Nokia Lumia 800 with WP 7.5

Nokia Lumia 800 ကို စမ်းပြီး သုံးကြည့်တော့ မဆိုးဘူးလို့ ဆိုရပေမယ့် ကောင်းတယ်ဆိုတာတော့ မဟုတ်ပြန်ဘူး။ Nokia Lumia 800 က Windows Phone 7.5 Mango ကို အသုံးပြုထားပါတယ်။ Hardware quality က တော့ ကောင်းတယ်လို့ ဆိုရပေမယ့် camera quality ကတော့ iPhone 4s လောက် မကောင်းပါဘူး။

ကောင်းတဲ့ အချက်နဲ့ မကောင်းတဲ့ အချက်ကို ယှဉ်ကြည့်ရင်တော့

- c# , silverlight developer တွေ လွယ်လွယ်ကူကူ App ရေးလို့ရတဲ့အတွက် နောက်ပိုင်းမှာ App တွေ များလာနိုင်ခြေရှိတယ်။
- Metro UI က iphone , android တို့နဲ့ ကွဲပြားခြားနားပြီး ခံစားမှု အသစ်ဖြစ်စေတယ်။
- Hardware quality ကတော့ camera က လွဲရင် မဆိုးဘူးလို့ ဆိုရမယ်။ Hang သွားတာတွေ အလိုလို ပိတ်သွားတာတွေ မရှိဘူး။ သုံးရတာ စိတ်ချမ်းသာတယ်။
- Zune ကနေ synchronize လုပ်ရတော့ virus ပြဿနာ ခေါင်းစား စရာ မလိုတော့ဘူး။ တနည်းပြောရင် iphone လို iTunes ကနေ sync လုပ်ရသလိုမျိုးပေါ့။
- facebook နဲ့ ချိတ်ထားပြီး phone no. တွေ အလွယ်တကူ sync လုပ်လို့ရတာလေးကတော့ မိုက်တယ်။ လူတွေရဲ့ profile photo တွေကိုတော့ facebook က profile ပုံပြပေးတာလေးကို သဘောကျတယ်။

မကြိုက်တာလေးတွေကတော့

- app တွေ မရှိဘူး။ iPhone မှာ မဖြစ်မနေ သုံးဖြစ်တဲ့ gothere.sg , POSB , LINE , Viber , dropbox , wunderlist … စတာတွေ မရှိဘူး။
- iOS နဲ့ ယှဉ်ရင် Game ကောင်းကောင်းတွေ မရှိသလောက်ပဲ။
- emoji keyboard မပါဘူး။
- အခုအချိန်မှာ သိသလောက်ကတော့ phone ကို developer unlock ရပေမယ့် phone ကို full access မရပါဘူး ။ xap ပဲ သွင်းလို့ရတာပါ။ နောက်ပြီး font သွင်းမရ​သးပါဘူး။ ဒါကြောင့် မြန်မာလို မြင်ရမယ့် ကိစ္စ မဖြစ်နိုင်သေးဘူး။
- windows phone 7 IE မှာ @font-face အလုပ်မလုပ်ဘူး။ ဒါကြောင့် မြန်မာစာတွေကို လုံးဝ မြင်ရမှာ မဟုတ်သေးဘူး။
- bing search နဲ့ bing map က google search နဲ့ map လောက် မကောင်းတာကတော့ အမှန်ပဲ။

windows phone 7.5 ကြော်ငြာ youtube video လေးကို အောက်မှာ ကြည့်ရှုနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>