Oh! Ubuntu 10.04 and iPhone SDK 3.2

ဒီနေ့ကတော့ download ဆွဲရတဲ့နေ့လို့ ဆိုရမလားပဲ။ Ubuntu 10.04 လည်း ထွက်ပါပြီ။ ထို့အတွက် iPhone SDK 3.2 ကိုလည်း download ချလို့ရပြီ။ အရင်က Developer license ရှိသူတွေပဲ download ချလို့ရခဲ့ပေမယ့် အခုတော့ download ဆွဲလို့ရသွားပြီ။ နောက်လလောက်ဆိုရင် developer license ဝယ်ရင်ကောင်းမလား စဉ်းစားနေတာ။ လုပ်စရာတွေ များများစားစားမရှိပေမယ့် ဒီအတိုင်း ကလိနေတာ distribute လုပ်လို့မရတော့ အလကားပဲလိုလို ဖြစ်နေတယ်။ အင်း ၉၉ ဒေါ်လာဆိုတော့လည်း နှမြောမိတယ်။ :D ဘာပဲပြောပြော ဝင်လိုက်ဖို့ကတော့ များပါတယ်။ ဝင်လိုက်မှပဲ သေသေချာချာ ရေးဖြစ်မယ်ထင်တယ်။ အခုက စိတ်ကူးပေါက်ပြီး ရုံးက prototype လေး လုပ်ခိုင်းမှ ထထ ရေးဖြစ်နေတာကတော့ မဟုတ်သေးဘူးထင်တာပဲ။

Ubuntu 10.04 ကတော့ Mac ပုံစံကို တော်တော်လေး တုထားတာပဲ။ အင်းလေ။ သူတို့လည်း ပိုပိုလွယ်လာအောင် လုပ်လာတာပဲ။ GUI ကိုတော့ ညရောက်မှပဲ သွင်းဖြစ်တယ်။ ရုံးမှာကတော့ ကိုယ့် Parallel နဲ့ Run ထားတဲ့ server ကိုတော့ 10.04 upgrade လုပ်လိုက်ပြီ။ server က တင်ထားတာ git host လေး စမ်းမယ်ဆိုပြီး စမ်းလည်း မစမ်းဖြစ်ဘူး။ Virtual Server လေးတင်ထားတော့ VPS တစ်လုံး ဝယ်စရာမလိုပဲ စမ်းစရာရှိတာတွေ စမ်းလို့ရတာလေးတော့ မဆိုးဘူး။ domain တွေ ဘာတွေလည်း စမ်းလို့ရတော့ အဆင်ပြေတယ်။ Linux ကတော့ PHP Web Developer တွေ အနေနဲ့ လေ့လာထားသင့်တဲ့အရာတစ်ခုပဲ။ PHP ဆိုရင်တော့ Apache နဲ့က အဆင်တော်တော်ပြေတယ်။ အားရင်တော့ hip hop PHP ကို စမ်းကြည့်အုံးမယ်။ အခုထက်ထိ တော့ ဘာမှန်းမသိသေးဘူး။ hip hop PHP ကို။ Github မှာတော့ activities တွေ တွေ့နေရတာပဲ။


7 thoughts on “Oh! Ubuntu 10.04 and iPhone SDK 3.2

  1. Linux ကို လေ့လာချင်ရင် ဘာကနေ စလေ့လာရမလဲ။

    • Linux ကို download ချပြီး သွင်း။ ပြီးရင် လုပ်ချင်တာကို google ကနေ ရှာပဲ။

  2. linux and windows တွဲတင်ထားချင်တယ်။ စမ်းတာမအောင်မြင်လို့

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>