Ask Question in MZ User
12

အတိတ်သို့ တမ်းတခြင်း

Posted November 18th, 2009 in nothing and tagged by saturngod

သူများတွေ ဂိမ်းဆော့တဲ့ ၅ တန်းအရွယ် ငါ game ဆော့တယ်...
သူများတွေ ဂိမ်းဆော့ဆဲ ၆ တန်းအရွယ် ငါကတော့ လက္ခဏာစာအုပ်တွေနဲ့ ရူးခဲ့တယ်...
သူများတွေ ကောင်မလေးတွေ အကြောင်းပြောကြတဲ့ ၈ တန်း အရွယ် ငါ မျက်လှည့်ကို အရူးအမူးပဲ...သူများတွေ ရည်းစားထားကြတဲ့ ၉ တန်း အရွယ် ငါကတော့ မျက်လှည့် စာအုပ် ဗေဒင်စာအုပ်တွေ မအားခဲ့...
သူများတွေ ငွေကုန်ခံပြီး ရည်းစားတွေထားကြတယ်.. ငါကတော့ ငွေကုန်ခံပြီး စာအုပ်တွေ ဝယ်ခဲ့တယ်...
သူများတွေ အပျော်ကြီးပျော်တဲ့ ဆယ်တန်းကျောင်းပြီးချိန်...

ငါကတော့ DSE လေးတက်ပြီး programming ကို စတင်ထိတွေ့ခဲ့ပြီ...
သူများတွေ ပျော်ကြတဲ့ first year fresher ဘဝ.. ငါကတော့ DSE စာမေးပွဲနဲ့ ခေါင်းတွေ ရှုပ်နေခဲ့တယ်..
second year ရောက်တော့ ကျူရှင်တွေတက် စာတွေကျက်ပေါ့... ငါကတော့ ခပ်စုတ်စုတ် computer ထဲမှာ ခေါင်းတွေ နှစ်ပြီး ပေါက်ကရတွေ လုပ်ပေါ့...
thrid year မှာ ရှုပ်ရှက်ခက်တဲ့ လူငယ်ဘဝ.. ငါလည်း ထို့အတူ ရှုပ်ရှက်ခက်ခဲ့... လူနားမလည်တဲ့ စကားကြီးစကားကျယ်တွေကတော့ ပြောမြဲပြောဆဲ...
Hons ရောက်တော့ ဘဝအဆစ်အပြောင်း... ပြောင်းသူကပြောင်း ... ကောင်းသူကကောင်း... ငါကတော့ မပြောင်း... programming နဲ့ပဲပေါင်း.. ကျောင်းစာကို ဂျောင်း..... ကျူရှင်လည်း ညောင်း... အနီးကပ်မှ အပြတ်အောင်း.... ( 2 subject 1 night ကိုဆိုလိုခြင်းဖြစ်သည် )
DSE = Diploma in Software Engineering
အခုအချိန်မှာ ပြန်ကြည့်ရင် ကိုယ့်ဘဝကိုယ်တောင် သနားတယ်။ ဟိုးငယ်ငယ်တုန်းက လူငယ်ဘဝ ပြန်မရနိုင်တော့ဘူးပဲ.... သူငယ်ချင်းတွေကတော့ အားပါးတရ လူငယ်ဘဝကို အသုံးချခဲ့ကြပေမယ့်... ငါကတော့ လူငယ်ဖြစ်ခဲ့တယ်ဆိုတာလေးပဲ ရှိခဲ့ပါလား..
မနက်ဖြန် Art Of Love ပြန်ရေးသားမည်။ စောင့်ဖတ်ကြကုန်သော်....

12 Responses so far.

  1. kom says:

    ထူးရင်ထူး.မထူးရင် ရုးသတဲ့

  2. kom says:

    အဲသလိုကြောင့်မို့လို့လဲ နာမည်တလုံးရတာပေါ့။ နောင်တ မရပါနဲ့လေ။ အောင်မြင်သူတေါ ဟာ ကိုယ်ကျိုးစွန့်မှ အောင်မြင်တာရယ် အပျော်အပါးမက်နေလို့ကတော့ .......ငွေကုန်တယ် အချိန်ကုန်တယ။် ပြွဲိကို့်တဲ့ကိုယ့်နစ်မရယ်ဖြစ်သွားမယ်။ အဲလေ.ပွဲကြိုက်မောင်ဖြစ်သွားမယ်။

    • saturngod says:

      just writing.... ကိုယ့်ဘဝကိုတော့ ကိုယ်ကျေနပ်တယ်... :D အဲတုန်းက သူတို့ပြောတာ ကိုယ်နားမလည်.. ကိုယ်ပြောတာတွေ သူတို့ နားမလည်အချိန်ပေါ့... LOL

  3. 99 says:

    sometime i felt like that too..

    But when u do the most people don't, you become unique.
    U did many things in IT field that support to Myanmar community by using your own free times and effort.
    we all need someone like you in our community. Thanks you.

  4. kophon says:

    I think I should sing the song of Chris Daughtry....
    What about now??

  5. အော်.. သူများတွေ အဲလိုကြိုးစားခဲ့တာပေါ့လေ....
    ကိုယ်တို့ကတော့ လေကောင်းတုန်း... :)

  6. pm says:

    သူများအကြောင်းဖတ်တော့ ကိုယ်နဲ့နှိုင်းယှဥိမိတယ်
    ငယ်တုန်းက မျက်လှည့်ပြချင်တယ်
    စက္ကောမရဲ့မျက်လှည့်ပြနည်း ၁၀၀ စာအုပ် တို့
    လမ်းဘေးက မျက်လှည့်ရောင်းတဲ့ ဆိုင်လေးမှာ အချိန်အကြာကြီး သုံးဖူးတယ်
    ကြီးလာတော့ programming ဘက်မရောက်ပါဘူး Flash ဘက်ရောက်
    နည်းပညာ တက္ကသိုလ်ဆိုတာ ၁ လ ခွဲကျော်လောက်ပဲ သွားတတ်ဖူးခဲ့တာ။
    ^_^

  7. kom says:

    အဲဒါနဲ့ နောက်ဆုံး pm ဘာဖြစ်သွားသလဲ.

  8. kom says:

    ရုးသွားလား။

  9. Phyo Paing says:

    Ko saturn, how long does it take to become a programmer, i mean a professional one? But when i found out a blog edited by a programmer. He said at least 10 years. Is it true?
    I think you contribute to the Myanmar community for the development of IT field. And i don't like the manner of most people in the IT field, mostly burmese like Chill hill, are so proud of themselves. But i know u are not like them.

  10. saturngod says:

    တကယ့်ကို professional ဖြစ်ချင်ရင် တကယ်လုပ်။ အခြား ကိစ္စတွေ ခေါင်းထဲထည့်မနေနဲ့။ သူများတွေ ပြောနေတာတွေလည်း နားမယောင်နဲ့ ကိုယ် ဝါသနာပါတာကို ကိုယ်လုပ်။ ကိုယ်ဝါသနာပါတာဆို ၁၀ နှစ်လည်း လုပ်ပေါ်တာပဲ။ လုပ်ငန်းခွင်ထဲရောက်နေတဲ့ professional တစ်ယောက်က programming ကို အနည်းဆုံးတော့ ၅ နှစ်လောက် လေ့လာထားဖူးတာပဲ။

Leave a Reply