iPad will arrive in Sg soon

အခုပဲ ဖတ်လိုက်ရတယ်။ July 23 ဆိုရင် iPad Singapore မှာ ဝယ်လို့ရတော့မယ်။ စလုံးက iCrazy တွေ ဘယ်လိုလာမလဲမသိ။ စလုံးကတော့ တော်တော်များများ Apple သုံးတာ များတယ်။ DevFest သုံးတာ လာတဲ့သူတွေ တော်တော်များများက Macbook Pro တွေနဲ့ iPhone , Android တွေနဲ့ ပဲ။ အဲ.. Android ဆိုလို့ Google ကနေ Android ဝယ်လို့မရတော့ဘူးဗျ။ Google က order ကို ပိတ်လိုက်ပြီ။ ထပ်ဝယ်လို့မရတော့ဘူး။ လိုချင်လွန်းလို့ပါဆိုရင်တော့ Android Developer Account $25 ပေးပြီး ဝယ်လို့တော့ ရသေးတယ်။ Eurpoe နဲ့ South Korea မှာတော့ Partner တွေက ဆက်လက်ရောင်းချမယ်လို့ ဆိုထားတာပဲ။ ကဲ… ဒီလ iPad လာမှာကတော့ သိပြီးသားပဲ.. iCrazy တွေ ပိုက်ဆံလုံလောက်ရဲ့လားဗျို့… ကျွန်တော်ကတော့ စဉ်းစားဆဲပဲ… iPad လေး ဝယ်ပြီး One Piece , Naruto Manga လေး ဖတ်ရင်တော့ မဆိုးဘူးပဲ ။ တော်တော်လေး ရည်မှန်းချက်ကြီးတာနော်။ ကဲ… iPad လာတော့မယ် ။ စလုံးက iCrazy ဘယ်လို လာမလဲ စောင့်ကြည့်တာပေါ့။ သောကြာနေ့ညဆိုတော့ Nubox ကို သွားကြည့်လိုက်အုံးမယ်ဗျာ။ jailbreak လည်း ရတယ်ဆိုတော့ iPad ကို စိတ်ဝင်စားနေတာတော့ အမှန်ပဲ။

http://www.apple.com/pr/library/2010/07/19ipad.html

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>