MZ Server will change soon

MZ server 18 ရက်နေ့ဆိုရင် expire ဖြစ်ပါပြီ။ Grid Server ($20/month) ကနေ VE server ($30/month) ကို ပြောင်းဖို့ အစီအစဉ်ရှိပါတယ်။ ဒါကြောင့် file တွေ backup လုပ်ရမှာရယ် နောက်ပြီး upload ပြန်တင်ရမှာတွေကြောင့် ၁ ရက် ၂ ရက်လောက်တော့ Ornagai , MZ စတာတွေ သုံးလို့ရမှာမဟုတ်ပါဘူး။ လက်ရှိ MZ server ပေါ်မှာ ရှိနေတဲ့ site တွေကတော့

http://blog.ornagai.com

http://code.mysteryzillion.org

http://edu.mysteryzillion.org

http://mysteryzillion.org

http://ornagai.com

http://wiki.mysteryzillion.org

အဲဒီ site တွေ ဝင်လို့ရမှာ မဟုတ်တော့ပါဘူး။ ပြောင်းမယ့် နေ့ရောက်ရင် ထပ်ကြေငြာပါ့မယ်။ သောကြာနေ့ ညလောက် ပြောင်းဖို့ အစီအစဉ် ရှိပါတယ်။ hosting အသစ်နဲ့ အတူ MZ 2.0 အတွက် ရေးထားတဲ့ user.mysteryzillion.org ပါလာမှာပါ။ လုံးဝ user တွေ သီးသန့်အတွက်ပါ။ ဥပမာ။။ jailbreak ဘယ်လိုလုပ်ရလဲ။ virus ထိနေလို့။ စတဲ့.. စတဲ့… လုံးဝ enduser တွေအတွက် သီးသန့် site လေးပါ။ Beta version တော့ ရေးပြီးပါပြီ။ MZ 2.0 မိတ်ဆက်ကအတိုင်းပေမယ့် feature တွေတော့ အကုန်မပါသေးပါဘူး။ အဲဒါလေးရအောင်ပါ ve server ပြောင်းလိုက်ရတာပါ။

gridserver က ၁ လကို $20 ပေးရတယ်။ ve ပြောင်းမယ်ဆိုရင် ၁ လကို $30 ပေးရမယ်။ $10 ပဲကွာမယ့် အတူတူ ve ပဲပြောင်းလိုက်တော့မလို့။ လက်ရှိ gs မှာက ဟိုဟာလုပ်မရ ဒီဟာလုပ်မရနဲ့ တော်တော် စိတ်ညစ်ဖို့ ကောင်းတယ်။ ဒါကြောင့် full root ရတဲ့ ve ကို ပြောင်းဖို့ ဆုံးဖြတ်လိုက်တာ။ အဲ.. hosting အလှုငွေက လင်းဇော်ဝင်းဆီက $3.35 နဲ့ ကိုထိုက်မင်း ဆီက $10 ရထားတာပဲ ရှိပါတယ်။ hosting ဖိုးကတော့ ကိုယ့်ဘာသာပဲ ကိုယ်ပေးလိုက်တော့မယ်။ Ornagai ရောင်းတဲ့ ပိုက်ပိုက်က အခုထက်ထိ မဝင်သေးပါ။ Apple ဘယ်တော့မှ လွှဲမလဲမသိ။ သူ့report ထဲမှာတော့ $99 တောင် မပြည့်သေးဘူးပဲ။ report တွေက နေ့စဉ် ရောင်းအား report နဲ့ monthly report ရှိတာ monthly report နဲ့ နေ့စဉ် ရောင်းတဲ့ report က လုံးလုံး မကိုက်။ ဘာလို့ မှန်းလည်း မသိ။ Apple လုပ်သမျှ ကိုယ်က ခေါင်းငုံခံနေရသလိုပဲ။ ကဲ.. ဒါတွေ ထားပါလေ… hosting ပြောင်းခါနီး ကြိုကြေငြာပါအုံးမယ်….

လက်ရှိ saturngod က exiter နဲ့ အတူတူ ဝယ်ထားတဲ့ hosting ကပါ။ MZ hosting နဲ့မဆိုင်ပါဘူး။ ဒါကြောင့် blog နဲ့ macforus ကတော့  down မှာမဟုတ်ပါဘူး။ ကဲ… ပိုက်ပိုက်ကုန်ဖို့ အားတင်းထားရအုံးမယ်.. Django နဲ့ MongoDB လည်း online ပေါ်မှာ စမ်းလို့ရမှာပါလို့ မျှော်လင့်ရင်း…

4 thoughts on “MZ Server will change soon

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>