So Suck Chrome!

Chrome version အသစ်မှာ မြန်မာစာ နဲ့ English စာ တွဲရိုက်လို့မရ။ Mac မှာကတော့ အရင်ကတည်းက မရတာ။ အခု Windows မှာလည်း မရတော့ဘူး။ Chrom 5 မှာ stable ဖြစ်သွားလို့နဲ့ တူပါတယ်။ မြန်မာစာ မရတော့တာ။ အရင်တုန်းက stable မဖြစ်ခင်တုန်းက ရှောင်လင်ပြောသလို bug ကြောင့် မြန်မာစာ ရတာဖြစ်မယ်။ Mac မှာမရတော့ သုံးမရဘူး။ Chrome ကို ပြောင်းသုံးဖို့ စဉ်းစားပေမယ့် Blog တွေ facebook မှာ မြန်မာလိုမှ ရိုက်လို့မရတော့ မသုံးဖြစ်တော့ဘူး။ Chrome မှာလည်း chrome addon ကောင်းကောင်းလေးတွေ ရှိတယ်။ သို့သော် …. မြန်မာစာ မရတဲ့အတွက် ကျွန်တော့်အတွက်ကတော့ firefox ပဲ ဆက်သုံးနေရဆဲပဲ။ Product တစ်ခုဟာ ဘယ်လောက်ကြီးကောင်းပါတယ်ပြောပြော ကိုယ့်အတွက်အဆင်မပြေတော့ အလကားပဲဆိုတာတော့ သိလိုက်ရတယ်။

13 thoughts on “So Suck Chrome!

  1. Product တစ်ခုဟာ ဘယ်လောက်ကြီးကောင်းပါတယ်ပြောပြော ကိုယ့်အတွက်အဆင်မပြေတော့ အလကားပဲဆိုတာတော့ သိလိုက်ရတယ်။ <<< တော်တော်မှန်တဲ့စကားဗျ။ ဒါကြောင့် ဟောင်းပေမဲ့လဲ ကောင်းနေဆဲပါပဲ ဆိုတဲ့ ဗိုလ်ထီး သီချင်းကို သတိရလိုက်သေးတယ်။

  2. I was eager to switch from firefox to chrome when I’ve been told Chrome has left its beta stage. But the problem is like you said, myanmar fonts. Chrome can’t even display myanmar fonts elegantly like Firefox. So I’m not surprised you can’t type myanmar fonts with chrome.

    I like chrome because it is fast and light. But…..

  3. Chrome ကို စပေါ်ခါစတည်းက ကိုယ်တိုင်လည်း သုံးဖြစ်ခဲ့သလို သူ့ Speed ကိုလည်း တော်တော်လေး သဘောကျလို့ နီးစပ်ရာသူတွေကို စမ်းသုံးကြည့်ကြဖို့ အကြံပြုခဲ့ဖူးပါတယ်။ အဲ့တုန်းက Bug တာလား ဘာလားတော့ ကျွန်တော်လည်း မပြောတတ်ပါဘူး – ပုံမှန်အတိုင်း Zawgyi2008 တင်လိုက်ရင်ပဲ Chrome ထဲမှာ Fonts ဝင် change ပြီးသွားရင် စာရိုက်လို့လည်း ရ ၊ Webpage ကစာတွေဆိုလည်း ကောင်းကောင်းကန်းကန်း လှလှပပလေး မြင်ရ – အဲလိုနဲ့ နောက်ပိုင်း Version တဖြည်းဖြည်း မြင့်လာလေ Myanmar font နဲ့ ပတ်သတ်ပြီး ပိုပို ဆိုးလာလေ ဆိုတာ ကျွန်တော်လည်း သတိထားမိခဲ့တယ်။ ခုနောက်ပိုင်းဆို Gmail ထဲမှာ အရင်တစ်ချိန်တုန်းကလို စာရိုက်ရင် မြန်မာစာ မပေါ်တော့ဘူး – လေးဒေါင့်ကွက်တွေ ပေါ်တယ် – Linux မှာဆို Chrome နဲ့ Myanmar sites တွေ ကြည့်ရင် သဝေထိုးတို့ ဘာတို့ ရှေ့ရောက်လိုက် နောက်ရောက်လိုက် – ဘာတွေမှန်း မသိတော့ပါဘူး – Windows ကတော့ ထားလိုက်ပါတော့ – ကျွန်တော်လည်း စိတ်လျော့လိုက်ပါပြီ – Firefox ပဲ သုံးနေပါတယ်။ ဒါပေမယ့် ကျွန်တော် တစ်ခု မေးကြည့်ချင်တာ Linux မှာ သုံးတဲ့ Chrome browser အတွက် သဝေထိုးတို့ ဘာတို့ စာလုံးတွေ အစီအစဉ်မကျပဲ ရှေ့ရောက် နောက်ရောက် ဖြစ်နေတာကို အစီအစဉ်တကျ ဖြစ်အောင် ပြင်ဆင်နိုင်မယ့် နည်းလမ်းကောင်းလေးများ ရှိနိုင်မလား – ကျွန်တော် အဲတာလေး သိချင်မိပါတယ်။

    ZT.

    • Yes… that’s what i also like to know.
      i was thought that it is due to the installation error while i install zawgyi font.
      and i wanted to know how to fix it.

      if anybody can help, i’ll be pleased with great thanks.

  4. ဟိုနေ့က Chrome 5 ကို upgrade လုပ်လိုက်ထဲက Myanmar Font ရိုက်ရင် စဟမ်းတော့တာပဲ။ အတော်ဆိုးတယ်။ Chrome ကို တောက်လျှောက်သုံးလာခဲ့တော့ FF တောင် development လုပ်တဲ့အခါမှာလောက်ပဲ သုံးဖြစ်တော့တယ်။ ခုတော့ မြန်မာ blog တွေ၊ facebook တွေကို FF မှာ ပြောင်းသုံးနေရဘီပေါ့။

  5. Myanmar Font မရတဲ့ အပြင် တစ်ခါတစ်ရံ Aw, Snap! error လည်းတတ်တတ်သေးတယ်။
    မြန်မာစာမရိုက်ရတဲ့အခါမျိုးတွေမှာတော့ Chrome ကိုသုံးတယ်။ မြန်လည်းမြန်လို့ ကြိုက်တယ်။ ခုနောက်ဆုံး version ရဲ့ Feature တွေကိုဆို ပိုတောင်ကြိုက်သေး။ ဒါပေမယ့် မြန်မာလိုရိုက်ရမယ့်အခါ တော်တော်များများကိုတော့ Firefox ကိုဘဲ ပြန်သုံးနေရပါတယ်။

  6. Chrome က Unicode ကို App Default လုပ်ထားတာဖြစ်တဲ့အတွက် ဇော်ဂျီ Default font ပြောင်းရိုက်လည်း Unicode Encoding နဲ့ပဲ ပေါ်တယ်။ အထူးသဖြင့် ပိတောက်ကို Priority ပေးထားတဲ့အတွက် Unicode သုံးနေတဲ့လူတွေအတွက် ဘာပြဿနာမှ မရှိပါဘူး။ Unicode နဲ့ ရင်းနှီးမှုမရှိတဲ့ Zawgyi only သမားတွေအတွက်တော့ awkward position ဖြစ်နေလိမ့်မယ်။ နောက်ပိုင်း Chrome OS ထွက်လို့ရှိရင်လည်း ဒီအတိုင်းပဲ ဖြစ်မယ်လို့ ထင်တယ်။

  7. စိတ်ပျက်လို့ ကျောင်းကစက်ရော၊ အိမ်ကစက်ရော windows, linux ၂ ခုလုံး စုစုပေါင်း ခရုမ်း ၃ ခု uninstall လုပ်လိုက်ပြီး bug report 3 ခု တင်ပစ်လိုက်တယ်။ အေးရော။

  8. သြော်.. အဲဒါကြောင့် အခုနောက်ပိုင်း chrome မှာ စာရိုက်ရင် browser ကြီး ဟန်းဟန်းသွားပါတယ်လို့… ဒါကြောင့်ကိုးး.. :S

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>