ဘုရင်

ငါသည် ဘုရင်
ငါသည် အရှင်သခင်။
ငါ့အပါး ခစားသူအများ။

ရှေ့တန်းမထွက်
နောက်တန်းကနေ
ကွပ်ကဲနေလျက်
တိုက်ပွဲများစွာ တိုက်ခိုက်လေ၏။

နယ်ရုပ်များစွာ
အသက်ပေးလျက်
ငါ၏အမှုတော်
ထမ်းရွက်လှသည်။

တချက်မညှိုး
သူတို့မျက်နှာ
ကြားမိတိုင်းလည်း
ငါရင်မှာကား
ညှိုးမိလေသည်။

တဖက်ရန်သူ
တိုက်ခိုက်လေခါ
အမတ်များစွာ
ကာကွယ်ပေးသည်။

လိုအပ်ရင်ကွယ်
ရထားကလည်း
နေရာလဲကာ
ကာကွယ်ရှာတယ်။

ငါကျရှုံးရန်မဖြစ်။
ငါသည် အရှင်။
ငါသည် သခင်။

ငါရှုံးနိမ့်သော
ငါ့အပါး ခစားသူများ
ငါ့အား ကိုးစားသူများ
ငါ့အား ကိုးကွယ်သူများ
ငါ့စောက်ရှောက်မှုအောက်
ရှိကုန်ကြသော
အရာအားလုံး ပျက်စီးနတ္ထိ
ဖြစ်လေလတ္တံ။

အသက်များစွာ
စတေးပေးလျက်
အရာအားလုံးအတွက်
ငါ့အားကိုးစား
ငါ့အားယုံကြည်
မနှမြော အသက် ပေးဆပ်ကြသည်။

ငါမကောင်းသော်
သူတို့အားလုံး ပျက်စီးတော့မည်။

ငါညံ့ဖျင်းသော်
သူတို့အားလုံး ပျက်သုန်းလိမ့်မည်။

ငါသုံးမရသော်
ငါကိုယ်တိုင်လည်း ပျက်စီးရလတ္တံ။

စစ်မြေမြင်ကား
လှည့်စားသဘော။
မဟုတ်ကို အဟုတ်ထင်။
အမှန်ကို အမှားထင်။
လှည့်စားရန်သူ
ထောက်ချောက်ထဲသို့
ဆင်းသက်ရတတ်။

ငါအနားအမြဲ
ရှိနေတတ်သည့်
စွမ်းထက်မိဖုရားလည်း
လှည့်စားရန်သူ
လက်ချက်များကို
မရှောင်ကွင်းနိုင်
ကျဆုံးရလတ္တံ။

ငါ့ဘဝဖြစ်အင်
သူကျဆုံးလည်း
ဝမ်းနည်းခွင့်မရှိ။

ငါ့ပါးအနား
ခစားနေတဲ့
လူများကိုကွယ်
ကြည့်ရလိမ့်မယ်။

ရှေ့သို့ချီတက်။
တိုင်းပြည်ကာကွယ်။
တိုင်းပြည်ရေးကို
အောက်မေ့ကာလို့
နာကျည်းခံစား
မေ့ထားလိုက်မယ်။

ငါ့တပ်သားများ
မလျော့လုံလံ
ရှေ့သို့ တက်မယ်။

နယ်ရုပ်များလည်း
ရှေ့တန်းထွက်ကာ
တိုက်ကြလေပြီ။

အားကြိုးမာန်တက်
တိုင်းပြည်အတွက်
ရှိသမျှ ဉာဏ်စွမ်း
ရှိသမျှ ပညာ
ထုတ်ကာ တိုက်ပေတော့မယ်။

2 thoughts on “ဘုရင်

  1. ကဗျာ အိုင်ဒီယာလေး ကောင်းတယ်။ ကဗျာဆရာလုံးလုံး ဖြစ်နေပါပေ့ါလား။
    ;)
    အရှင်ကြီး အရှင်လေးတွေ မကြိုက်တဲ့ အမဲဟင်းလျာစားတဲ့ပြည်ပေါက်လူမျိုးခြားမိဖုရားဆိုပဲ။

    • အဲဒါက ဘာကြီးလဲဟင်… အစ်မ..

      အရှင်ကြီး အရှင်လေးတွေ မကြိုက်တဲ့ အမဲဟင်းလျာစားတဲ့ပြည်ပေါက်လူမျိုးခြားမိဖုရားဆိုပဲ။

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>