မအားတဲ့နေ့ရက်များ

ဘာတွေမအားမှန်းတော့ မသိပါ။ ကိုယ့်ကိုယ်တောင် သေသေချာချာမသိဘူး။ တနေ့တနေ့ ဘာမှတောင် မလုပ်ရသေးဘူး ကုန်သွားပြန်ပြီ။ မီးလာချိန်ကတော့ မဆိုးပါဘူး။ အလှည့်ကျပဲပေါ့။

မီးမလာရင် အပြင်ထွက်ကာ လုပ်စရာလုပ်။
မီးလာတော့ computer ရှေ့မှာ တကုတ်ကုတ်။
အိမ်အလုပ်တော့ တို့မလုပ်။
အိမ်ကပြောတော့ တုတ်တုတ်မလှုပ်။
ဆူတာ ဆဲတာ မဆန်းတာ။
အိမ်အလုပ်မှ မလုပ်တာ။
ဘာတွေ ရှုပ်မှန်း မသိပါ။
တနေ့ကုန်ပြန်ပြီဗျာ။

 

ဘာတွေမှန်းမသိအောင် အခုတလော ရှုပ်နေတယ်ဗျာ…. blog ရေးမယ်လုပ်လိုက်… မအားလိုက်နဲ့့ပဲ… အခုတောင် file upload တင်နေလို့ စိတ်ထဲရှိတာ ရေးလိုက်တာပါဗျာ..

2 thoughts on “မအားတဲ့နေ့ရက်များ

  1.  အဟဲ တနေ့တနေ့ ဘာတွေသွားသွားရှုပ်နေလဲမှ မသိတာ။ မီးမလာရင် အပြင်မထွက်ဘဲ စာဖတ်နေလေ။ … ဘတ်စကားပတ်ပတ်စီးပြီး ကျရာတာ၀န်တွေ ထမ်းဆောင်နေရပုုံပဲ ကိုုစေတန်ကြည့်ရတာ။ အဲ့ဒါလေးတွေ လျှော့ထား လျှော့ထား။ =P မကျေနပ်ရင် သူ့ကိုု ပစ်ထားလိုုက်။ အဟိ။ 

    -W

  2. ဖတ်စရာစာအုပ်ဆိုလို့ ဗုဒ္ဓနှင့် ဗုဒ္ဓဝါဒ စာအုပ်နဲ့ ပျူအကြောင်း စာအုပ်တွေပဲရှိတယ်တော့တယ်။ စာအုပ်ဖတ်ရင်း ဖတ်ရင်း တောထွက်သွားမှာ ဆိုးလို့… =P မြန်မာတွေကို သနားလို့ စာအုပ်တွေ လျော့ဖတ်နေတာ…. Computer စာအုပ်တွေက ဒီမှာ ဝယ်လို့မရသလို library ကလည်း အောက်နေပြီ… ဝယ်လို့ရတာဆိုလို့ ဘုရားစာအုပ်တွေပဲ… ဘုရားတရားစာအုပ်တွေတော့ ကောင်းကောင်းဝယ်လို့ရတယ်.. အမြဲတန်း အသစ်ထွက်တယ်.. လိုချင်ရင်ပြော ပို့ပေးလိုက်မယ်.. =) အခုတော့ computer နဲ့ဆိုင်တာဆိုလို့ ebook လေးဖတ်လိုက် ဂျာနယ်လေးဖတ်လိုက်ပဲ လုပ်နေရတယ်.. စလုံးမှာလို နေရတာဟုတ်ဘူးဗျ… အားတိုင်း စာအုတ်ဖတ်ချင်ရင်တောင် လိုချင်တဲ့စာအုပ် ရှာမရဘူး.. မီးလာမှ ebook လေးဖတ်ရတဲ့ဘဝ.. ပြောရင်းနဲ့ ကိုယ့်ကိုယ်တောင် သနားလာပြီ… =(

     

    PS: တချို့ ကိစ္စများသည် ပစ်ထားလျှင် နောက်ပိုင်း ရှင်းရခက်သည်။ ထို့ကြောင့် ယခု အပင်ပန်းခံခြင်းသည် နောင်အတွက် အကျိုးရှိ၏…. =P

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>