WordPress 2.7

ဒီနေ့ မနက်မှ ကြည့်ဖြစ်တယ်။ wordpress အသစ်ပြောင်းပြီးသွားပြီဆိုတာနဲ့ Update လုပ်လိုက်တယ်။ အဲ.. အဲဒီမှာ ပြသနာ စတာပဲဗျ။ ကျွန်တော်က အရင်က admin drop down menu သုံးထားတယ်။ update လည်းလုပ်လိုက်ရော ပြသနာက စပါလေရော။ ဒါနဲ့့ FTP ထဲဝင်ပြီး admin drop down ကို ဖျက်လိုက်ရတယ်။

Design ပိုင်းက တိုးတက်လာတယ်ဗျ။ နောက်ပြီးတော့ Drop Down Menu က ပါထားပြီးသားလေ။ Post ရေးရတာ ပိုလွယ်လာတယ်။ Design ပိုင်းက ပိုလှသွားတယ်။ နောက်ပြီး သဘောကျတာက Tags, Categories ကို ညာဘက် ရွှေ့လိုက်တာပဲ။ ကျွန်တော်က အရင် version ထဲ Post အောက်မှာ ထည့်ထားတာကို သဘောမကျဘူး။ post ရေးပြီးတာနဲ့ ချက်ခြင်းတင်မရလို့လေ။ အခုတော့ Tags, Categories စတာတွေကို post ရေးပြီးတာနဲ့  ညာဘက် sidebar မှာရွေးပြီး publish လုပ်လိုက်ရုံပဲလေ။ ဘာပဲပြောပြော သဘောကျမိတာတော့ အမှန်ပဲဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>