Win 7

အခု လက်ရှိ Win 7 သုံးနေတယ်။ တောှတောှလေးကို ကောင်းပါတယ်။ Vista ကို ပြန်ပြီး upgrade လုပ်ထားတာပါ။ ကြည့်ရတာ Vista ကို အချိန်မမှီပဲ ထုတ်လိုက်လို့လားမသိဘူး တောှတောှလေး စုတ်ပြတ်နေတဲ့ Vista ပါ။ ဒါပေမယ့် Win 7 မှာ Vista ကို အများကြီး ပြင်ထားလိုက်တယ်။ Boot တက်တဲ့အပိုင်း အရမ်းမြန်လာတယ်။ Aero Effect သုံးရင်တောင် Memory က မစားတော့ဘူး။ Kaspersky 2010 online update လုပ်နေပြီး itune ဖွင့် သီချင်းလည်းနားထောင် ၊ Aero effect သုံးထားတာတောင် Memory 1.2 GB ပဲ ရှိတယ်။ Vista မှာ ဘာမှ မလုပ်ပဲ ထားရင်တောင် 1.5 GB ယူနေတာ။ itune ဖွင့်လိုက်ရင် နှေးကျသွားပေမယ့် Win 7 မှာ itune နဲ့ကော kaspersky 2010 နဲ့ကော အဆင်ပြေတယ်။ Kaspersky 2010 မတိုင်ခင်က version တွေတော့ သုံးမရတော့ဘူး။ အချို့ software တွေလည်း နောက်ဆုံး version မှ အဆင်ပြေတယ်။ deamon-tool ဆိုရင်လည်း ပြန်ပြီး download ချပြီး သွင်းရတယ်။
အသစ်ပါတဲ့ Feature

1.Snipping Tool

Screenshoot ဖမ်းဖို့ပါ။ ကိုယ်လိုချင်တဲ့နေရာလေးပဲ ကွက်ပြီး ဖမ်းလို့ရတယ်။ ဒါပေမယ့် FScapture ကိုပဲ ပိုသဘောကျပါတယ်။

2.Sticky Note

ကျွန်တောှ အကြိုက်ဆုံး Feature တစ်ခုပဲ။ ကျွန်တောှ လုပ်ရမယ့်အလုပ်တွေကို sticky note နဲ့တင်ထားတယ်။ တစ်ခုထက်မက လုပ်ထားလို့ရတဲ့အတွက် တောှတောှအဆင်ပြေတယ်။

3.Windows 7 Task bar

Icon လေးတွေပဲ ပြတော့တယ်။ အရင်လို စာနဲ့ icon နဲ့ တွဲပြအောင်လည်းလုပ်လို့ရပေမယ့် ကျွန်တောှကတော့ icon လေးတွေပဲ ပြပြီး တူရာ group စုထားတာကို ပိုသဘောကျတယ်။ နေရာ ကျယ်ကျယ်ရတာပေါ့။ ကျွန်တောှတို့လို program တွေအများကြီး ဖွင့်တဲ့သူတွေအတွက် အဆင်ပြေတယ်။ နောက်ပြီး ကိုယ်သုံးနေကျ program တွေကို taskbar မှာ shortcut ထည့်ထားလို့ရတယ်။

4.Windows

Windows တွေကို အပေါှဆုံးကို Drag ဆွဲလိုက်ရင် Maximize အလိုလိုလုပ်ပေးတယ်။ ဘယ်ဘက် ဒါမှမဟုတ် ညာဘက် ဆွဲသွားလိုက်ရင် screen တဝက် ပေါှအောင်လုပ်ပေးတယ်။

5. XPS View

Vista မှာတုန်းက IE နဲ့ ဖွင့်ကြည့်ရတယ်။ Win 7 မှာတော့ မလိုတော့ဘူး။ သီးသန့် program ပါလာတယ်။ XPS က PDF ထက် size သေးတယ်။ Microsoft certificate တွေ download ချတဲ့အခါမှာ XPS နဲ့က ပိုအဆင်ပြေတယ်။

6. Windows Powershell

ကျွန်တောှအတွက် cmd ထက် ပိုသဘောကျတယ်။ linux command တွေလည်း အသုံးပြုလို့ရတယ်။

7.Libraries

ကျွန်တောှသဘောကျတဲ့ အပိုင်းတစ်ပိုင်းပဲ။ Document ကို သီးသန့်မဟုတ်တော့ဘူး။ D: ထဲဟာတွေကိုလည်း music libraries ထဲ ထည့်ထားလို့ရတယ်။ ကိုယ့်ဘာသာကိုယ် Libraries အသစ်တွေဆောက်လို့ရတယ်။ Libraries ထဲမှာ တစ်ခုထက်ပိုတဲ့ Folder include တွေထည့်ပြီး ဆောက်လို့ရတယ်။

ပြောင်းလဲသွားတဲ့ Design

1.Wordpad

Office 2003 လောက် နီးပါးလုပ်လို့ရသွားတယ်။ Design ကလည်း 2007 လို ribbon bar နဲ့ဖြစ်သွားတယ်။

2.Calculator

အများကြီးကောင်းသွားတယ်။ convector တွေလည်းပါလာလို့ တောှတောှအဆင်ပြေသွားတယ်။ cm ကနေ လက်မ အလွယ်တကူ ပြောင်းလို့ရတဲ့ convector လိုမျိုးတွေပေါ့။

3.Paint

mspaint ကိုလည်း ribbon bar နဲ့ဖြစ်သွားပြီ။ design အသွင်အပြင်တွေတောှတောှလေး ကောင်းသွားတယ်။ ဒါပေမယ့် ကျွန်တောှကတော့ photoshop ကိုပဲသဘောကျတယ်။ windows မှာ ပါပြီးသားဆိုတော့ မဆိုးဘူးပေါ့။

4.Desktop Gadget

sidebar မရှိတော့ဘူး။ လွတ်လွတ်လပ်လပ် ကြိုက်တဲ့နေရာပေါှမှာ ထားလို့ရတယ်။ ဒါပေမယ့် widget layer မရှိတာတော့ မမိုက်ဘူးဗျ။

5.Windows Media Center

Vista သုံးကတည်းက မကြိုက်တဲ့ WMC ကို အခုလည်း မကြိုက်ပါဘူး။ ကျွန်တောှ့အတွက်တော့ သုံးရတာ နည်းနည်းလက်ဝင်နေဆဲပဲ။ 7 မှာတော့ အသွင်အပြင်တွေ ပြောင်းလဲထားတယ်။

9 thoughts on “Win 7

  1. ကိုစေတန်ဂေါ့ရေ။ အပြင်မှာ တွေ့လိုက်ရတဲ့အတွက် ၀မ်းမြောက်တယ်ဗျာ။ လုံခြုံရေးအလုပ်ရုံဆွေးနွေးပွဲမှာလေ။ မှတ်မိမယ် ထင်တယ်။ ကျနော်က မိတ်ဆက်တာလေဗျာ။ ဆက်လက် တိုးတက်အောင်မြင်ပါစေဗျာ။ ခင်မင်လျက်

  2. ကျတော်မနေ့ည တုန်းက တင်ကြည့်တာ တော်တော်လေးလန်းတယ်ဗျာ. ဗစ်စတာ မကြိုက်တဲ့ ကျတော် ဆဲဗင်းကို တော့ ကြိုက်သွားပြီး။ ကျတော့လက်တော့ လေး အတွက်တော့ ဒရိုင်ဘာတွေ ဒေါင်းလုပ်ရှာရအုံးမယ်ဗျာ. ..ဘာတွေကောင်းသလဲဆိုတာတော့ ကိုစေတန် ပြောတာတွေကို ဖတ်ကြည့်သွားတယ်ဗျ။ ကျတော်လဲ သေချာ မစမ်းရသေးဘူး

  3. မနေ့ကတော့ ဆော့ဝဲတော်တော်များများ စမ်းထည့်လိုက်တယ်။ ကျတော်သုံးနေကျ ဆော့ဝဲလ်တော်တော်များများနဲ့ အဆင်ပြေပါတယ်။ အဲ မပြေတာက kaspersky 7ပဲ။ ကျတော်က ဟိုတုန်းကတည်းက ဒီကောင်ပဲသုံးနေကျဆိုတော့ ဆက်သုံးတာ မအိုကေဘူး။ kaspersky 2010 ပြောင်းသုံးကြည့်ပါအုံးမယ်။ ကျတော်က Daemon tool ကို မသုံးဘူးဗျ။ magic iso disk ကိုသုံးတယ်။ သူနဲ့ ကျတော် သုံးတာ အဆင်ပြေပါတယ်ဗျ။ kis 7 ကို window 7 မှာတင်သုံးရင် အဆင်ပြေမယ် နညး်လမ်းလေ ရှိရင်လမ်းညွှန်ပါအုံး

  4. It is very nice to use windows 7.
    When I have installed it on my compaq CQ 40, it knows all the driver automatically except card reader driver.

  5. ကိုစေတန်ရေ
    ကျတော်် အမတစ်ယောက် စက်က ဝင်းဒိုး ၇ ..၆၄ ဗျ။ သူက ဇော်ဂျီ ဖတ်လို့ရပီး ရိုက်လို့ မရဘူးပြောတယ် ဘယ်ဇောင်္ဂျီနဲ့ အဆင်ပြေမလဲ နည်းနည်း ညွှန်းပါအုံးဒ

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>