Zawgyi IS NOT EQUAL TO MyMyanmar

မနေ့က OC ပွဲမှာ အသိတစ်ယောက်က ဇော်ဂျီက မိုင်မြန်မာကို ရောင်းလိုက်တာ ဟုတ်လားတဲ့… အစကတော့ နည်းနည်းကြောင်သွားတယ်… ပြီးတော့ သူက ဆက်ပြောတယ်… Computer Journal မှာ ပါတယ်လေဆိုတော့… ဟာ..မဟုတ်ပါဘူးဗျာ… ဇော်ဂျီက ရောင်းတာ မှမဟုတ်တာ… လုပ်ပိုင်ခွင့်တွေ ကို ဘယ်သူ့ကိုမှ လည်းမပေးပါဘူးဗျာ.. ဇော်ဂျီက ကျွန်တော် သိသလောက်တော့ မည်သူ မဆို လွှတ်လပ်စွာ သုံးစွဲနိုင်သည်။ မည်သူ မဆို လွှတ်လပ်စွာ မိမိ၏ product များတွင် အသုံးပြုနိုင်သည်။ လုပ်ပိုင်ခွင့်တွေကိုတော့ ရောင်းတာတော့ ဇော်ဂျီဘက်က မကြားမိပါဘူ…. ဒါနဲ့ alpha က ကိုရဲမြတ်သူ နဲ့ ဖုန်းပြောတော့ မေးလိုက်တော့… မရောင်းပါဘူးတဲ့… Art House ကို ဇော်ဂျီအဖွဲ့က font design ဆွဲခိုင်းတယ်။ Art House က design ဆွဲပေးတယ်။ နောက်ပြီးတော့ Illustrator နဲ့ design ပေးတယ်။ အဲဒါကို ယူပြီးတော့ ဇော်ဂျီအဖွဲ့က font ထုတ်ပါတယ်တဲ့။ တနည်းပြောရင် service ပေးသူနဲ့ service ယူသူပေါ့။ Art House က ဇော်ဂျီအဖွဲ့ဆီကနေ အခကြေးငွေနဲ့ font design ဆွဲပေးတယ်။ ဆွဲပြီးတော့ ဇော်ဂျီအဖွဲ့ကိုပေးတယ်။ တနည်းပြောရင် ဇော်ဂျီ font design သည် ဇော်ဂျီ အပိုင်ဖြစ်သည်ပဲဗျ။ Art House ကလည်း ဇော်ဂျီ font design ကိုမပိုင်ပါဘူး။ design ဆွဲပေးတိုင်း ပိုင်ရမယ်ဆိုရင် web designer တွေ ပိုင်ဆိုင်တဲ့ website တွေ နည်းမှာမဟုတ်ဘူးဗျ။ ဒါကြောင့် ဇော်ဂျီရဲ့ လုပ်ပိုင်ခွင့်တွေက ဇော်ဂျီဆီမှာပဲရှိတယ်။ ရောင်းမှာလည်း မဟုတ်တာ။ ဘာဖြစ်လို့လည်းဆိုတော့ အဖွဲ့ဝင် ၅ ဦးလားမသိဘူး။ ကိုညီလင်းဆက် blog မှာ ဖတ်လိုက်ရတာပဲ။ ၁ ယောက် သဘောမတူတာနဲ့ ဘယ်လိုလုပ် ရောင်းမလဲ။ အဲလိုမျိုး ကြေငြာချက်ကြီးကိုတော့ တရားတောင် စွဲသင့်တယ်။ အဲလိုမျိုး ကိစ္စတွေဆိုရင် ကိုငွေထွန်းကိုတော့ သတိရမိသား… :D မကြာခင်မှာ ဇော်ဂျီဘက်ကလည်း တစ်ခုခုပြန်လည် ထုတ်ပြန်မယ်လို့ မျှော်လင့်ရတာပဲဗျာ..

2 thoughts on “Zawgyi IS NOT EQUAL TO MyMyanmar

  1. အော် ..လူတွေကလဲ နာမည်ရဖို့အတွက် လောဘတွေ ကြီးနေကြပါလား ကိုစေတန် ..ရယ် …ခက်ပါ့ …

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>