စားခြင်း

စားခြင်းအကြောင်းမပြောခင်မှာ ကျွန်တော် ဖတ်ဖူးတဲ့ ဆောင်းပါးလေး တစ်ခုအကြောင်းပြောချင်တယ်။ ဆရာကျော်ဝင်း ရေးတာလား ဘယ်သူရေးတာလဲတော့ မသိတော့ဘူး။ တော်တော်လေးတော့ ကောင်းတယ်။ ဆေင်းပါးတိုလေးပါ

ဗိုလ်မှုးကြီး ဗိုလ်မှုးကြီး….. ကျွန်တော်တို့ သချာင်္ပညာ အသစ်ရှာဖွေတွေ့ထားတယ်…

ဟုတ်လား….

ကျွန်တော်တို့ ကွန်ပျူတာ မသုံးပဲ မြှောက်ဖို့ နည်းလမ်း တွေ့ထားတယ်…

ဟုတ်လို့လား… မဖြစ်နိုင်တာ မြှောက်တာ စားတာတွေက ကွန်ပျူတာက ပဲ လုပ်နိုင်တာ မဟုတ်ဘူးလား…

ဟုတ်ပါတယ်… အခု ကျွန်တော်တို့ လူတွေ ကိုယ်တိုင် မြှောက်လို့ရပြီ…

ဟုတ်လားကွ … တချက်လောက် ပြပါအုံး…

ဒီလိုဗျာ… မြှောက်တယ်ဆိုတာက အကြိမ်ကြိမ် ပေါင်းသွားတာ…

၂×၅=၁၀ ရတယ်ဆိုတာက ၂ ကို ၅ ကြိမ် ပေါင်းသွားတာဗျ….

အဲဒါကို အလီ လို့ သတ်မှတ်ထားတယ်… ၁ အလီကနေ ၉ အလီ ထိ တော့ အလွတ် ကျက်ထားရမယ်..

၂ အလီမှာ ၁ ကနေ ၁၀ ထိ အလွတ်ကျက်ထားရမယ်… အဲလိုပဲ ၉ အထိပေါ့…. နောက်ဆုံး ၉ ဆယ်လီ ထိ ကျက်ထားရမှာပေါ့….

အင်း… ဟုတ်ပါပြီ… ၁၂×၁၅ ကို computer မသုံးပဲ တွက်နိုင်လို့လားကွ….

ဟုတ်… အခု အဲဒီ နည်းလမ်း ရှာတွေ့ပြီဗျ…

၁၂
×၁၅
_____

၆၀

+ ၁၂

______

၁၈၀

၁၂ ကို အရင်ဆုံး ၅ နဲ့ မြှောက်။ ၅ နှစ်လီက ၁၀။ ၀ ရေးပြီးတော့ ၁ တင်လိုက်။ ၅ တစ်လီက ၅ ပဲ။ ၁ တင်ထားတော့ ၁ နဲ့ ထပ်ပေါင်း။ ၆ ရတယ်။ အဲဒီတော့ ၆၀ ရမယ်။ ပြီးရင် ၁ နဲ့ ထပ်မြှောက်။ ဒါပေမယ့် ရေးရင် ရှေ့တစ်လုံး တိုးရေးရမယ်။ အဲဒီတော့ နောက်ဆုံး အလုံး ၀ ကို ဒီအတိုင်းထား။  ၆ နဲ့ ၂ နဲ့ပေါင်းတော့ ၈ ရတယ်။  ၁ က ပေါင်းစရာမရှိတော့ ဒီအတိုင်းထားတော့ ၁၈၀ ရတယ်။ ၁၂ × ၁၅ က အဖြေ ၁၈၀ ။

ခဏ… မယုံသေးဘူး… calculator နဲ့ တွက်လိုက်အုံးမယ်။ ဟာ…. ဟုတ်တယ်။ မဖြစ်နိုင်ဘူး။ ၁၉×၂၃၄၈ လီ တွက်ပြကွာ။

ဟုတ်… ဂဏန်းများရင် တွက်ရတော့ နည်းနည်းကြာတယ်။

ဖြစ်တယ်ကွာ… စောင့်မယ်…

ခဏနေတော့.. ….. ရပါပြီ.. အဖြေက ၄၄၆၁၂ ပါ။

ဟုတ်လား…. ခဏ တွက်ကြည့်မယ်…. မှန်တယ်ကွ…..

ဟုတ်ကဲ့… ဗိုလ်မှုးကြီး… ကျွန်တော် အခု ဒသမတွေ အထိပါတွက်လို့ရတဲ့ နည်းလမ်းတွေ့နေပြီ….

အေး..ကောင်းတယ်..ကောင်းတယ်…. ငါတို့တွေက computer တွေပဲ အားကိုးနေရတာ… နောက်ဆိုရင် ငါတို့တွေ လေယာဉ်မှာ လူမောင်းလို့ ရအောင် လုပ်လို့ရမယ့် လမ်းစပဲကွ…

ဟုတ်တယ် ဗိုလ်မှုးကြီး… နောက်ပိုင်း ဒီကနေပြီးတော့ လူကိုယ်တိုင် မောင်းလို့ရမယ့် လေယာဉ်တွေ ကျွန်တော်တို့တွေ လုပ်နိုင်လာမှာ….

အေး… ဒါ… နိုင်ငံတော် ထိပ်တန်း လျို့ဝှက်ချက်နော်…. မင်းရအောင် လုပ်ကွာ… ငါတို့ လေယာဉ်မှာ လူထည့်မောင်းလို့ရရင်…

computer လို ဒါလုပ် ဒါပဲ လုပ်တာမဟုတ်တော့ပဲ.. လူတွေဆိုရင် ရာသီဥတု အခြေအနေဆိုးလည်း ရအောင် မောင်းနိုင်တယ်… နောက်ပြီး ဉာဏ်နီဉာဏ်နက်လည်းများတယ်… ပစ်ကွက် တစ်ခုမရရင် နောက်တစ်ခုကို လှည့်ပတ်စဉ်းစားတတ်တယ်။ ဒါကြောင့် မင်းရှာတွေ့တာကနေ နောက်ပိုင်း လူမောင်းလို့ရမယ့် လေယာဉ်တွေ ထွက်လာဖို့ ငါမျှော်လင့်တယ်..

စိတ်ချပါ… ဗိုလ်မှုးကြီး…. အခု ထပ်ကိန်းအတွက်ပါ ကျွန်တော် စဉ်းစားနေပါတယ်…. အစားကလည်း အဆင်ပြေတော့မှာပါ……..

3 thoughts on “စားခြင်း

    • မဟုတ်ပါဘူး… ဖတ်ဘူးတာလေး ကောင်းလို့ပါ… စားခြင်း –၂ အတွက် အစပျိုးလိုက်တာ… ရှည်သွားတာ… :D

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>