Cheer!!! လင်းနစ်

အခု mail ထဲကို ရောက်လာလို့ ဝမ်းသာသွားတယ်။ လင်းနစ် အဲဒီ အခွေကို လုပ်နေတာ တော်တော်ကြာပြီ။ ရန်ကုန်မှာတုန်းက လက်ဖက်ရည်ဆိုင် ဂီတာတီးပြီး ကျွန်တော်တို့ကို သီချင်းဆိုပြတဲ့အချိန်တွေကို သတိရမိတယ်ဗျာ။ သူ ဒီအခွေကို အရမ်းအပင်ပန်းခံပြီး လုပ်ခဲ့ရတာ။ Producer အဆင်မပြေတာနဲ့ နောက်ပြီး ဆိုချင်တဲ့ သီချင်းက သီချင်းရေးဆရာ သေသွားလို့ ဇာတ်လမ်းရှုပ်မှာစိုးလို့ ဆိုပြီး မထည့်လိုက်ရတဲ့ သီချင်းနဲ့ တော်တော်လေးကို အပင်ပန်းခံပြီး လုပ်ခဲ့ရတာ။ ဒီ Album လေးက ကျွန်တော် ဒီကို မရောက်ခင်ကတည်းက သူလုပ်နေတာ။ တော်တော်လေးတော့ ကြာနေပါပြီ။ ဘာပဲ ပြောပြော ကိုလင်းနစ်ရေ… Cheer!! ဗျာ… ကျွန်တော် အမှန်အကန် အခွေ ဝယ်ပြီး အားပေးမယ်ဗျာ… ရန်ကုန်က ကိုကိုရဲ ကို အခွေဝယ်ခိုင်းထားပြီး လက်မှတ်ထိုးခိုင်းထားလိုက်မယ်.. :)

အားလုံးမင်္ဂလာပါ
ကျွန်တော့်ရဲ့ ဒုတိယ တစ်ကိုယ်တော် စီးရီး နာရီလက်တံ ကို 28.2.10 မှာစတင်ဖြန့်ချီပါမယ်။
1. HAPPY WORLD 1(ကန်တော်မင်္ဂလာ) မှာ နေ့လည် ၁ နာရီ
2. စိန်ဂေဟာ (လှည်းတန်း) မှာ ညနေ ၄ နာရီ
3. ညနေ ၆ နာရီ မှာ HAPPY WORLD 3(မြေနီကုန်း) တို့မှာ အသီးသီး လက်မှတ်ထိုး ပွဲတွေ လုပ်ပါမယ်။
ကျွန်တော် နဲ့ အတူ အခြား အနုပညာ သူငယ်ချင်း မောင်နှမတွေ လက်မှတ်ထိုး ပြီး သီချင်းတွေနဲ့ ဖျော်ဖြေ မှာပါ။

အခွေမှာပါတဲ့ သီချင်းတွေကတော့
တေးရေး

1. ကွင်းစကွင်းပိတ်ထဲက (လူ) လင်းနစ်
2. ဂစ်တာမတီးတော့တဲ့ညတွေ လင်းနစ်
3. အိပ်မက်ကပွဲ လင်းနစ်
4. နှလုံးသားချင်းထိတွေခဲ့တယ် အောင်းလာ ( Feat: ဝိုင်းစုခိုင်သိန်း )
5. အာလူးစားသူများ လင်းနစ်
6. ငါမသိလိုက်တဲ့ကောင်းကင် လင်းနစ်
7. အသည်းကွဲ ဒီဇင်ဘာ D ယံ
8. ဟန်နီ စံပီး
9. အချစ်ဦး လင်းနစ်
10. နွေလယ်အိပ်မက်ဆိုး လင်းနစ်
11. ညမင်းသား V နိုထွန်း
12. အမြဲတမ်း အေရွန် ( Feat: ချမ်းချမ်း )
13. နွေလယ်အိပ်မက်ဆိုး (Instrumental)

Band : SoUnd SqUare
K B : Kyaw Zay Ya , Drum : Perje’ , Bass :Myat Moe, Guitar : Saw Yan Naing.
Harmony : Jubal

နောက်တစ်ပုဒ်အနေနဲ့ ကျွန်တော့် ရဲ့ 2nd album နာရီလက်တံ ထဲ က သီချင်းအေးအေးလေး တစ်ပုဒ်ပါ။
နှစ်သက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

13 thoughts on “Cheer!!! လင်းနစ်

    • LOL!!! လင်းနစ် က အဆိုတော်လေဗျာ.. ဒီဇင်ဘာည အဆိုတော်ပေါ့… ရေကျော်မှာ လက်ဖက်ရည်ဆိုင် ညဘက်ထိုင်ရင် တွေ့နေကျ… ဝင်းဒိုး ဆိုတဲ့ အဆိုတော် နဲက မက်စ် ဆိုတဲ့ အဆိုတော်တွေတော့ မရှိသေးဘူး…

  1. i really love ur songs…..so i wish for u ‘ur future fill with everything u dreamt of’.
    try the best…u’ll succeed!
    see u around…. :) :P

  2. လင်းနစ်ဆိုတဲ့ နာမည်က Linux ကနေယူထားတာလား။ ဟုတ်သလိုလိုမလို မေးကြည်တာပါ။ အဆိုတော်လင်းနစ်ကကော IT သမားပဲလား။

    • မဟုတ်ပါ။ လင်းနစ်က Linux ဆိုတာကို ကျွန်တော်တို့နဲ့ တွေ့မှ ကြားဖူးတာပါ။

  3. မနှစ်mzပွဲညက ရွှေဘဲမှာ သီချင်းဆိုပြတာ သတိရတယ်..
    ဘာဖြစ်ဖြစ် လင်းနစ် ကြိုက်ပြီးသားပဲ
    အစစ်အမှန် အားပေးလိုက်ဦးမယ်..

  4. အခွေထွက်ရင် လက်တို့လိုက်ဦးဗျာ၊ ကျနော်လည်း လင်းနစ် ကိုကြိုက်တယ်၊ အားပေးရမှာပေါ့…

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>