Ornagai English To Myanmar, Myanmar To English ကို iPhone/ iPodTouch တွေမှာ သုံးလို့ရပါပြီ။ မြန်မာစာ search အတွက် syllable breaking , normalization တွေမသုံးထားတဲ့ အတွက် search ပိုင်းကတော့ ကောင်းမှာမဟုတ်ပါဘူး။ ဒါပေမယ့်လည်း အသုံးတော့ တည့်ပါတယ်။ အခုဟာက wedictpro 1.0 ကို အသုံးပြုထားတာပါ။ ကျွန်တော့်အနေနဲ့ stardict မှာ သုံးတဲ့ dict လေးထည့်ပေးလိုက်တာပဲရှိတယ်။ လိုအပ်ချက်တွေကတော့
- Jailbreak
- Installous
How to install Installous ?
(copy from http://atomicdevelopment.net/blog2/2009/10/22/ipod-touch-3-1-2-firmware-jailbreak-guide-burmese/)
၁. အင်တာနက်ချိတ်ပြီး Cydia ကို ဖွင့်ပါ။
၂. Manage > Sources > Edit > Add ကို သွားလိုက်ပြီး “http://cydia.hackulo.us” လို့ ထည့်လိုက်ပါ။
၃. ပြီးရင် search ကိုသွားပြီး installous လို့ ရိုက်ထည့်ပြီး installous ကိုရှာ။ ပြီးရင် install လုပ်လိုက်ပါ။
၄. Springboard ပေါ်မှာ installous ကို တွေ့ပါလိမ့်မယ်။
Download IPA Here (1.8MB)
အဲဒါကို SFTP နဲ့ \private\var\mobile\Library\Downloads\ မှာ တင်လိုက်ပါ။ Installous ကို ဝင်ပြီး Download ကနေ install လုပ်လိုက်ရင်ရပါပြီ။ ပြီးရင် Spring Board မှာ WeDictPro ဆိုတာ ပေါ်လာပါလိမ့်မယ်။ တကယ်လို့ ပေါ်လာရင် restart ချလိုက်ပါ။ ပြန်တက်လာရင် ပေါ်လာတာကို တွေ့ရပါမယ်။
ကျွန်မ iphone မှာ ဘယ်လို သွင်းရမလည်း မသိဘူး။ ကျေးဇူးပြု၍ အသေးစိတ် ရေးပြပေးပါ။ ကျေးဇူးတင်ပါသည်။
you need jailbreak for this. If you don’t have jailbreak, you can buy from http://itunes.apple.com/us/app/ornagai/id376579933?mt=8 . Free version will release soon.
ကိုစေတန်ခင်ဗျာ……
ခရက်တစ်ကဒ်မရှိပဲ app store မှာ မြန်မာနိုင်ငံမှဝယ်လို့ရတဲ့နည်းများရှိပါသလားခင်ဗျာ…..
တစ်ခြားဝယ်လို့ရတဲ့နည်းလေးရှိရင် မေးကနေဖြစ်စေ အကြောင်းပြန်ပေးပါ့
လားခင်ဗျာ…ဥပမာ..ကိုစေတန်ဆီကိုငွေလွှဲပြီး ဝယ်ရင်တော့ရနိုင်ပါသ
လား…ကူညီပေးပါအုံးခင်ဗျာ…ဒါမှမဟုတ် အဲဒီမှာapp store မှာဝယ်လို့ရနိုင်မဲ့ ဒေါ်လာ $100 or $50 ဂစ်ကဒ်လိုမျိုး
်ရှိရင်လည်း လိုချင်ပါတယ်ခင်ဗျာ ကိုကြိုက်တာလေးတွေဒေါင်းချင်လို့ပါ…ငွေလွှဲပေးပါ့မယ်ခင်ဗျာ…..
ကိုစေတန်တို့ရဲ့ တို့ရဲ့ကြိုးစားမှုကို အားပေးချင်ပေမဲ့
မြန်မာနိုင်ငံမှာခရက်တစ်ကဒ်မရနိုင် ၊ဂစ်ကဒ်လည်းဝယ်မရ
တော့ အခက်တွေ့နေရတယ်ခင်ဗျာ……
ဖြစ်နိုင်မယ်ဆိုရင်ကူညီပေးပါခင်ဗျာ….
အထူးကျေးဇူးတင်လျှက်…
လင်းနိုင်
ornagai က free version လာပါတော့မယ်။ Apple က approve မလုပ်သေးလို့ပါ။ free version တင်ထားပါတယ်။ app တွေ ဝယ်ချင်ရင်တော့ မလွယ်ဘူးဗျ။ Card မရှိရင်တော့ မရဘူး။ Gift card ကတော့ ကျွန်တော်လည်း မသုံးဖူးဘူး။
Gift card နဲ့ သုံးပေါ့…သုံးလို မတတ်ရင် youtube မှသွားကြည့်လေ..
free account တော့ လုပ်လို့ရတယ်ဗျ။ app တွေဆိုလဲ free ပေးထားတဲ့ဟာတွေရပါတယ်။
အခုလိုပြန်လည်ဖြေကြာပေးတဲ့အတွက် ကိုစေတန်ကိုအရမ်းကျေးဇူးတင်ပါတယ်ခင်ဗျာ
ကျေးဇူးပါပဲဗျာ…
Saturn can i install with 91 PC Suite?
only on app store
ကိုုထိန်လင်းရေ
ငါ့ဖြင့် ရဘူးဗျာ။ SFTPက Cyberduckကိုု သုုံးလုုပ်တာ။ မင်းပြောတဲ့အတိုုင်း တစ်သွေးမတိမ်း အထပ်ထပ် အခါခါ ကြိုးစားကြည့်တာပဲ။ အဆင်ပြေဘူးဗျာ။ Installous/ Downloadအောက်မှာ ဘာဖုုိင်မှမတွေ့ရဘူး။ ခဏခဏ စမ်းလုုပ်နေတာပဲ ဘယ်လုုိမှကိုု အဆင်မပြေလိုု့ပါ။ အခြား App Storeကဟာတွေကြတော့လဲ ဦးဇင်းဖုုန်းက 2Gဆိုုတော့ ဗာရှင်း 3.1.3ထိပဲ တင်လုုိ့ရတော့ အဆင်မပြေလုုိ့ပါ။ ဘာလွဲနေတာလဲ မသိဘူးနော်။
စေတန်ရေရရရရရရရရရရရရရရရရရရရရရရရရရရရ
ရပဟ။
ကျေးဇူးဗျာ။ ကျေးဇူးဗျာ။ အလွန့်အလွန် ကျေးဇူးဗျာ။
ဒီတစ်ခါတော့ အဖြေမပေးတဲ့အတွက် ကျေးဇူးတင်သဗျာ။
မြန်မာ တူ အင်္ဂလိပ်ရော အင်္ဂလိပ် တူ မြန်မာပါ ပါသဗျ။
ဒီအိုုင်ဖုုန်းက ရွှေပြည်ကြီးပြန်ရောက်ရင် MP4 သာသာပဲ အသုုံးကြတော့မှာမိုု့ တန်ကြေးရှိအောင် လုုပ်နေတာ။
တစ်ပါတ်လောက် ကြာသဟ။
စကြိုးစားကတည်းက ရေတွက်ရင်တော့ နှစ်လလောက်ကြာတယ်။
သညာသိတော့ သိသွားပြီဗျို့။ SSHတိုု့ SFTPတိုု့။
ကျေးဇူးဗျာ။
ငါ ပျော်ရွှင်ရသလိုု မင်းလဲ ပျော်ရွှင်ပါစေဗျာ။ ငါ မင်းအပေါ် တန်ဖုုိးထားလေးစားသလုုိ လူသားအားလုုံး သက်ရှိအားလုုံး မင်းအပေါ် တန်ဖိုုးထား လေးကြပါစေ။ မင်းစေတနာတွေ လူသားအားလုုံး နားလည်ကြစေ။
ဘုုန်းတော်ကြီး
ညက ရေးထားတဲ့ comment ဆိုတော့ မသိလိုက်ဘူး ဖြစ်သွားတယ်။ ရသွားရင်တော့ ဝမ်းသာပါတယ်ဘုရား။ ပေးတဲ့ဆုနဲ့ ပြည့်ပါစေ။
အကို…iOS 5 မှာမရဘူးပေါ့ zawgyi keyboard မှမရှိသေးတာ