Wanna free hosting

မနေ့က mmgeek က ကိုအောင်ကျော်ထက် ကျွန်တော့်ကို မေးတယ်။ Hosting လိုလားတဲ့။ ကျွန်တော့်အတွက်ကတော့ မလိုပါ။ mmgeek က dedicated server တစ်လုံး ရှိပြီး sites တွေ အများကြီး မ run ထားဘူးတဲ့ဗျ။ ဒါကြောင့် server လိုအပ်နေတဲ့သူတွေ free hosting လိုအပ်နေတဲ့သူတွေရှိရင် ပြောပါဆိုလို့ ခေါင်းထဲမှာ ဘယ်သူမှ စဉ်းစားလို့မရတော့ဘူး။ blog မှာ တင်လို့ရလားဆိုတော့ ရတယ်ဆိုတာနဲ့ တင်ပေးလိုက်တာ။ Free hosting အလိုရှိတယ်ဆိုရင်တော့

လုပ်မယ့် project အကြောင်း proposal လေး ရေးပြီး akhtet အက် ဂျီmail dot com ကို ပေးပို့နိုင်ပါတယ်။ အခုတော့ ဝိဇ္ဇာ ကို free hosting အနေနဲ့ run ထားပါတယ်။ အဲ.. free မလိုလို့ ပိုက်ပိုက် ပေးချင်တယ်ဆိုလည်း လက်ခံပါတယ်တဲ့ဗျာ။ PHP , Python တွေ run လို့ ရတာတော့ သေချာပါတယ်။

2 thoughts on “Wanna free hosting

  1. အဲလူကြီး ကျနော့်ကိုုလည်း မေးထားတာ ကြာပေါ့ .. ကိုယ်လူတွေကိုုလည် မေးထားတာ ဘယ်သူမှ ပြန်မပြောလိုု့
    သူ့ VPS တွေ အားနေပုုံရတယ်.. ;D

  2. အဲ မေးမလို့ မေ့နေတာ ဒါလေးဖတ်မှသတိရသွားပြီ
    ကျနော်အခု dot tk နဲ့သုံးပြီး free hosting မှာထိုင်ထားတယ် wp နဲ့ပေါ့။
    လုပ်လို့မရတာတွေရှိနေတယ်ခင်ဗျာ။ နည်းနည်းလောက် ကူညီပါခင်ဗျာ။
    ၁။ blogspot ကဒေတာတွေ တိုက်ရိုက် import လုပ်လို့မရဘူး။ connection time out 101 တဲ့
    ၂။ wordpress.com ကနေ blogspot ကိုတိုက်ရိုက်ယူလိုက်တယ်။ export လုပ်တယ်။ ဖရီးဟိုစတင်က ကိုယ့်ဆိုက်ပေါ်ပြန် import လုပ်တယ်။ ဒါပေမဲ့စာတွေ ကျန်ခဲ့တယ်။ export ထဲမှာတော့စာ အပြည့်ရှိနေတယ်။
    ၃။ xml ကနေ wxr ပြောင်း wxr splitter နဲ့ခွဲတင်ပြန်တော့လဲဒီအတိုင်းပဲ။ဘာမှမထူးဘူး

    အဲလိုဆိုတော့ ဘယ်လိုလုပ်ရမလဲဟင် blogspot ကတိုက်ရိုက်ဒေတာတွေယူလို့ရမယ်ဆို ပိုကောင်းမယ်။ ကူညီပါခင်ညာ။

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>