Ornagai on app store

Ornagai iPhone app ကို apple app store မှာ ဝယ်လို့ရပါပြီ။ English To Myanmar Dictionary ဖြစ်ပြီး မြန်မာစာ အတွက် jailbreak လုပ်ဖို့မလိုပါ။ နောက်ပြီး ၁ လ ၁ ကြိမ် data update များ လုပ်သွားမှာ ဖြစ်ပြီး feature အသစ်များ ထပ်ဖြည့်သွားမှာပါ။ Lite version ကို free ပေးဖို့အတွက်လည်း ကြိုးစားနေပါတယ်။ မကြာခင်မှာ free ရတဲ့ Lite version ပါ app store မှာ တင်နိုင်အောင် ကြိုးစားနေပါတယ်။

Ornagai Project မှာ $1 ပါဝင် ကူညီတဲ့အနေနဲ့ iPhone app ကို ဖြစ်နိုင်ရင် ဝယ်ယူပေးကြပါ။ ( $1 လို့ ဆိုပေမယ့် $0.70 ပဲ ရပါတယ်။ 30% က apple store ကို ပေးရပါတယ်။ )

http://itunes.apple.com/us/app/ornagai/id376579933?mt=8

27 thoughts on “Ornagai on app store

  1. ကျနော်အခုပဲ app store ကနေ ၀ယ်လိုက်ပါတယ်..။ တကယ်တော့.. ကျနော့်အတွက် jailbreak version (webditpro, stardict)က ပိုအဆင်ပြေပါတယ်။ မြန်မာ-အင်္ဂလိပ်ပါလို့ပါ..။ ဒါပေမယ့်.. ကိုစေတန်က(၀ါသနာအရပဲဆိုဆို) ဖန်တီးပေးသမျှ အခန့်သားယူသုံးနေရတာ.. အားနာပါတယ်။ အခုလို ၀ယ်ယူခွင့်ရတာ ကျေးဇူးပါပဲဗျာ..။ စကားမစပ်.. အခုကျနော်စမ်းသုံးကြည့်တာ အားလုံးအဆင်ပြေပါတယ်။ Loading လည်းသွက်တယ်။ နောက်ပိုင်း ဒေတာတွေလည်း ပိုပြည့်စုံလာမယ်လို့ ထင်ပါတယ်..။ ဥပမာ.. football .. :D ကျနော်လည်း ကမ္ဘာ့ဖလားကြည့်နေရင်းနီးစပ်ရာစာလုံးလေးတွေ လိုက်ရိုက်ကြည့်တာ အဲဒီကောင်ပါမလာဘူးဗျ..။

    • ဟုတ်။ ကျွန်တော် ornagai.com က data တွေ လစဉ် update လုပ်ပေးသွားပါမယ်။ အခုလို အားပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. အရမ်းအားပေးချင်ပေမယ့် online bank account မရှိလို့ lite version ပဲစောင့်ရတော့မယ်.

  3. ကျွန်တော်ဝယ်မလို့စောင့်နေတာ.. အခုတော့ အိုကေသွားဘီ.. အခုလိုလုပ်ပေးတာ ကျေးဇူးတင်ပါတယ်.. နောက်ဒီထက်မက နည်းပညာတွေ ဖြန့်ဝေနိုင်ပါစေ..

  4. ဆရာရယ် ရက်စက်ပါပေ့ 3.1.3 version မှာပဲအလုပ်လုပ်တယ်တဲ့
    တောက် ရင်နာလိုက်တာ 3.1.3 ကို update လုပ်လိုက်ရင် နာ့ရှိတာလေးတွေ ကုန်သွားဦးမယ်
    ရှိပါစေတော့ကွယ်

  5. Cheer !!!
    ဟ ဟ .. ပထမဆုံး iphone အတွက် Apple Store ကိုပိုက်ဆံပေးလိုက်ပါတယ်။
    ငါမင်းအတွက်ဂုဏ်ယူပါတယ်သူငယ်ချင်းရေ…..
    များများထပ်ပြီးထုတ်နိုင်ပါစေ…
    သုံးကြည့်တော့…တော်တော်မြန်တာပဲ…
    auto character suggest တော့မပါသေးဘူးနော်…. ဟီးဟီး
    (လိုချင်တာတွေကများတယ်ကွယ်)

    • တဖြည်းဖြည်းတော့ ဖြည့်သွားပေးပါမယ်။ :D auto character suggest က ဘယ်လိုရေးရမှန်းကို မသိတာ :D အားပေးတဲ့အတွက် ကျေးဇူးပဲ..

  6. အရမ်းကို၀ယ်ချင်တာပေါ့ဗျာ။App store မှာပထမဆုံး၀ယ်တဲ့ app အနေနဲ့ကို၀ယ်ချင်တာ။၀ယ်စရာပိုက်ဆံ ကိုမရှိတာ။အော် မြန်မာနိုင်ငံမှာ နေရတဲ့ဘ၀က တဒေါ်လာတန် app လေးကို ၀ယ်နိုင်ရဲ့သားနဲ့ ၀ယ်ဖို့ပိုက်ဆံမရှိတဲ့ဘ၀။ဘ၀က ခါးတယ်ဗျာ။

  7. မျှော်နေတာကြာပြီဗျ။ မနေ့ညကမှ တွေ့လိုက််လို့ ချက််ချင်းပဲ၀ယ်လိုက်တယ်။ မြန်မာလူငယ်တွေအနေနဲ့ ထိုးထိုးဖောက်ဖောက်် လုပ်နိုင်တာကို ၀မ်းသာလွန်းလို့ရယ်။ လိုအပ်နေတဲ့ (အထူးသဖြင့် မျှော်နေတဲ့ )အရာလေးမို့လို့ ၀မ်းသာတာနဲ့ ချက််ချင််း၀ယ်လိုက်တာ။ ဒီနေ့မနက်တော့ စမ်းကြည့်သေးတယ်။ auto character suggest တစ်ခုလိုနေတယ်။ နောက်ထပ် ဒေတာတော်တော်များများ စုံလာရင် ပိုကောင်းမယ်လို့ တောင့်တမိတယ်။ အဲဲဒါပြောတာပေါ့နော် ရလေလိုလေ အိုတစ္ဆေ ဆိုတာ ဟားဟား :) လမကုန်ခင် update ရရင်ပိုကောင်းမယ် ထင်တယ်ဗျို့။ :)

  8. Hey ! Where can I download for this cracked app? Installous? I am just kidding. I’ll denfitely buy it from appple store

      • ကိုစနေရေ..ခင်မင်စွာလရောက်လာခဲ့ပါတယ်..
        အကို့ရဲ့ အိုင်ဖုန်း အဘိဓါန်ကိုလဲ ပန်းသီးစတိုမှာ အားပေးခဲ့ပါတယ်…
        ခုဖြစ်နေတာက sony ericssion Xperia X8 မှာ မြန်မာလို့ ဖတ်လို့မရဘူးဖြစ်နေလို့ပါ အင်တာနက်သုံးတာကတော့အရမ်းမြန်ပါတယ်
        ဒါပေမဲ့ခက်တာက မြန်မာလိုဖတ်လို့မရတာပါပဲ စဉ်းစားကြည့်လိုက်တော့ ကျွန်တော်လို့လို ရေခြားမြေခြားရောက်နေတဲ့ သူတွေအတွက်တော့ အကို့ကိုပဲပြေးမြင်မိတယ်လေ.. အဲဒါအကိုအနေနဲ့ Market မှာပဲတင်တင် ဒါမှမဟုတ်ပဲ free ပေးမယ်ဆိုရင်လည်း အတိုင်းထက်အလွန်ပေါ့နော.. ဟဲဟဲ.. directionary ကတော့ရပါတယ်. apk ဖိုင်လေးကိုဒေါင်းလိုက်လို့အဆင်ပြေပါတယ် ခင်ဗျာ.. အကိုပြန်စာကိုစောင့်နေပါ့မယ်.. အမြဲတမ်းအကို့အောင်မြင်ပါစေ.
        အောင်မြင်မှုအတွက်လဲ ဂုဏ်ယူလျှက်ပါ.. ကျေးဇူးတင်လျက် ညီငယ်..ထွန်းထွန်းလင်း

  9. အရမ်းကိုဝမ်းသာမိပါတယ်အကိုရေ..
    Post ကိုဖတ်ပြီးတာနဲ ဝယ်ပစ်လိုက်တယ် သူငယ်ချင်းတွေကိုလဲ လက်တို့လိုက်တယ်..
    တခြားတခြားသော app ကိုလဲ မျှော်နေပါတယ် ကောင်းနိုးရာရာလေးတွေပေါ့..
    ခက်တာက ကျွန်တော့ဖုန်းကို os 4 တင်လိုက်တယ် rapid share ကရလို့ beta ထင်ပါတယ် ပြီးတော့သုံးကြည့်တော့အဆင်ပြေပါတယ် ဒါပေမဲ့ Downgrade လုပ်လို့မရတော့ဘူး.. ဆိုတော့က မြန်မာစာ ဖတ်လို့မရတော့ဘူးဖြစ်နေတယ် web ကြည့်ရင်ပေါ့..ဘယ်လိုလုပ်ရတယ်ဆိုတာသိရင်ပြောပြပေးပါလားခင်ဗျာ။
    ပြီးတော့ထက်ပြီးစောတကတက်လိုက်ဦးမယ် Zawgyi ကို apple မှာ officially မဖြစ်နိုင်တော့ဘူးလား?

    • Zawgyi က မရပါဘူး။ ဘာလို့လည်းဆိုတော့ Apple iPhone OS ရဲ့ မူရင်း font ကို crack ထားလို့ပါ။

  10. Congratulation ပါ။
    ၀ယ်ပြီးတော့အားပေးထားပါတယ်ဗျာ။
    အရင်အကိုပေးထားတဲ့ WeDictPro ကိုလုပ်ထားတဲ့ကောင်က ပိုပြီးတော့အဆင်ပြေသလိုပါပဲ။
    နှစ်မျိုးလုံးရှာလို့ရတာကိုပိုကြိုက်တယ်ဗျ။
    အခုလုပ်ထားတဲ့ကောင်မှာ မြန်မာစာလုံးရဲ့နောက်ဆုံးမှာ r ဆိုတာလေးတွေပါနေတာ ဘာလို့လဲမသိဘူးနော်။ အားလုံးတော့မဟုတ်ပါဘူး။
    မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ဂုဏ်ယူပါတယ်ဗျာ။

    • r လေးတွေ ပိုပါနေတာက database က export လုပ်လိုက်တဲ့အခါမှာ စာကြောင်းဖြတ်တဲ့အနေနဲ့ ပါတာတွေပါ။ အဲဒါတွေ ကျွန်တော် နောက်ဆုံး version ဖျက်ထားပါတယ်။ Wedict pro က jailbreak သမားတွေပဲ မြန်မာလိုကော english လိုကော မြင်ရတာပါ။ jailbreak သမားမဟုတ်တဲ့သူတွေတော့ သုံးလို့မရပါဘူး။

  11. Issue: lost search text-box,
    scenario: search something which have multiple result, touch one result which take to result description, then touch 'Back' button, then next result then come back, then next result then come back, eventually lost search Text-box.

    advise: if we can see release version no else where, we may know which release is running on our device.

      • OS: iOS4 (4.0.1) . device 3GS.
        detail scenario: search something which have more than 9 result (eg: Swa).
        Then touch (click) on one of the result and back.
        then SCROLL DOWN to bottom result (may be 10 or 11th place result) and go to detail. then come back. (try 2 or 3 results)
        eventually we can't see search textbox at all.

        if we didn't SCROLL DOWN to bottom result that is OK. If we do SCROLL DOWN that will raise issue.

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>