ငါ့ဘဝ

code တွေနဲ့ ငါ တကုတ်ကုတ်…
ဒီနေ့သစ် မနက်ဖြန်အဟောင်း…..
နည်းပညာတွေပြောင်း…. ငါကတော့ တကောက်ကောက်…

အဟောင်းတွေ ပျက်စီး… အသစ်တွေမွေးဖွား…
ပြောင်းလဲနေတဲ့ နည်းပညာများ…
ငါရပ်တည်နေတဲ့ လောက တစ်ခုတည်း…
နောက်လောက ခုန်ဝင်ဖို့လည်း ကြိုးစားဆဲ…
ခက်တာက နည်းပညာလောကပဲ…

မောလို့ ခဏနားခိုက် ပတ်ဝန်းကျင်ကို လှည့်ကြည်ခိုက်…
ပြောင်းလဲနေဟဲ့ တိုက်တာများ….
ပြောင်းလဲနေတဲ့ လမ်းတွေများ…
တိုးတက်နေတဲ့ အကြောင်းအရာများ…

ငါနားမလည်တဲ့ အကြောင်းအရာများ..
ဂြိုလ်သား စကားလား… လူစကားလား…
ရှပ်နီတော့ ငါမသိ.. ရှက်ကီတော့ ငါကြားဘူးတယ်..
ဘလက်ကီနဲ့ အမျိုးတော်လား ငါမသိဘူး..

ငါမသိတဲ့ အကြောင်းတွေအများကြီးပဲ…
လောကကြီး တော်တော်လှတယ်…
ငါရေရွတ်ခဲ့တယ်..
coding တွေမပါပဲ လူတွေ လမ်းလျှောက်…
coding တွေ ရေးစရာမလို နေ့ရက်တွေ ဖြတ်သွားနေတယ်…
မိုးနတ်မင်းကြီးရေးတဲ့ program တစ်ပုဒ်လား ငါမသိ…

ဖြစ်ပျက်တွေ အရမ်းမြန်တယ်..
ငါနားခိုက်မှာ ပြောင်းလဲသွားတာ အများကြီးပဲ….
ရုံးသွားရုံးပြန်… ဒီ Mac book ပဲ…
အိမ်ရောက်ပြန်လည်း ဒီ Mac book ပဲ…
အိပ်ချိန်ရောက်တော့ iPodTouch နဲ့…
မအိပ်ခင် facebok လေး စစ်ကြည့်အုံးမယ်..
ခက်ပါ့ ဒီလူသားငယ်…

အသက်ရှင်တာ လေရှုနေလို့…
ဒီလောက်လွယ်တဲ့ သဘောတရား…
တစ်ရက်ပြီးတစ်ရက် ကုန်လွန်သွားလည်း…
မပြောင်းလဲပဲ မမောမပန်း ဒီလောကထဲ…
လည်ပတ်နေဆဲ..

တစ်ခါတစ်လေ ကဗျာဆရာ လင်းနစ် ဖွင့်လို့ထားတယ်…
နေ့တိုင်းတွေး ညတိုင်းရေး…
ခက်တာက စာရွက် အပိုင်းအစ မဟုတ်…
နည်းပညာများနဲ့ ရှင်သန်မိတာ..
ဒီလိုဘဝမှာ… ငါတွေးကြည့်တာ…
သနားဖို့ ကောင်းလိုက်တာ…..


8 thoughts on “ငါ့ဘဝ

  1. နည်းပညာများနဲ့ အသင်လူသား
    အောင်မြင်မှုကို အရယူထား
    ရှေ့ဆက်သွားမယ့် ခရီးလမ်းများ
    ပန်းတိုင်ဆီကို အရောက်လှမ်း….

  2. နည်းပညာသမား
    တစ်သက်လုံးမအား
    အားတဲ.တစ်နေ.ဟာ
    သင်မလုပ်တော.တာလား
    သင်…….

  3. ဟုတ်ပါ့..ကိုစေတန် တစ်နေ့တစ်နေ့..macနဲ့ပဲ အချိန်တွေပေး…လုံးပန်းနေတယ် ထင်ပါတယ်။
    ကိုယ်ပျော်တာ ကိုယ်လုပ်တာ..ကိုယ့်ကိုကိုယ် ဖျော်ဖြေခြင်းပါပဲ..အောင်မြင်ခြင်းရဲ့ လမ်းစ..
    ကိုယ်စိတ်ဝင်စားတာ လုပ်နေရရင်..အချိန်တွေ ပတ်ဝန်းကျင်တွေ လူတွေကို သတိမေ့လျှော့နေတက်တယ်..
    အင်တာနက် ကမ္ဘာထဲမှာပဲ နစ်မြောပြီး အပြင်လောကနဲ့ တစ်ဖြေးဖြေး ဝေးကွာလာတက်တယ်..
    အနားယူဖို့လည်း မမေ့ပါနဲ့အုံး ဆရာရေ..
    စက်တွေတောင် ပူလွန်းရင် လျှော့ဖြစ်တက်တယ် မဟုတ်လား..
    ကျန်းမားရေး ဂရုစိုက်ပါလို့
    ခင်မင်လေးစားစွာဖြင့်..

    • ဟုတ်… အပြင်လောကနဲ့ တဖြည်းဖြည်းမဝေးအောင် … အားရင် လက်ဖက်ရည်ဆိုင် သူငယ်ချင်းတွေနဲ့ အချိန်ပေးပြီး ထိုင်နေရတယ်.. :D

    • အင်း… ရှိတယ်.. လက်ဖက်ရည် တခွက်.. S$1.5 … ပေါင်မုန့်မီးကင်တို့ ကြက်ကဥ မကျက်တကျက်တို့လည်း ရတယ်.. :D

  4. စေတန်…

    လုပ်နိုင်ခဲ့တဲ့ workdone တွေကိုကြည့်ခြင်းအားဖြင့် သင်က pro developer တစ်ယောက်…

    ၁. သူ computer feild ကိုငြီးငွေ့လာရင် ထွက်ပြေးဖို့ကြိုးစားလိမ့်မယ်… but အောင်မြင်မှာမဟုတ်ဘူး…ဖောက်ပြန်နေတဲ့မိန်းမကို ဓားနဲ့ပေါက်သတ်ဖို့ကြိုးစားနေတဲ့ ဆပ်ကပ်ထဲက ဓားပေါက်သမားလို ပေါက်ချက်တိုင်းလွဲနေလိမ့်မယ်…

    ၂. ဘုန်းကြီးမ၀တ်နိုင်သေးဘဲနဲ့ programming ကို သစ္စာလေးပါး၊ ဒါမှမဟုတ် သေခြင်းတရားနဲ့ မယှဉ်နဲ့… computer ရှေ့မှာထိုင်ချင်ပေမယ့် သင့် codes ရေးဖို့အချိန်ပေးချင်မှာ မဟုတ်တော့ဘူး…. (it means, don’t think too much.. just code )

    ၃. soft skill အရမ်းကျွမ်းရင် coding မရေးနဲ့….. နောင်တရလိမ့်မယ်…

    ၄. အရက်ကိုကြိုက်ရင် အရက်ရဲ့ကျေးကျွန်ပဲ… ( don’t be sad )

    ၅. most important…
    Code နေချိန်မှာ ၀ိပဿနာအကြောင်းမတွေးနဲ့….

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>