7

Testing Video Blog

Posted February 3rd, 2010 in News by saturngod

မြန်မာနိုင်ငံက youtube မရဘူးဆိုတာကြောင့် ကျွန်တော် လုပ်ထားတဲ့ video လေးတွေ ၊ နောက်ပြီးတော့ ကောင်းနိုးရာရာ youtube က video လေးတွေကို တင်ပေးဖို့ စစမ်းထားတာပါ။ iPhone နဲ့လည်း ရအောင် လုပ်ထားပေးပါတယ်။ HD support လည်းလုပ်ပါတယ်။ HD ပေမယ့် width 650 လောက်ပဲ သုံးထားတယ်။ တင်ရတာ ကြာလွန်းလို့။ youtube မှာ တင်ရတာ အရမ်းသက်သာတယ်။ video record လုပ်။ ပြီးရင် ကောက်တင်။ ကျန်တာ သိစရာမလိုတော့ဘူး။ ကိုယ့် video blog ကြတော့ flv ကို ၂ မျိုးပြောင်း၇တယ်။ HD အတွက်တစ်ခု။ ပုံမှန်အတွက် တစ်ခုပေါ့။ ပုံမှန်ကို 400 လောက်ထားပြီး HD ကိုတော့ 650 လောက်ထားလိုက်တယ်။ နောက်ပြီး iPhone အတွက် mp4 ကို ထပ်ပြောင်း။ တော်တော်လေးကို အလုပ်ရှုပ်တယ်။ အဲဒါတင် မပြီးသေးဘူးဗျ။ video မတက်ခင် preview အတွက် screen shoot ဖမ်းပြီး တင်ပေးရသေးတယ်။ ဒါမှ video preview အနေနဲ့ ပေါ်နေမှာလေ။ ကဲ... အခုတော့ စပြီးတော့ စမ်းထားလိုက်ပြီ။ ဘယ်တော့မှ ပြီးမယ်တော့ မသိဘူး။ ပြီးချင်မှလည်း ပြီးမယ်။ :D အဓိက ကြည့်လို့ရအောင်တော့ လုပ်လို့ရသွားပြီ။ embed တွေလည်း ရတော့ အခြားလူတွေ share ရတာလည်း အဆင်ပြေမှာပါ။ နောက်ပိုင်း အားရင် အားသလိုတော့ တင်သွားပေးမှာပါ။

http://video.saturngod.net/


7 Responses so far.

  1. http://video.saturngod.net က ကိုယ်တိုင်ရေးဘဲလား..

    အခြား CMS ကို သုံးတာလား ဗျ.

    ကျွန်တော် video တွေ ကို မိတ်ဆွေ တွေကို ရှဲ ချင်လို့ 

    Null script လုပ်ဘူးတယ်ဗျ.. အဆင်မပြေဘူး..

    လိုကယ် မှာ ဖိုင်တွေ တင်လို့ ရပြီးတော့  အွန်လိုင်းမှာ မရဘူး ..ဖော်မက် အစုံလဲ မရဘူး

    .. ဖြေပေးအုးံနော်...

  2. kom says:

    အတော်အပင်ပန်းခံတာဘဲ
    ဘာရသလဲ ပိုက်ဆံရသလား ပီတိရသလား

    • saturngod says:

      ဘာရလဲဆိုတော့ complain လုပ်တဲ့ လူပိုနည်းသွားတယ်။ :D

  3. kom says:

    http://video.saturngod.nသွားကြည့်တယ် ဆမ်ဆောင်းအင်တာနက် ဖုံးနဲ့ က တက်လာတယ် ဘာမှ နိပ်လို့မရဘူး
    ကွန်ပြူတာ မှာက များများမြင်ရတယ် ဘာနိပ်ရမှန်းမသိဘူး။et/

    • saturngod says:

      iPhone နဲ့ဆို အဆင်ပြေတယ်။ ဖုန်းက flash support လုပ်လားမသိဘူး.. ?

Leave a Reply