iPhone အသစ်ထဲမှာ Feature တွေအများကြီး ပါဝင်လာပါတယ်။ အခု သဘောကျတဲ့ feature ကတော့ digital compass1 ပဲ။ ဘယ်သူမှ မကြံဘူးသေးတဲ့ နည်းပညာပဲ။ Phone ထဲမှာ ဘာထည့်ထားပြီး ဘယ်လို program ရေးထားလဲမသိဘူး။ တော်တော်လေးကို ကောင်းတယ်။ အရင်တုန်းကလည်း game မှာ ကားကွေ့တာကို ဖုန်း စောင်းတဲ့ ပေါ်မှာ မူတည်ပြီး ကွေ့တာလည်းကို ထုတ်ပြခဲ့တယ်။ game တွေကို အပြင်မှာ ဘောလုံးလေး အပြားတစ်ခုခုပေါ်တင်ထားသလို လိုက်ထိန်းလို့ရအောင် လည်း ထုတ်ပြခဲ့တယ်။ ဘယ်သူမှ မလုပ်ဘူးတဲ့ အရာတွေကို apple က ခဏခဏ ထုတ်ပြနေကြပဲ။ အခုလည်း digital compass။ game အတွက်က wave sensitivity နဲ့လုပ်ထားတယ်လို့ ကြားဘူးတယ်။ အခု compass ကကော ဘာနဲ့လုပ်ထားလဲမသိဘူး။ အဲဒါလေးကို သဘောကျနေတာ။ iphone အသစ်မှာလည်း copy paste တွေ ပါလာတာ တော်တော်လေးကို အဆင်ပြေသွားတာပဲ။ ခက်တာက iphone မပြောနဲ့ GSM တောင် မရှိတဲ့ဘဝ
- http://www.apple.com/iphone/iphone-3g-s/maps-compass.html [↩]