ကဲ… ကျွန်တော့်လို လူမျိုးအတွက် facebook က လာပါပြီဗျာ။ email ထက်စာရင် facebook ကို သုံးပြီး သူငယ်ချင်းတွေကို PM ပဲပို့တယ်။ ပြဿနာက သူငယ်ချင်းတွေက email သုံးတယ်။ ချက်ခြင်း reply ပြန်လည်း မရ။ သူတို့မှာ facebook ထဲဝင်ပြီး pm ပြန်ပို့ရတဲ့ ဘဝ။ တစ်ခါတစ်လေ ရုံးမှာ facebook ဝင်မရရင် ညမှပဲ ပြန်ပို့တယ်။ ဒါမှမဟုတ် email နဲ့ပို့ရတယ်။ ကျွန်တော့် သူငယ်ချင်းတော်တော်များများလည်း email ထက်စာရင် PM ပဲ သုံးတာ များတယ်။ အခု facebook က သူ့ messaging ကို ပြန်ပြင်ဆွဲနေပြီ။ email ကိုပါ support လုပ်ပေးတော့မယ်။ ကျွန်တော့်အတွက် gmail အစား facebook mail ပြောင်းသုံးလို့ရတော့မယ်။ ဘယ်တော့ပြီးမလဲတော့မသိဘူး။ project titan လို့တော့ နာမည်ပေးထားတယ်။ gmail killer ဖြစ်လာနိုင်ခြေရှိတယ်။ ကျွန်တော်ကတော့ သေချာပါတယ်။ facebook mail ကို private အတွက် သုံးဖြစ်တော့မှာပါ။ ပြဿနာ တစ်ခုတော့ ရှိလာနိုင်တယ်။ SPAM နဲ့ ကြော်ငြာတွေပဲ။ email ကို မကြိုက်တာက ဟို လူ့ invite လာ။ ဒီ လူ့site invite လာနဲ့ ရှုပ်ကို ရှုပ်တယ်။ Ning နဲ့ လုပ်တဲ့ site တွေက များလာတာနဲ့ နေ့တိုင်းနီးပါးကို ning က site invite တွေ လာနေတယ်။ invite ဆိုတာနဲ့ ဖတ်ကိုမဖတ်တော့ဘူး။ တစ်ခါတည်း ဖျက်ပလိုက်တာ။ facebook က mail support တော့ အဲဒီလိုမျိုးတွေ ဖြစ်ကုန်ရင်တော့ PM box ကြီးက မျက်စိထပ်ရှုပ်ကုန်အုံးမယ်။ အင်း… ကောင်းတာလည်းရှိသလို မကောင်းတာလည်း ရှိတာပဲလေ….
http://www.techcrunch.com/2010/02/05/facebooks-project-titan-a-full-featured-webmail-product/
ဖေဘမသုံးဘဲ မေလး်ဘဲသုံးတယ် အလုပ်မှာ ဖေဘ ဖွင့်မရပါ။
mail ကနေ facebook inbox ကို message ပို့လို့ရတော့မယ်လေ..
google wave ကရော ဘယ်လိုလဲဗျ…email ထက်ပိုကောင်းတယ်ဆိုပဲ…သူ ့ ့အကြောင်းလေးလည်း မျှဝေပေးပါအုံးဗျာ။
google wave is just a wave. more detail in there http://www.mysteryzillion.org/forums/showthread.php/4247-Google-Wave