ပညာရေးခေတ်ပြောင်း

လွန်ခဲ့တဲ့ ၂ ရက်က C# လုပ်ကြည့်အုံးမှ လို့ စဉ်းစားမိတယ်။ C# နဲ့ ပတ်သက်ပြီး လုပ်စရာလေးတွေ ရှိလာလို့လေ။ ဒါပေမယ့် စာအုပ်တွေလည်း မဖတ်ဖြစ်ဘူး။ C# ကို အခုအချိန်မှာ ဖတ်ဖို့ အချိန်မရှိဘူး။ အခြေခံကနေ စဖတ်ရမှာလည်း ပျင်းတယ်။ အရင် VB.NET လုပ်ဖူးတယ်။ C# ကို တစ်ခါမှမလုပ်ဘူးဖူး။ သူငယ်ချင်းအတွက် နည်းနည်းလေး လုပ်ပေးတာလောက်ပဲ ရှိဘူးတယ်။ အရင်က VS 2008 မှာတောင် C# ကို မသွင်းဘူး။ အခုတော့ VS 2008 သွင်းပြီး C# ကို စဖွင့်လိုက်တယ်။ messagebox ဖော်ပြဖို့ code လေး စရေးမယ်ဆိုပြီး ပြင်လိုက်တယ်။ စပါပြီဗျာ… ရေးကြည့်တယ်… မရ… error… ကိစ္စမရှိ… googling လုပ်လိုက်တယ်။ ချက်ခြင်း ထွက်လာတယ်။ ရေးလိုက်တယ်။ အိုကေ သွားပြီ။ message box က ok , cancel ကိစ္စ စစ်ဖို့အတွက် ကိုယ့်ဘာသာ ကိုယ် စမ်းရေးတယ်။ မရ။ ထုံးစံအတိုင်း googling လုပ်လိုက်တယ်။ ပြီးတော့ ရေးကြည့်တယ်။ ရသွားပြန်ကော။ နောက်တစ်နေ့ သူငယ်ချင်းက သူရေးတာမရလို့ဆိုပြီး processor killer လေး ရေးခိုင်းတယ်။ လက်ရှိ run တဲ့ porcess ထဲက process တစ်ခုကို ပိတ်ဖို့အတွက်ပေါ့။ မိနစ်ပိုင်းတောင် မကြာဘူး။ googling လုပ်လိုက်တယ်။ sample code လေးရတယ်။ run တော့ error နည်းနည်းရှိတယ်။ ပြင်လိုက်တယ်။ အိုကေသွားတယ်။ GUI တွေ မွမ်းမံ process call ပါ စမ်းကြည့်လိုက်တယ်။ အံ့ဩဖို့ကောင်းလှအောင် error မတက်ဘူး။ ဘယ်တက်မလဲ… VS က process. လို့ရိုက်လိုက်တာနဲ့ အများကြီးကျလာတယ်။ description တွေ ဖတ်ပြီး လုပ်လိုက်တာ ရရော။ မရလည်း googling လုပ်။ ရမှာပဲလေ။ ဒီနေ့ လက်ရှိ data သိမ်းထားတာက XML … အဲဒီ data ကို ဖတ်ပြီး HTML file တစ်ခုထုတ်ပေးရမှာ။ အရင်က PHP နဲ့ရေးထားတာ။ ဒါပေမယ့် ပေးလို့မရဘူး။ PHP run ဖို့ အဆင်မပြေလို့တဲ့။ ဒါနဲ့ C# နဲ့ ရေးပေးဖို့ ဆုံးဖြတ်လိုက်ပြီး ရေးလိုက်တယ်။ XML ဖတ်ဖို့အတွက် googling လုပ်လိုက်တယ်။ code အချို့ရတယ်။ ကိုယ့်ဘာသာကိုယ် နည်းနည်းပါးပါး စမ်းလိုက်တယ်။ ပြင်လိုက်တယ်။ ကိုယ်လိုချင်တဲ့ပုံရရော။ နောက်တစ်ဆင့် file write အဆင့်။ အဲဒါလည်း googling လုပ်တာ code က ရရော။ ရတဲ့ code ကို နည်းနည်း ပြင်လိုက်တာ အိုကေပါလေရော။ C# ကို ၂ ရက်တည်းနဲ့ တော်တော်လေး ရေးနိုင်သွားတယ်။ အင်တာနက် မရှိရင်တော့ မရေးတတ်တာအမှန်ပဲ။ ကျွန်တော်ပြောချင်တာက အင်တာနက် ခေတ်ရောက်လာတာနဲ့အညီ ပညာရေးခေတ်ကလည်း ပြောင်းလဲလာပြီ။ ဟိုးအရင်တုန်းက သင်တန်းတွေမှာ သွားတက်ရတယ်။ အချိန်တွေ အများကြီး ငွေတွေ အများကြီး အကုန်ခံပြီး ပညာနောက်လိုက်ရတယ်။ နောက်တော့ ebook တွေ ပေါ်လာတော့ self-study တွေ ဖြစ်လာတယ်။ ငွေကုန် သက်သာတယ်။ သင်တန်းသွားတဲ့ အချိန်ကုန်သက်သာလာတယ်။ ကိုယ် အားတဲ့ အချိန် ကိုယ်ဖတ်ရုံပဲ။ ကိုယ်လုပ်မှ ကိုယ်ရတယ်ဆိုတဲ့ အသိလေးတွေ တိုးတက်လာတယ်။ လက်ရှိမှာတော့ ebook တောင် မလိုတော့ဘူး။ အခြေခံရှိပြီးပြီဆိုရင် googling လုပ်လိုက်ရုံနဲ့ အဆင်ပြေနေပြီ။ ရှာမတွေ့တဲ့ code တွေဆိုလည်း သက်ဆိုင်ရာ forum မှာ မေးမြန်းလို့ရနေပြီ။ ပညာရေးအတွက် အချိန်ကုန် အရမ်းသက်သာနေပြီ။ ကျွန်တော်တောင် C# ကို ၂ ရက် တည်းနဲ့ တော်တော်သိသွားတယ်လေ။ အခြေခံရှိတာလည်း ပါမှာပေါ့။ အင်တာနက်ရှိနေရင် coding တွေ ရေးရတာ အရမ်းလွယ်လာတယ်။ ebook တွေ လှန်နေစရာမလိုဘူး။ စာအုပ်အထူကြီးတွေ မလိုဘူး။ အင်တာနက်ရှိနေတာနဲ့ အဆင်ပြေနေတာပဲ။ ရေးရတာတွေ မြန်လာတယ်။ အချိန်ကုန် သက်သာလာတယ်။ ငွေကုန်သက်သာလာတယ် (အင်တာနက်ဖိုးတော့ ကုန်တာပေါ့)။ ဒါကြောင့် အိမ်တိုင်းမှာ အင်တာနက်ရှိရင် လူတိုင်း အင်တာနက် ပေါပေါသုံးနိုင်ရင် privacy ရှိရှိလေး သုံးနိုင်ရင် ပညာရေး ခေတ်ပြောင်းလဲ လိုက်လို့ရနေပြီ။ ဒီထက် connection ရှိနေရင် မြန်မာနိုင်ငံ အနေနဲ့လည်း အခြားနိုင်ငံတွေလို e-learning လုပ်လာနိုင်ရင် လက်ရှိ လူငယ်တွေအတွက် အကျိုးကျေးဇူးတွေ အများကြီးပဲဗျာ….

One thought on “ပညာရေးခေတ်ပြောင်း

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>