ခဏနားမယ်

အခုတလော ကံဆိုးခြင်းများအပြင် စိတ်ပျက်ဖွယ်ရာ ကံဆိုးမှုတွေ ခဏခဏ ကြုံနေရတယ်။ တစ်ခါတစ်လေ ဘယ်လိုဖြေရှင်းရမှန်းမသိဘူး။ ကျွန်တော့် ကိစ္စတွေကို ကျွန်တော် အရင်ဖြေရှင်းအုံးမယ်။ ပြီးမှပဲ အခြားသူကိစ္စတွေ မျှဝေတာတွေ လုပ်နိုင်တော့မယ်။ ကိုယ့်ဗိုက်ပြည့်မှပဲ အခြားသူဗိုက်ကို ဖြည့်ပေးတတ်တာ လူ့ဘဝပါလားနော်…. ကျောင်းသားဘဝနဲ့ မတူတော့ဘူ… ကျောင်းသားဘဝက လူမှုရေး ၊ ငွေကြေး ၊ ပညာရေးဆိုတာတွေကို ဂရုမစိုက်ပဲ ရပ်တည်နိုင်တယ်။ ကျောင်းပြီးတော့ ကိုယ့်ဘဝ ကိုယ်ကျောင်းတဲ့အခါ အရင်ကလို လွတ်လပ်စွာမနေနိုင်တော့ဘူး။ ဘဝရဲ့ တာဝန်တွေ လူမှုရေးတွေ ပညာရေးတွေ အဓိကတော့ စီးပွားရေး စတာတွေ ပါဝင်လာပြီ။ တစ်ခုခုအဆင်မပြေတာနဲ့ တခြားကိစ္စတွေကို လှည့်မကြည့်နိုင်တော့ဘူး။ ကျွန်တော် အကုန်လုံးအဆင်ပြေရင်တော့ ပြန်လာခဲ့မယ်ဗျာ…


5 thoughts on “ခဏနားမယ်

  1. ဘာဖြစ်တာလဲကွဲ့ .. ဘာမှမသိရပါလား။ အိုနာဂိုင်းနဲ့ အလုပ်ရှုတ်နေတယ်ထင်နေတာနော် ..။

    • ပြောရက်လိုက်နာ.. အိုနာဂိုင်းတဲ့… မသိရင် အိုနာကျိုးကန်းဖြစ်တော့မယ်… :D အိုနာဂျီ ပါဗျ… :P

  2. အဆင်ပြေမှပြန်လာမယ်ဆိုတာတော့မလုပ်ပါနဲ့ဗျာ။ အခက်အခဲကိုလည်း ကျော်ဖြတ်ရင်း အကို့ site လေးကိုလည်း update လုပ်ရင်းပေါ့။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့လို end user လေးတွေကိုမျက်နှာသာပေးပါဦး။ အရမ်းအလုပ်မရှုပ်ဘူးဆိုရင်ပေါ့

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>