Ornagai Release Now

ornagai ကို ကျွန်တော် ရေးနေတာ ကြာလှပြီ။ 14 ရက်နေ့ အပြီးတင်မယ်လို့ ဆုံးဖြတ်ထားပေမယ့် အခြေအနေအရပ်ရပ်ကြောင့် မတင်ဖြစ်လိုက်ဘူး။ နောက် ၁၆ ရက်နေ့လောက်တော့ error တွေ အများကြီးတွေ့လိုက်တယ်။ 19 ရက်နေ့တော့ အကုန်လုံးနီးပါးပြီးသွားတယ်။ ၂၀ရက်နေ့ကတော့ design တွေပြန်ပြင်လိုက်တယ်။ ၂၀ ရက်နေ့ ညတော့ တင်လိုက်နိုင်တယ်။

MZ က မောင်နှမများ ညီအစ်ကိုများကို ကျေးဇူးတင်ပါတယ်။ MZ dict ပေါ်လာအောင် ၁ နှစ်နီးပါးလောက် လုပ်ခဲ့ရတယ်။ ဒါပေမယ့် စာလုံးတွေ မစုံဘူး။ error တွေများတယ်။ နောက်ဆုံးတော့ အဲဒီလို မပြည့်စုံမှုတွေကြောင့် ornagai ပေါ်လာတာပါ။ Ornagai ဟာ english to မြန်မာ ၊ မြန်မာ to english ရှာလို့ရတယ်။ စာလုံးတွေကိုတော့ admin တွေက စစ်ဆေးပြီး approve လုပ်ပေးမှာပါ။ အခုလက်ရှိတော့ beta version ပဲ ရှိသေးတယ်။ coding ပိုင်းကို ကျွန်တော် ပြင်စရာတွေရှိသေးတယ်။ webservice တွေထည့်ဖို့ ရှိသေးတယ်။ တစ်ပတ်တစ်ကြိမ် csv file ထုတ်ပေးဖို့ရှိတယ်။ babylone , startdict စတာတွေအတွက် ထုတ်ပေးဖို့ရှိသေးတယ်။ ဖြည်းဖြည်းနဲ့ မှန်မှန်ချီတက်သွားမယ်။

အခုလက်ရှိ ပုံစံက ရှာ။ မတွေ့ရင် ဖြစ်ဖြစ် လိုနေတာပဲ ဖြစ်ဖြစ် ထပ်ဖြည့်။ admin တွေက စစ်ဆေးပြီး approve လုပ်ပေးမယ်။
မှားနေတဲ့စာလုံးကို report လုပ်လို့ရတယ်။ အဲဒီအခါ admin တွေက ပြန်ပြင်ပေးလိမ့်မယ်။ :)

ကို စီခရေစီ ပေးလိုက်တဲ့ ဆောင်ပုဒ်လေးပါ။

ornagai ဟာ အားလုံး အင်အားနဲ့ ဆက်သွားမည်..

4 thoughts on “Ornagai Release Now

  1. ဒါပေါ့ဗျာ … ဒီလိုကိစ္စဆိုတာ အားလုံးရဲ့ အင်အားနဲ့သွားမှ ရမှာပေါ့.. Congratulation Saturngod..

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>