။ ဒါပေမယ့် ဧရာမှာတော့ ကေ မဟုတ်တော့ပဲ ကေ လို့ပဲ ပြန်ထားတာကိုတွေ့ရတယ်။ ေ ကိုမရွှေ့တော့တဲ့အတွက် တောှတောှလေး ကောင်းသွားတယ်။ အဲဒါအပြင် ြ– တွေကိုလည်း နောက်မှာ မထားပဲ ရှေ့မှာ ပြန်ထားတာကိုတွေ့ရတယ်။  နောက်ပြီးတော့ မြန်မာ ၃ မှာ ြ– တို့ကို စက်ဝိုင်းလေးနဲ့ပြထားပြီး စာလုံးဝင်သွားမှ စက်ဝိုင်းလေး ပျောက်သွားတယ်လေ။ အဲ.. မြန်မာ ၃ ကို ဧရာ နဲ့ကြည့်ရင်တော့ အဲဒီ စက်ဝိုင်းတွေ မပျောက်ပဲ ပေါှနေတယ်။ သူက opensource ဖြစ်တဲ့အတွက် ဘာပဲပြောပြော သဘောကျပြီး ကြိုဆိုပါတယ်။

သူ့မှာ FAQ ပိုင်းထည့်သွင်းပေးထားတော့ မဆိုးဘူးပေါ့ဗျ။ ကရင် နဲ့ ရှမ်း ယူနီကုဒ်ကို ဆက်လုပ်ဖို့ရှိတယ်လို့လည်း ဖောှပြထားတာကိုတွေ့ရပါတယ်။ ကဲ.. ဘာပဲပြောပြော နောက်ထပ် အဖွဲ့တစ်ဖွဲ့ထပ်ပေါှလာတဲ့အတွက် ပိုပြီး မြိုင်သွားတာပေါ့။ ပြဿနာ တစ်ခုတော့ ရှိတယ်နောှ။ ဖြည့် ဆိုတဲ့စာက ပိတောက်နဲ့ ရေးထားတာကို ပုရပိုက် ၊ မြန်မာ ၃ နဲ့ ဖတ်တဲ့အခါမှာ –့–် ဖြစ်နေတယ်။ ပိတောက်နဲ့တော့ အဆင်ပြေတယ်။ အခု ဧရာ နဲ့ဆိုရင် ဖြ-  ပြောင်းသွားတယ်။ ၅.၂ ကပဲ ြ– ကိုရှေ့ပြန်ရွှေ့လိုက်တာလားတော့ မသိဘူး။ ဘာပဲ ပြောပြော စမ်းချင်ရင်တော့

http://www.ayarunicodegroup.org/

2 thoughts on “ဧရာ Unicode 5.2

  1. >>> ၅.၂ ကပဲ ြ– ကိုရှေ့ပြန်ရွှေ့လိုက်တာလားတော့ မသိဘူး။

    No, Ayar group making it themselves, Its not official, Unicode 5.2 version of Myanmar3, Parabaik, Padauk dont do that.

    >> ပုရပိုက် ၊ မြန်မာ ၃ နဲ့ ဖတ်တဲ့အခါမှာ –့–် ဖြစ်နေတယ်။

    your parabaik and myanmar3 is not unicode 5.2, thats why.

    the main different between 5.1 and 5.2 is the location of that dot below အောက်ကမြစ်

    /mark

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>