ဒါပဲကောင်းတယ်

forum တွေမှာ နေရတာထက်နောက်ပိုင်း twitter , facebook တွေထဲကို သွားရတာ ပိုပျော်ဖို့ကောင်းတယ်။ တောင်းဆိုမှုမရှိသလို ပေးဆပ်မှုတွေလည်း မရှိကြဘူး။ ပျော်စရာတွေ မရှိသလို စိတ်ညစ်စရာလည်းမရှိဘူး။ ကိုယ့် status လေးကိုယ်ရေးလိုက်ရုံပဲ။ တစ်ယောက်နဲ့ တစ်ယောက် ငြင်းခုံမှုတွေလည်း ရှင်းသလို ဆွေးနွေးဖို့လည်းမလိုဘူး။ ကိုယ်တစ်ယောက်တည်း အထီးကျန်တာမဟုတ်သလို သံယောဇဉ်တွယ်တာ တာတွေလည်းမရှိဘူး။ လွတ်လပ်ပွင့်လင်း အေးဆေးစွာ နေထိုင်လို့ရတယ်။ တာဝန်တွေ မရှိဘူး။ ဝတ္တရားတွေ မရှိဘူး။ ကိုယ်လက်ရှိဖြစ်နေတဲ့ စိတ်ခံစားချက်လေးတွေ ရေးလိုက်ရုံပဲ။ reply လာတာတွေရှိချင်ရှိမယ်။ မရှိချင်မရှိဘူး။ ရှိလို့လည်း ပျော်စရာမလိုသလို မရှိလို့လည်း ဝမ်းနည်းစရာ မလိုဘူး။ twitter လိုမျိုး facebook လိုမျိုး status update လေးတွေက နောက်ပိုင်း blog တွေထက် တွင်ကျယ်လာနိုင်တယ်။ အများကြီးလည်း ရေးစရာမလိုဘူး။ သူများ ဖတ်မဖတ်လည်း အရေးမကြီးဘူး။ twitter မှာဆို သတင်းတွေလည်းနေ့တိုင်းဖတ်ရတယ်။ facebook မှာဆို မတွေ့တာကြာတဲ့ သူငယ်ချင်းတွေနဲ့ တွေ့ရတယ်။ ပျင်းရင် game ဆော့လို့လည်းရတယ်။ facebook မှာ ကျောင်းက သူငယ်ချင်းတွေအများကြီးပဲ။ ပြိုင်ဆိုင်မှုမရှိဘူး။ ဝေးနေပေမယ့် တစ်ယောက်နဲ့ တစ်ယောက် ဒါ ငါ့သူငယ်ချင်းပါလားဆိုတဲ့ စိတ်လေးတွေ ရှိကြတယ်။ တစ်ယောက်နဲ့ တစ်ယောက်လေးစားကြတယ်။ ပညာတွေလည်း မရှိဘူး။ ပညာလိုချင်တာတွေလည်း မရှိဘူး။ သူငယ်ချင်းတွေ ဒါလုပ်နေပါလားဆိုတဲ့ အသိလေးနဲ့ ပျော်ရွှင်မိတယ်။ ဒါကြောင့် အောင်မြင်ကြတာကိုး…. ဆိုတဲ့ အသိလေးတော့ ရလိုက်တယ်..

7 thoughts on “ဒါပဲကောင်းတယ်

  1. ဟုတ်တယ် ဟုတ်တယ် အဲဒါဟုတ်တယ် .. Mafia ,Street racing ,Heroes and Villians နဲ့ Vampire Wars တွေ ဆော့ရတာပိုပျော်ဖို့ကောင်းသလိုပဲ :P

  2. အယ်.. နာတောင် ပျင်းလို့ တစ်ခေါက်ဝင်ကြည့်တာ.. ခုထိ ပြန်မထွက်နိုင်သေးဘူး.. ဟိ ဟိ :D

  3. ဥပက္ခာတရား လက်ကိုင်ထားပြီး တဖြည်းဖြည်းနဲ့ အခြားသူတွေနဲ့ အနေေ၀း သွေးအေးသွားတဲ့ စက်ရုပ်ဆန်တဲ့ လူသားတွေ ဖြစ်သွားမှာစိုးမိတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>