Ask Question in MZ User
7
ရေနံကုလားတွေ ငတ်ကိန်းလား
Posted February 19th, 2010 in News by saturngod
http://www.myanmar.mmtimes.com/2010/upper/454/upper01.html
ဖတ်ကြည့်လိုက်တော့ အံသြလို့မဆုံးနိုင်အောင်ပဲ။ ငယ်ငယ်က သင်ဖူးတဲ့စာကို ချိုးဖောက်ပြီး လုပ်ထားတယ်ဆိုတော့ အားပါးပါး တကယ်ကော ဟုတ်စလို့တောင် ထင်မိသေးတယ်။ တကယ်ဆိုရင်တော့ လက်ဖျားခါရုံတင်မဟုတ်ဘူး... ရေနံကုလားတွေ ကျိန်ဆဲမယ့်ဖြစ်ချင်း။ ကိုယ်ကလည်း နိုဘယ်ဆုအတွက် မကူညီနိုင်သလို နိုင်ငံတကာမှာ မှတ်ပုံတင်ဖို့ကလည်း ဘာမှမကူညီနိုင်။ မြန်မာတစ်ယောက်က ဒီလိုလုပ်တယ်ဆိုတာကို သိအောင် ပဲ blog ပေါ်မှာ ဖွတာလောက်ပဲကူညီနိုင်တော့ ဒါလေးပဲ ကူညီရတာပေါ့။
နောက်ပြီး အဲဒီအတွက် English လို ရေးထားတာလေးတွေ ရှိရင်ကောင်းမယ်။ အခြားသူတွေကိုလည်း ပြရတာပေါ့။ ဟုတ်မဟုတ်တော့ မသိသေး။ ဒေါက်တာ စိန်မြင့် နာမည်ပါလာတော့ အစက ၄၀% လောက်ပဲယုံရင်တောင် လူက ၆၀% တော့ ယုံသွားတယ်။ ကျန်တဲ့ ၄၀% က ကမ္ထာက အသိအမှတ်ပြုပြီးမှ ယုံတော့မယ်။ ဘာပဲပြောပြော မြန်မာနိုင်ငံကြီး မီး ၂၄ နာရီလာဖို့အိမ်မက်ကြီး ထပ်မက်နိုင်ပြီပေါ့။ ကြည့်ရတာ အဲဒီ နည်းပညာက တကယ်အလုပ်ဖြစ်မယ်။ ကုန်ကျစရိတ်လည်း သက်သာမယ်ဆိုရင် ရေနံကုလားကြီးတွေ အဲလူကို လူငှားပြီး သတ်ခိုင်းမလားတောင် မသိဘူး။ အိုးဘာမားကြီး ဘီလံချီတဲ့ project ကြီးလည်း ရပ်ဆိုင်းလိုက်ရတော့မလားလို့တောင် ပေါက်ကရ တွေးမိနေလေတော့သည်။
7 Responses so far.
  1. Jehovah says:
    မြန်မာအတွက်သာမက ကမ္ဘာအတွက်ပါ အကျိုးရှိစေမယ့်နည်းလမ်းပါ။
    နိုင်ငံခြားနိုင်ငံတွေက နည်းပညာတွေနှင့် ဖလှယ်နိုင်မဲ့ အခွင့်အလမ်းတခုပါ
  2.ုkilo says:
    တကယ်ကောင်းတဲ့ သတင်းဘဲ ... loss energy ပုစ္ဆာလေး တွက် ကိန်းမှားဘီ
  3. ya Naung says:
    Do you know about Theory of Superconductivity?. There are alot
    of theories in the world. We can't know everything. I am nit saying I believe this news. Listen again and agin what other people said.
    Thanks
  4. ya Naung says:
    Thanks for your reply.
    For Theory, I think just not enough youtube.
    1. Superconductivity
    2. Solid state physics
    3. Electronic Physics.
    I mean there are lot of things what we can't understand.
    Again, I am not saying this news is true.
    I think, he should prove with maths equation if his effort is true. The reporter didn't write clearly.
    rgds,
    YN
  5. Kham says:
    Isn't completely contradicting the "Law of Conservation of Energy"?
  6. Diamond Heart says:
    You can't get something from nothing. Efficiency can't greater than 100%. Sounds like it is better than nuclear fusion reactor.
Leave a Reply