နယ်ရုပ်

ငါ့ဘဝက နယ်ရုပ်…
ရှေ့တန်းထွက်တိုက်နေတဲ့ နယ်ရုပ်…
တိုက်ပွဲမှာ အသက်ပေးရဲတဲ့ နယ်ရုပ်….

ပွဲနိုင်ဖို့အတွက် အသက်ပေး…
ချကျွေးခံရလည်း ပြုံးပြုံးလေးနဲ့…
နယ်ရုပ်…

တာထွက်တာ နှစ်ကွက်…
နောက်တော့ တစ်ကွက်..
ဘာအရည်အချင်းမှ မရှိတဲ့ နယ်ရုပ်…
အများက သတ်မှတ် သုံးမရတဲ့ နယ်ရုပ်…

ရန်သူ့ရှေ့ခြင်း တွေ့တောင် မလှုပ်ရှားနိုင်တဲ့ နယ်ရုပ်…
နောက်ပြန်ဆုတ်ခွင့်မရှိတဲ့ နယ်ရုပ်…
ဘဝမှာ ရှေ့တိုးဖို့ပဲ ရှိတဲ့ နယ်ရုပ်…
စားမယ်ဆိုရင်တောင် တစ်စောင်းပဲ စားခွင့်ရတဲ့နယ်ရုပ်…

ငါ့ဘဝမှာ ငါက မင်းသား…
ငါ့ဘဝမှာ ငါက မင်းသမီး….
ငါလည်း ရထားဖြစ်နိုင်တယ်..
ငါလည်း မြင်းဖြစ်နိုင်တယ်..
ငါလည်း ဘုန်းကြီးဖြစ်နိုင်တယ်…
ဟဟ…
ငါဟာအကြီးဆုံး မိဖုရားတောင် ဖြစ်နိုင်တဲ့ နယ်ရုပ်…

ရန်သူ့နောက်တန်း ထိုးဖောက်ဝင်ရုပ်..
ဘဝပြောင်းဖို့ ရည်မှန်းချက်နဲ့ ရှေ့ဆက်…
ငါဟာ နယ်ရုပ်…

နောက်တန်းက ဘုရင့် အမှုတော် ရဲရဲ ဝင့်ဝင့်ထမ်းရွက်…
ဘုရင့်အနား ကာကွယ်ခွင့်တောင်မရတဲ့ နယ်ရုပ်…
နယ်ရုပ်တွေက အများကြီး…
ဒါပေမယ့် ငါကမင်းသား…
ငါက မင်းသမီး…
ငါ့ဘဝပြောင်းမယ် ယုံကြည်…
ရှေ့တန်းကို ထွက်ကာ တိုက်မယ်…
အသက်ပေးကာ ပေးဆပ်လိုက်မယ်..
မသေရင်တော့ ဘဝရအောင် ပြောင်းပလိုက်မယ်…

နောက်တချိန် ငါမိဖုရား…
မင်းတို့အားလုံးထက် သာစေရမယ်…
တစ်ပွဲလုံး အနိုင်သိမ်းမယ်…
တဖက်ဘုရင် ငါ့လက်အောက်….
ကျဆုံးစေမယ်…
မင်းတို့တွေ စောင့်ကြည့်ထား…

(Facebook တွင် မဟန ပို့သော PM ဖတ်ပြီး ရေးမိလိုက်သည်)


8 thoughts on “နယ်ရုပ်

  1. ဟမ်…. O_o စေတန် မိဖုရားဖြစ်ချင်တယ်ဆိုပါလား မစဉ်းစားရဲဘူး ဘယ်လိုများဖြစ်သွားပါလိမ့် အရင်တစ်ပါတ်အထိကို ပုံမှန်ပဲရှိပါသေးတယ်။ :P

    • အစ်မ ဟန ရဲ့ PM ပါဆိုမှ… ခွိခွိ… ကျွန်တော့် အကြောင်းရေးထားတာ မဟုတ်ဘူး.. :D အစ်မ ဟနက နယ်ရုပ်လေးတွေ သနားဖို့ကောင်းတယ်ဆိုလို့ ရေးလိုက်တာ… :D

  2. ကဗျာဖတ်ရင်း ရင်ဘတ်ထဲမှာ မျက်ရည်၀ဲသွားတယ်ဗျာ။

  3. မိုက်တယ်ဗျာ အခုမှဖတ်မိတာ နောက်တောင်ကျသွားတယ် ကောင်းတယ် လုံး၀ခိုက်သွားပီ

  4. Pingback: Saturngod» Blog Archive » ဘုရင်

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>