Google Android Netbooks

နောက်ဆုံးတော့ google လည်း OS လောကထဲ တိုးဝင်လာပါပြီ။ Netbooks တွေအတွက် MS က Windows 7 Starter Edition စီစဉ်ထားပေမယ့် google ကတော့ $100 ကနေ $200 ကြား Netbooks ထုတ်ချလိုက်ပါပြီ။ Mac ကလည်း Netbooks ထုတ်ဖို့ ပြင်ဆင်နေတယ်လို့တော့ ဖတ်လိုက်ရပါတယ်။ Free & Opensource ဖြစ်တဲ့ Android က handphone သာမဟုတ်တော့ဘူး အခု netbooks လောကထဲပါ တိုးဝင်လာပြီဆိုတော့ တော်တော်လေးကို စိတ်ဝင်စားဖို့ကောင်းလာပြီ။ အရောင်လှလှလေးတွေနဲ့ ထုတ်ထားပါတယ်။ ရနိုင်တဲ့ အရောင်တွေကတော့ Pink, Yellow, Red, Black and White ဆိုတဲ့ အရောင်တွေပါ။ စျေးလည်းသက်သာတယ်။ ဒါပေမယ့် ရရှိနိုင်တဲ့ feature တွေကတော့((http://blogs.computerworld.com/first_google_android_netbooks_spotted))

ဘာပဲပြောပြော Netbooks လောက က စိတ်ဝင်စားဖို့ကောင်းလာအမှန်ပဲဗျ။ မကြာခင်မှာ Mac ထွက်လာမယ်လို့ သတင်းတွေကလည်း ကြားနေရတယ်။ လက်ရှိ Android Netbooks မှာ SD/MMC ကို အဓိက ထားသုံးရမယ့်ပုံပဲ။ 1 GB ပဲ ပါတော့ external ကိုပဲ အဓိက ထားသုံးရမယ့်ကိန်းပဲ။ အဓိကတော့ internet ကြည့်ဖို့ အတွက်ပဲ ထုတ်ထားတာဖြစ်နိုင်တယ်။

လက်ရှိမှာ Google က online မှာတင် စာစီစာရိုက် ၊ presntation ၊ video စတာတွေ ပေးထားပြီးသားလေ။ file stroage အတွက် Gmail Drive လည်းရှိပြီသားပဲ။ Music Editing ပဲ လိုတော့တာ။ အပျင်းပြေသုံးလို့ရတာ တော်တော်များများက online ပေါ်ရောက်နေပြီလေ။ ဒါကို ထုတ်ဖို့ အရင်ကဟာတွေ ထုတ်ထားတာလား။ အရင်ကဟာတွေကြောင့် ဒါကို ထုတ်လိုက်တာလားတော့ မသိဘူး။

4 thoughts on “Google Android Netbooks

  1. google လည်း စီးပွားရေးသိပ်မကောင်းတော့နယ်ချဲ့လာပြီထင်တယ်

  2. Hi Saturn,
    Really, this is not the product of Google although it uses Andriod. How to say, …like the computers which use windows OS are not a product of Microsoft. This netbook is just a hack of china company Skytone. There is also another prototype nettop by I-Buddie.

    I think the most interesting part of this netbook is using ARM core processor rather than Intel or AMD.

    Ckeers,

    KAung

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>