Enable Web app in Chromium

ဒီနေ့ ReadWriteWeb မှာ ဖတ်လိုက်ရတာနဲ့ Chromium ကို download ချပြီးတော့ စမ်းကြည့်ဖြစ်လိုက်တယ်။ Chrome OS က ပုံစံအတိုင်း Chromium နဲ့ လုပ်လို့ရတယ်ပေါ့။ Mac မှာကတော့ Chromium ကို Web App တွေနဲ့ တွဲသုံးဖို့အတွက် ဒီအတိုင်းဖွင့်လို့မရဘူး။

Windows မှာလည်း short cut ရဲ့ target မှာ –enable-apps ဆိုတာ ထပ်ဖြည့်ပေးရတယ်။

Mac မှာကတော့

$open /Applications/Chromium.app –args -enable-apps

Ubuntu မှာဆိုရင်တော့

$chromium-browser –enable-apps

ဆိုပြီး ခေါ်ရတယ်။

ဆိုပြီး ဖွင့်မှ ရတယ်ဗျ။ အဲ.. Chrominum ကတော့ တက်လာပြီ။ Web App ဘယ်လိုသွင်းမလဲ။ ReadWriteWeb မှာကတော့ Windows အတွက်ပဲပြောထားတယ်။ Mac နဲ့ Linux ဘယ်လို လုပ်မလဲ။ ရပါတယ်။ crx တွေကို

http://www.downloadsquad.com/2010/07/06/more-google-chrome-web-apps/

အဲဒီ site ကနေ download ချလို့ရတယ်ဗျ။ အဲ.. Download ကို ဒီအတိုင်းမချနဲ့ဗျ။ Right Click > Save Link As… နဲ့ download ချပေးမှရတယ်။

crx ကို ဒီအတိုင်း Drag & Drop နဲ့ ဆိုမရဘူး။ အရင်ဆုံး Address Bar မှာ

chrome://extensions

ဆိုပြီး ရိုက်ထည့်လိုက်။ ပြီးမှ အဲဒီ page မှာ Drag & Drop လုပ်ပြီး သွင်းလို့ရပါတယ်။ ဘာမှမထူးပါဘူးဗျာ။ Shorcut သဘောလေးပါပဲ။ သာမာန် website shortcut ကို icon လှလှလေးနဲ့ ပြထားပြီး website ကို tab အသစ်တစ်ခုနဲ့ သွားဖွင့်လိုက်တာပဲရှိတယ်။ chrome os မှာဆိုရင်တော့ short cut အနေနဲ့ဆိုတော့ မဆိုးလှဘူးဆိုရမလဲပဲ။ ကျွန်တော့်အတွက်တော့ မထူးသလိုပဲ။ နောက်ဆိုရင်တော့ web app တွေကို chrome store ကနေ ရောင်းချလို့ရတော့မယ်လို့လည်း ဖတ်ဘူးပါသေးတယ်။ ကြည့်ရတာ HTML5 application တွေ နောက်ပိုင်း တော်တော်လေးများလာလိမ့်မယ်ထင်တယ်။ Chrome Store ကနေ ဘယ်လိုရောင်းမယ် Chrome ကနေ သွားတာနဲ့ website က တိုက်ရိုက်သွားတာ ဘာပိုထူးမလဲတော့မသိသေးပါ။ Apple iDevice တွေကတော့ app ကသွားရတာ website က သွားရတာ ထက်ပိုအဆင်ပြေသလို ပိုလည်း မြန်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>