Docs.com

Microsoft က facebook connect ကို သုံးပြီးတော့ docs.com ဆိုပြီး ဖန်တီးထားပါတယ်။ Google Docs ကို ပြိုင်ဖို့ထင်ပါရဲ့။ Facebook Social Graph  API ကို အပြည့်အဝ သုံးထားတဲ့ site လို့တောင် ဆိုရမလားပဲ မသိဘူး။ ကျွန်တော်ကတော့ Google Docs ထက် ပိုသဘောကျတယ်။ အထူးသဖြင့် excel ပေါ့။ Google Docs မှာ SpreadSheet သုံးရတာ သိပ်ပြီး သဘောမတွေ့လောက်ဘူး။ Google Docs ထက်စာရင် Docs excel လေးက ပိုကောင်းသလိုပဲ။ နောက်ပြီး real time collaboration လည်း လုပ်လို့ရတယ်။ facebook account ရှိရုံပဲ။ facebook ထဲက သူငယ်ချင်းတွေကိုလည်း ကိုယ်ရေးထားတာတွေကို edit လုပ်ခွင့် view လုပ်ခွင့် permission တွေပေးလို့ရတယ်။ နောက်ပြီး ကိုယ့်မှာရှိတဲ့  Word, Excel, Powerpoint file တွေကိုလည်း upload တင်ထားလို့ရတယ်။

GUI က ရိုးရှင်းပြီး သုံးရတာ လွယ်ကူတယ်။ Function တွေကတော့ application လောက် မစုံပေမယ့် သုံးပျော်ပါတယ်။ Word နဲ့ Excel ကို Google Docs ထက်ပိုသဘောကျပေမယ့် Powerpoint ကိုတော့ သဘောမကျဘူး။ အရမ်း Plain ကြီးဖြစ်နေတယ်။ Animation တွေလည်း ထည့်လို့မရဘူး။

http://www.docs.com

မှာ သွားရောက်စမ်းသပ်လို့ရတယ်။ beta version တုန်းကတော့ သူတို့ approve ကို စောင့်ရတယ်။ အခုတော့ ဘယ်လိုလဲတော့ မသိဘူး။ ကျွန်တော်ကတော့ ဒီနေ့မှ Approve ရတယ်။ Facebook F8 မှာ ကြေငြာကတည်းက ဝင်ထားတာ ဒီနေ့မှ approve ရလို့စမ်းဖြစ်တာ။ Social Layer + Microsoft Office ဆိုတော့ Google Docs ကို ကောင်းကောင်ယှဉ်နိုင်တယ်လို့ ဆိုလို့ရမယ်။ ဒါပေမယ့် Microsoft က Facebook နဲ့ ပေါင်းပြီး ဒီလို လုပ်တာ နည်းနည်းနောက်ကျနေသလိုပဲ။ အခုအချိန်မှာ Google Docs ကို Enterprise သုံးနေတဲ့ Company တွေက တော်တော်များပါတယ်။ Docs လည်း ဘယ်အချိန် Enterprise version ဆိုပြီး လုပ်အုံးမလဲတော့ မသိဘူး။ အခုအချိန်ထိတော့ free ပဲ။

3 thoughts on “Docs.com

  1. သူက facebook နဲ့ မှ ၀င်လို့ ရတာ ဆိုရင်တော့ ကျောင်းတွေ မှာ သုံးလို့ ရမှာ မဟုတ်
    လောက်ဘူးနော် အစ်ကို။ ကျွန်တော်တွေ့ ဖူးသမျှ ကျောင်းအများစုကတော့facebook
    ကို banned ထားကြတာ များတယ်ဗျ။

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>