မလုပ်ဖြစ်ခြင်းများ

လုပ်မယ် လုပ်မယ် လို့ ကိုယ့်ဘာသာကိုယ် ကတိပေးထားပြီး မလုပ်ဖြစ်တာတွေက

  • jquery ကို ပြီးအောင်ရေးပေးမယ်ဆိုပြီး တိုးလို့တန်းလန်း
  • css ရေးပေးမယ်လို့ကိုကိုရဲ ကို ကတိပေးထားပြီး အခုထက်ထိ ပြန်မရေးဖြစ်သေး
  • Ornagai Lite version ထုတ်ပေးမယ်ဆိုပြီး အခုထက်ထိ lite အတွက် သီးသန့် မလုပ်ဖြစ်သေး
  • edu နဲ့ mz code ကိုတောင် ပေါင်းပြီး MZ blog လုပ်မယ်ဆိုပြီး အခုထက်ထိ မတင်ဖြစ်သေး
  • zawgyi js font embed ထုတ်ပေးမယ်ဆိုပြီး မလုပ်ဖြစ်သေး
  • wordpress zawgyi embed fix လုပ်မယ်ဆိုပြီး အခုထက်ထိ မလုပ်ဖြစ်

လုပ်မယ် လုပ်မယ်နဲ့ မလုပ်ဖြစ်တာတွေ တော်တော်များနေပြီပဲ။ အေးဗျာ.. အရေးကြီးတာ အရင်လုပ် ဆိုတဲ့အတိုင်းပဲ အရေးကြီးတာတွေ အရင်လုပ်လိုက်တာ တချို့ ကိစ္စတော်တော်များများ မလုပ်ဖြစ်တော့ဘူး။ အရေးကြီးတာတွေက တောက်လျှောက်ပဲလာနေသလိုပဲ။ တစ်ခုပြီး တစ်ခု မရပ် မနားတောက်လျှောက် ဖြစ်နေတော့ တစ်ခါတစ်လေ စဉ်းစားမိတယ်။ အရေးကြီးတာဆိုတာက ဘာလဲ။ အရေးကြီးတာရဲ့ အချိန် ၁၀ ပုံ ၁ ပုံလောက် ဖယ်ပြီး အရေးမကြီးတာလေးတွေ လုပ်ရင် မကောင်းဘူးလား။ အခုတလောတော့ MZ 2.0 ကို သေသေချာချာ ပြန်လုပ်ရမယ်။ iPhone application ကိုလည်း လေ့လာစရာတွေ ရှိသေးတယ်။ Custom Keyboard ကို current app မှာ ဘယ်လို လုပ်ရမလဲဆိုတာကို သိဖို့ လိုတယ်။ ဒါမှ မြန်မာ english dictionary ကို ဖန်တီးလို့ရမှာ။ Django လေ့လာမယ်ဆိုပြီး python အခြေခံကိုတော့ လမ်းသွားလမ်းလာ အချိန် ဖတ်နေရတယ်။ Mongo DB လုပ်ချင်တာတွေက အရမ်းများနေတယ်။

။ ရုံးမှာကတော့ ရုံးအလုပ်ပဲ လုပ်နိုင်တာကတော့ သေချာတယ်။ထိုင်ခုံ နေရာက ပြောင်းသွားတော့ အရင်ကလို ခေါင်းစားတဲ့အခါမှာ ဖတ်ပြီးသား One Piece ကာတွန်း ပြန်ဖတ်တာတို့ ပြန်ကြည့်တာတို့ လုပ်လို့ မရ။ ခေါင်းစားရင်း ခဏလောက် မှောက်အိပ်တာပဲ လုပ်ဖြစ်တော့တယ်။ တစ်ခါတစ်လေ လူတစ်ယောက်တည်း အလုပ် ၂ ခုလောက် လုပ်နေရတာ တော်တော်ကောင်းတယ်ဗျ။ MZ 2.0 ကို လုပ်ရင်းပျင်းလာရင် python ဖတ်။ python ပျင်းလာရင် mongo လည်း နည်းနည်း ကလိလိုက်။ ဒီလိုနဲ့ပဲ စနေ တနင်္ဂနွေ ဘယ်လိုလုပ် ကုန်မှန်း မသိကုန်။ ဘာပြီးလဲဆိုတော့ ဟိုနည်းနည်း ဒီနည်းနည်းပဲ ဆိုရမလိုပဲ။ တနေ့ တနေ့ အချိန်ကုန်တာက သတင်းတွေ ဖတ်နေရတာပဲ။ Mashable မှာ ပြောသလို boss က တနေ့ ကို Techcrush ဖတ်တာရယ် Mashable ဖတ်တာရယ် Google Reader  ဖတ်တာရယ်နဲ့တင် နေ့တဝက်လောက် နီးပါး ကုန်သွားတယ်ဆိုတာ မျိုးဖြစ်နေပြီ။ အိမ်ပြန်ရောက်ရင် သတင်းတွေ ဖတ်တာနဲ့တင် လူက ဘာမှ ထပ်မလုပ်ဖြစ်။ Puls iPad app ကိုတော့ လကုန်ရင် ဝယ်တော့မယ်။ စမ်းသုံးကြည့်တာ တော်တော်လေးကို ကောင်းတော့ ခိုးသုံးရမှာ စိတ်မသန့်ဘူး။ ဒါကြောင့် ဝယ်ဖို့ ဆုံးဖြတ်လိုက်တာ။

မနက်ရောက် ရုံးသွား။ ရုံးပြန် သတင်းဖတ်။ blog ရေး။ ပြီးတော့ ပြန်အိပ်။ စနေ တနင်္ဂနွေ ရောက်တော့ တခြား လုပ်စရာ ရှိတာလေးတွေလုပ်။ အပြင်သွားရင်သွား ။ မသွားရင်လည်း မနေနိုင်ဘူး ဗျ။ တပတ်မှာ ၁ ရက်လောက်ပဲ အပြင်ထွက်ခွင့်ရတာကို။ တစ်ခါတစ်လေကျပြန်တော့လည်း ရုံးက urgent ခိုင်းထားတာလေးတွေရှိရင် အပြင်တောင် မထွက်ဖြစ်ပါဘူးဗျာ။ ရုံးက ခိုင်းတာလေးတွေ ခဏလောက်ပေးလိုက်တာနဲ့ အပြင်ထွက်ဖို့ အချိန်ပျောက်သွားရော။ လုပ်ချင်တာတွေကိုတော့ တန်းစီချရေးထားရမယ်။ အခုတော့ လုပ်ချင်တာတွေထဲက လုပ်သင့်တာတွေကို အရင်ဆုံး ဦးစားပေးလုပ်နေရတာပေါ့။ ကဲ.. အခုတော့ မရေးတာ ကြာပြီဖြစ်တဲ့ en blog လေး ခဏလောက် သွားရေးလိုက်အုံးမယ်။


4 thoughts on “မလုပ်ဖြစ်ခြင်းများ

  1. အကုန်အရေးကြီးလာရင် အဲဒါ ဘယ်ဟာမှ အရေးမကြီးတော့ဘူးတဲ့ Rework ထဲမှာပါတာ ။ :)

    • wow…. ဒါဆိုရင်တော့ rework ကို မဖြစ်မနေ ဖတ်လိုက်အုံးမယ်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>