Ornagai English To Myanmar, Myanmar To English ကို iPhone/ iPodTouch တွေမှာ သုံးလို့ရပါပြီ။ မြန်မာစာ search အတွက် syllable breaking , normalization တွေမသုံးထားတဲ့ အတွက် search ပိုင်းကတော့ ကောင်းမှာမဟုတ်ပါဘူး။ ဒါပေမယ့်လည်း အသုံးတော့ တည့်ပါတယ်။ အခုဟာက wedictpro 1.0 ကို အသုံးပြုထားတာပါ။ ကျွန်တော့်အနေနဲ့ stardict မှာ သုံးတဲ့ dict လေးထည့်ပေးလိုက်တာပဲရှိတယ်။ လိုအပ်ချက်တွေကတော့
- Jailbreak
- Installous
How to install Installous ?
(copy from http://atomicdevelopment.net/blog2/2009/10/22/ipod-touch-3-1-2-firmware-jailbreak-guide-burmese/)
၁. အင်တာနက်ချိတ်ပြီး Cydia ကို ဖွင့်ပါ။
၂. Manage > Sources > Edit > Add ကို သွားလိုက်ပြီး “http://cydia.hackulo.us” လို့ ထည့်လိုက်ပါ။
၃. ပြီးရင် search ကိုသွားပြီး installous လို့ ရိုက်ထည့်ပြီး installous ကိုရှာ။ ပြီးရင် install လုပ်လိုက်ပါ။
၄. Springboard ပေါ်မှာ installous ကို တွေ့ပါလိမ့်မယ်။
Download IPA Here (1.8MB)
အဲဒါကို SFTP နဲ့ \private\var\mobile\Library\Downloads\ မှာ တင်လိုက်ပါ။ Installous ကို ဝင်ပြီး Download ကနေ install လုပ်လိုက်ရင်ရပါပြီ။ ပြီးရင် Spring Board မှာ WeDictPro ဆိုတာ ပေါ်လာပါလိမ့်မယ်။ တကယ်လို့ ပေါ်လာရင် restart ချလိုက်ပါ။ ပြန်တက်လာရင် ပေါ်လာတာကို တွေ့ရပါမယ်။
wifi လိုလားမသိဘူးဗျ အနော်ဟာက ဝိုင်ဖိုင် အယ်ရာပြနေတယ်
ဘယ်လိုမှ ချိတ်မရလို့
ဝိုင်ဖိုင် လိုတယ်ဆိုရင်တော့ ငတ်ပီ
Yes,internet လိုပါတယ်ဗျာ။
ကိုစေတန်ရေ
ကျွန်တော့်iphoneမှာ english to myanmar ပဲရတယ်၊ မြန်မာစာ search မရလို့ပါ။ ဘာလိုလုပ်ရပါမလဲ?
Why!! Are you using latest ipa ? Download the latest and try again. You also need zawgyi keyboard package for that.
အပေါ်ကပေးထားတဲ့ Download link က ipa သွင်းထားတာ file size က 1.03M ပါ။ ဇော်ဂျီ keyboard package and font လဲသွင်းထားပြီးသားအစ်ကို။ကျေးဇူးပြုပြီး latest ipa ရဲ့link လေးရေးပေးပါဦး၊
မြန်မာလို ဘယ်လို ရှာမရတာလဲ။ ရှာရင်ကော dictionary ၂ ခု မတွေ့ဘူးလား။ ပုံမှန်အားဖြင့် ornagai(en-mm) နဲ့ ornagai (mm-en) ဆိုပြီး ပေါ်ပါတယ်။ ပုံကို ကြည့်ပါ။ မြန်မာစာ search မရပါဆိုတာ ဘာကိုပြောမှန်းနားမလည်ပါ။
http://www.saturngod.net/wp-content/gallery/ornagai-iphone/IMG_0044.PNG
မှာလို dictionary ၂ ခုပေါ်နေရမှာပါ။
ornagai(en-mm) ornagai(mm-en) ဆိုပြီးမပေါ်တာပါ။
ဥပမာ-search နေရာမှ ရေတံခွန် လို့ရိုက်လိုက်ရင်
ornagai
ရေတံခွန်
Not found!
လို့ပြတာပါ၊ ornagai(en-mm)နဲ့ornagai(mm-en)ဆိုပြီး၂ခုမပြတာပါ၊
download again that link and install again. You are not latest version.
download ပြန်ဆွဲပြီး install ပြန်လုပ်ပြီးပြီ ဒါလဲမရသေးလို့၊ Firmware နဲ့ဆိုင်မလားမသိဘူးနော် အခုကျွန်တော် firmware 3.1.2 သုံးနေတာပါ၊
Remove WeDictPro and restart the phone. And then install it and restart again.
ကျွန်တော့် server cache ကြောင့် ဖြစ်မယ်ထင်တယ်။ အခု အဟောင်းကိုတော့ ပြန်ဖျက်ပြီး ပြန် upload တင်ထားတယ်။ ပြန်စမ်းကြည့်ပါအုံး။ အစ်ကို့ဟာက 1.3 MB ဆိုတော့ မဟုတ်ဘူးဗျ။ ပြန်ပြီး ဆွဲကြည့်ပါအုံးဗျာ။ ကျွန်တော် ညတုန်းကတော့ သေချာတင်ထားတာပဲ။ အခုပြန်ဖျက်ပြီး ပြန်တင်ထားတယ်။
ကျမဆီမှာလည်း english to myanmar ပဲရှာလို့ရတယ်။
myanmar to english ၇ှာလို့မရဘူးဖြစ်နေတယ်။
ornagai(en-mm) ornagai(mm-en) လို့လည်းမပေါ်ဘူးဖြစ်နေတယ်။
ဖွင့်လိုက်ရင် plain ကြီးပဲပေါ်တယ်။
အဲဒါဘယ်လိုလုပ်ရမလဲပြောပြပေးစေချင်ပါတယ်။
Size က 1.8 MB ရှိရမယ်ထင်တယ်။ ပြန်ပြီး download ချကြည့်ပါလား။ မြန်မာနိုင်ငံကဆိုရင်တော့ cache ခံနေလို့လားမသိဘူး။ IDM နဲ့ဖြစ်ဖြစ် download manager နဲ့ ဖြစ်ဖြစ် download ချကြည့်လိုက်ပါ။ ကျွန်တော့် server က cache ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ size က 1.8 မဟုတ်ရင်တော့ မဟုတ်ပါဘူးခင်ဗျာ။ 1 MB ဖြစ်နေရင်တော့ ကျွန်တော် စမ်းထားတဲ့ version ကြီးဖြစ်နေပါတယ်ဗျာ။
3GS Firmware 3.1.2 ပါ
အဆင်ပြေသွားပါပြီရှင့်။ကျေးဇူးတင်ပါတယ်။
အခုလင့်အသစ်နဲ့မှာအဆင်ပြေသွားတယ်။
အခုပြန်ဆွဲတော့1.87MB ပါ။ install ပြန်လုပ်ပြီးပြီ အားလုံးအဆင်ပြေသွာတယ်။
Ya… Great!!! Sorry, for take your precious time. It’s my server problem and may be uploading is not completed at night.
ကိုစေတန်ရေ SFTP ဆိုတာ ဘာကိုဆိုလိုတာပါလဲ
read http://blog.atomicdevelopment.net/2009/02/03/how-to-install-zawgyi-on-jailbroken-ipodiphones/
အစ်ကိုရေ private\var\mobile\Library\Downloads\
လို့ အကိုရေးထားတာတွေ့ပါတယ် ကျွန်တော့်မှာ DOwnloads ဖိုဒါမရှိတော့ ဘယ်ထဲ ထည့်ရမှာလဲ ခင်ဗျာ…. နောက်ပြီး installous က မေးခွန်းတွေဘဲ မေးနေတယ် ၀င်မရဘူး ခင်ဗျာ…
should read how to install installous and how to install ipa
http://blog.atomicdevelopment.net/2009/07/20/ipod-touch-jailbreaking-ultimate-guide-in-burmese/
ပြီးရင်တော့ အပေါ်မှာ ကျွန်တော် ပြထားတဲ့ SSH ဒါမှမဟုတ် Total Commander ကို သုံးပြီးတော့ download လုပ်ထားတဲ့ .ipa ဖိုင်ကို အောက်မှာ ပြထားတဲ့ directory ထဲကို ထည့်လိုက်ပါ။ ပြီးတဲ့အခါကျရင် Installous ကို ဖွင့် ပြီးတော့ download ကို သွားလိုက်ရင် ခုနက ထည့်လိုက်ရင် .ipa ကို တွေ့ရပါမယ်။ Tap လုပ်ပြီး install လုပ်လိုက်ရုံပါပဲ။
\private\var\mobile\Library\Downloads\
Installous က Apps တွေကို iTunes နဲ့ Sync လုပ်ချင်တယ်ဆိုရင် Cydia ကနေ AppSync for OS 3.0 ဆိုတာကို သွင်းထားသင့်ပါတယ်။
ကျနော်နည်းနည်း၀င်လျှာရှည်အုံးမယ် ကိုစေတန်ရေ။ခွင့်ပြုပါ။
bluespiderရေ
installous နဲ့အဆင်မပြေရင်appcakeသုံးကြည့်ပါလား။ သူလည်းသုံးလို့ကောင်းတယ်။cydia ကနေ source ကိုသွားပြီး cydia.iphonecake.com ကို add လိုက်ပြီး install လုပ်ရင်ရတယ်။
install လုပ်ပြီးရင် springboard မှာ appcake ဆိုပြီး ကြယ်ပုံစံ icon တွေ့လိ်မ့်မယ်။
ပြီးရင်ကိုစေတန်ပြောသလို SSH ဒါမှမဟုတ် Total Commander ကို သုံးပြီးတော့ download လုပ်ထားတဲ့ .ipa ဖိုင်ကို အောက်မှာ ပြထားတဲ့ directory ထဲကို ထည့်လိုက်။
\var\mobile\Media\Appcake\Upload
ပြီးတဲ့အခါကျရင် appcake ကို ဖွင့် ပြီးတော့ download ကို သွားလိုက်ရင် ခုနက ထည့်လိုက်ရင် .ipa ကို တွေ့ရပါမယ်။ Tap လုပ်ပြီး install လုပ်လိုက်ရုံပါပဲ။
တခုပြောဖို့ကျန်သေးတယ်။ SSH ကိုအသုံးပြုမယ်ဆိုရင် တခုတော့သတိထားစေချင်ပါတယ်။ ikee ဆိုတဲ့ virus အလွယ်တကူဖုန်းထဲကို၀င်ရောက်နိုင်ပါတယ်။
ဒါကြောင့်သူ့ရဲ့မူရင်း root password ကိုတော့ပြန်ချိန်းဖို့လိုအပ်ပါတယ်။
ဒါကတော့ကိုစေတန်ကိုမေးပါ။ကျနော်ဒီလောက်ဆိုတော်တော်လျှာရှည်သွားပြီ။
ခွင့်လွှတ်ပါဗျို့။
ခင်မင်စွာဖြင့်
ကိိုကို
Thank ကိုကို
You’re welcome bro !
ကျွန်တော် နည်းနည်းသိချင်လို့မေးပါရစေ ကိုစေတန်။
iphone အတွက် ထွက်တဲ့ GPS applications တွေထဲမှာ garmin မပါလို့ tom tom (or) Sygic ထဲ ကိုမြန်မာပြည်မြေပုံ ဘယ်လိုအစားထိုးလို့ရမလဲ သိပါရစေ။
I don’t know. You should ask Map company in Myanmar. I don’t know about Map.
ဟီးဟီး.. ကျတော်ကတော့ mz မှာ ကျတော်တင်ထားတဲ့ပို့စ်အတိုင်းပဲ..
လက်စွဲဖော်.. 91 iPhone PC Suite ကိုပဲ သုံးပီး Install လုပ်ပါတယ်ခင်မျာ.. ဟိးဟိး..
—————–
mm2en ထွက်လာတဲ့အတွက်လဲ အရမ်း၀မ်းသာပါတယ်ဗျာ..
အစ်ကိုရေ ကျွန်ာတေ်ာပြောတာက \private\var\mobile\Library\ အောက်မှာ download မရှိဘူးပြောတာပါဗျာ… မရှိတော့ ထည့်လို့မရဘူး
ကိုကိုပြောတဲ့ applecake ကလဲ ရဘူး iphone မဟုတ်လို့ထင်တယ်…
add လိုက်တာ reboot ဖြစ်သွားလို့ blackrain ပြန်လုပ်ရသေးတယ်…
တခြားနည်းလေးပေးပါအုံးလားခင်ဗျာ ကျွန်တော် ipod က 3.1.2 မို့လို့ပါ
မရှိရင် ကိုယ့်ဘာသာကိုယ် Download ဆိုပြီး Folder ဆောက်ပြီး ထည့်လိုက်ပေါ့။ ပြီးရင် Installous ကို ဝင်။ download ကိုသွားပြီး သွင်းလိုက်ရုံပဲလေ။
Everything is Ok. Thanks. Good app.
download ဆွဲပြီးရလာတဲ့ ဖိုင်က .ipa ဖိုင်မဟုတ်ဘူး zip ဖိုင်ဖြစ်နေတယ် အဲဒိ zip ဖိုင်ကိုသွင်းထားလဲ installous ထဲ က download မှာမတွေ့ဘူး please help me
http://www.macforus.com/ipa/WeDictPro.ipa Why you told it’s zip ? Yes, it can extract with Win rar and zip.
အစ်ကိုရေ ကိုကိုပေးတဲ့ appcake က ဒီနေ့ စမ်းတာအောင်မြင်သွားပါပြီ ကျေးဇူးပါ..
အဘိဓါန်အတွက်ကျေးဇူးပါ…..
အကိုရေ၊
ကျေးဇူးပါနော်၊ အသုံးတည့်ပါတယ်ဗျာ။ အခုပဲ iPhone မှာ run ကြည့်ပြီးသွားပြီ၊ အဆင်ပြေတယ်ဗျ။
ကျနော့်ဖုန်းကversion 3.1 ပါ၊ipa file က installious ထိရောက်ပါတယ်၊installလုပ်လိုက်တော့ပြီးခါနီးမှာ unable to.. ဆိုပြီး ပြီးသွားပါတယ်၊spring board မှာလဲမပေါ်ပါဘူးခင်ဗျာ။restart လည်းချပါတယ်၊ဇော်ဂျီလည်းသွင်းထားပါတယ်၊ဘယ်လိုလုပ်ရပါမလဲခင်ဗျာ။
Dirty Install မလုပ်ထားလို့ဖြစ်ပာလိမ့်မယ်။ Installous ရဲ့ setting ကနေ dirty install ကို ရွေးပေးထားဖို့ လိုပာတယ်။
အစ်ကိုပြောသလို dirty ကိုရွေးလိုက်တာသုံးလို့ရပါပြီခင်ဗျာ၊ကျေးဇူးတင်ပါတယ်။ phone ထဲကိုdoc fileတွေ၊ pdf file တွေ ထည့်လို့ရမယ့် pc suite software download link တစ်ခုလောက်လိုချင်လို့ပါ၊ကျနော်သုံးတဲ့ pc suite က image,video,တွေဘဲထည့်လို့ရလို့ပါ၊ဖုန်းထဲမှာ ifileနဲ့quick office ရှိပါတယ်၊ကျေးဇူးပါခင်ဗျာ၊