Ornagai iPhone app 1.5 idea

Ornagai iPhone app မှာ data တွေ update ထည့်ဖို့အတွက် app ကို ၁ လ ၁ ခါ update လုပ်နေရတယ်။ တကယ်လို့ bug fix လုပ်ထားတဲ့ app မဟုတ်ခဲ့ရင် Data အတွက် သီးသန့် Update လုပ်နေရမှာပေါ့။ နောက်ပြီး web ပေါ်မှာလို နောက်ဆုံး Data ကို ဘယ်လိုလုပ်ရနိုင်မလဲ။ အခုခေတ်ဟာ Cloud ခေတ်ကို ရောက်နေပြီ။ Ornagai app ဟာ ဘာလို့ Web ပေါ်ကနဲ့ sync လုပ်လို့မရမှာလဲ။

ဟုတ်ပါတယ်။ Ornagai iPhone app 1.5 မှာ web ပေါ်ကနေ တိုက်ရိုက် sync လုပ်လို့ရမယ့် နည်းလမ်း ပါဝင်လာသင့်ပြီ။ User တစ်ယောက်က Web ပေါ်မှာ တင်လိုက်တယ်။ Admin က စာလုံးစစ်ပြီး Approve လုပ်လိုက်တယ်။ iPhone user တွေက sync လုပ်လိုက်တာနဲ့ နောက်ဆုံး Users တွေ ထပ်ဖြည့်ထားတဲ့ စာလုံးတွေ iPhone App ထဲ ရောက်လာမယ်။ နောက်ဆုံး Data တွေ အမြဲ update ရနေရမယ်။

ကျွန်တော့်အနေနဲ့ Sync အတွက် iPhone App တစ်ခုတည်းအတွက် မလုပ်ချင်ဘူး။ Ornagai API ကို သုံးပြီး Ornagai Data အသုံးပြုထားတဲ့သူတွေ အားလုံး sync လုပ်လို့ရဖို့လိုတယ်။ Cloud ခေတ်ကြီးထဲမှာ sync ဆိုတဲ့ စကားလုံးက အထူးအဆန်း မဟုတ်တော့ပါဘူး။ ဒါကြောင့် Ornagai app ကလည်း ဘာလို့ web နဲ့ တိုက်ရိုက် sync လုပ်လို့မရမှာလဲ။ 1.5 မှာ sync feature ထည့်ဖို့ ဆုံးဖြတ်ထားပါတယ်။ အဲဒီ အတွက်တော့ code ကို ထပ်ဖြည့်ရေးရမယ်။ API မှာလည်း ထပ်ဖြည့်ရမယ်။

ကျွန်တော် ဖြစ်စေချင်တာက လက်ရှိ Ornagai Data သုံးထားတဲ့သူတွေ အားလုံး web ပေါ်က latest data ကို sync လုပ်ဖို့ရရေးပါ။ ဒါကြောင့် Database ပိုင်းကို ကျွန်တော် ပြန်စဉ်းစားဖို့လိုလာပါတယ်။ iPhone app တစ်ခုတည်းအတွက်ဆိုရင် ကိစ္စမရှိပေမယ့် အခြား app တွေအတွက်ပါ ထည့်သွင်းစဉ်းစားကြည့်ဖို့ လိုလာပါပြီ။ ဒါကြောင့် 1.5 က နောက်လ အတွင်းမှာတော့ ထွက်နိုင်အုံးမှာမဟုတ်သေးပါဘူး။ သို့ပေမယ့်  Ornagai App 1.5 က လက်ရှိ version 1.4 ထက် များစွာ သာလွန်ကောင်းမွန် သွားမှာကတော့ အမှန်ပါပဲ။


3 thoughts on “Ornagai iPhone app 1.5 idea

  1. မင်္ဂလာပါ စေတန်ဂေါ့.. ကျနော်ဒီနေ့မနက်ပဲ apps store ကနေ ဝယ်လိုက်တယ်၊ jailbreak လုပ်စရာ မလိုဘူးလို့ ဖတ်မိပေမယ့် မြန်မာ font မပေါ်ပဲ လေးထောင့်တုံးပေါ်နေပါတယ်။ ဘယ်ပို့စ်မှာ ဒီအကြောင်းရေးထားသလဲ သိချင်ပါတယ်။ ကျေးဇူးပါ။

    • iOS4 ကို update လုပ်ဖို့လိုပါတယ်။ iOS 4 မှာမှ font embed ရလို့ပါ။ blog.ornagai.com မှာ ရေးထားပါတယ်။ နောက်ပြီးတော့ comment တွေမှာ ဖြေပေးပါတယ်။ ornagai နဲ့ ပတ်သက်တဲ့ ပြဿနာတွေကို ကျွန်တော့် blog contact us ကနေ တဆင့် မေးနိုင်ပါတယ်။ Ornagai အတွက် သီးသန့် support site လည်း လာပါလိမ့်မယ်။

  2. တကယ်ကောင်းတဲ့.. idea ပဲကိုစေတန်ရေ့..။ JB လုပ်တာတောင် ဘာပီစီမှမလိုတော့ဘူး..။ Apple က iDevice တွေကတော့ သီချင်း sync လုပ်ဖို့တောင် iTunes နဲ့ computer လိုနေတုန်းပဲဗျ..။ LOL.. :D

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>