Fixed Myanmar font problem in iOS 6.1 Beta 5

ဒီနေ့ ထွက်တဲ့ iOS 6.1 beta 5 မှာတော့ မြန်မာစာပါရင် iOS လေးသွားတဲ့ ပြဿနာကို ပြင်ထားပြီးသား ဖြစ်နေတာကို တွေ့ရပါတယ်။ UIWebView , UITableView နဲ့ စမ်းကြည့်တာ အားလုံး အဆင်ပြေပါတယ်။ email တွေမှာ မြန်မာစာ ပါရင် iOS 6 မှာလို လေးသွားတာ မရှိတော့ပါဘူး။ Facebook App မှာလည်း မြန်မာစာ ပါရင် ဖွင့်မရတာ မရှိတော့ပါဘူး။ iOS 6.1 beta 5 လို့ဆိုပေမယ့် code name က တော့ final ပါ။ iOS 6.1 ကို apple က မကြာခင်မှာ public လုပ်တော့မှာ သေချာသလောက်ပါပဲ။ ဖေဖော်ဝါရီလ ပထမ အပတ်မှာ iOS 6.1 ကို release လုပ်မယ်လို့တော့ မျှော်မှန်းထားတာပဲ။

iOS 6.1 ထွက်ပြီး update လုပ်တဲ့ အချိန်မှာ အခုလို မြန်မာစာ ပြဿနာတွေ မရှိပဲ အသုံးပြုနိုင်ပါတယ်။ သို့ပေမယ့် လေးထောင့် အတုံးလေးတွေပဲ မြင်ရနေအုံးမှာပါ။


9 thoughts on “Fixed Myanmar font problem in iOS 6.1 Beta 5

  1. Nay Min

    Hi Admin, how to solve Myanmar font problem in Facebook using iPad 3 with iOS 5.1.1 . (I.e between Myanmar font always come out square) please suggest me. Thanks a lot.

    Reply
  2. Daniel Thein Than Winn

    iPhone 5 iOS 6.1 ကို Jailbreak လုပ်လိုက်တယ်။ Keyboard မှာ “း” ပေါက်နေရာမှာ ‘ ဖြစ်နေတယ်။ ရေးလိုက်ရင်တော့ “း” ပေါ်တယ်။ ပြီးတော့ ” ါ်” အတွက် Key မရှိဘူး။ “ေ” ကရေးရင် မပေါ်ဘူး။ Post လိုက်ရင်တော့ မြင်ရတယ်။ Facebook မှာဖတ်တော့ “ေ” က ပေါ်ချင်ပေါ်တယ်။ မပေါ်တာလဲရှိတယ်။ “တ” လဲ အဲ့လိုပဲ။ “တ”က လေးထောင့်တုံးတွေပြတယ်။ ပေါ်တာလဲရှိတယ်။ အချိန်ရရင် ကြည့်ပေးပါ။ ကျေးဇူးပါပဲ။

    Reply
  3. Aung Maw

    After jailbreaking iPhone 5 (iOS 6.1) with Evasi0n yesterday, Zawgyi font display is having some issues – like Yayit and tha-way-htoe are not displaying properly, sometime totally disappear, sometime showing rectangle, etc. I would appreciate if you could kindly look into it if you have time, please. We all need your kind help to read Myanmar Blogs and News in Zawgyi font correctly. Thanks in advance.

    Reply
  4. ios user

    အစ်ကိုရေ
    ios 6.1 ကို jailbreak လုပ်ပြီးပါပြီ
    မြန်မာကီးဘုတ် သွင်းလို်က်တဲ့အခါ iphone မှာ ပြသနာဘာမှ မရှိပေမယ့် ipad မှာ potrait position မှာ ကီးဘုတ်မှာ ကီးတစ်ချို့ပျောက်နေပါတယ် ကီးဘုတ်တစ်ခုလုံးစာမြင်ရပါတယ်၊ စာလုံးတစ်ချို့ပဲ ပျောက်နေတာပါ landscape position ပြောင်းလိုက်မှ မြန်မာ ကီးဘုတ်ကို အပြည့် မြင်ရပါတယ်.. ကျနော်များတစ်ခုခုမှားသွင်းမိလို့လားဗျာ
    ကျေးဇူးပါ

    Reply
  5. Thiha Aung

    HTC CEO said that Myanmar font is difficult to integrate with software because there is no international registration for MM font.

    I am confuse that there are few of MM unicode fonts. Are they International standard? Are they ready for Window ,OSX , iOS and Android?

    Those r not Questions. Just confusion in my mind. I wonder that i found they support not popular language like Nepal or something like that… BUT Why not MYANMAR????

    Reply
    1. saturngod Post author

      Myanmar Unicode is International standard and most people are not using.

      Now , Myanmar Unicode already include in Mac , Linux and Windows 8.

      HTC CEO may refer Zawgyi. Zawgyi is de facto standard and widely use in Myanmar. But it’s not standard.

      Reply

Leave a Reply