ပေါက်ကွဲတော့မည်လော

ဒီတစ်ခေါက် Personal Computer Magazine မှာ Unicode နဲ့ ပတ်သက်ပြီး တော်တော်လေး ပြည့်ပြည့်စုံစုံပါလာတာ တွေ့ရတယ်။ အဓိကအကြောင်းကတော့ ဇော်ဂျီကြီးပဲ တစ်ဝက်နည်းပါလောက် ပါလာတယ်။ Unicode ကို ဘယ်လို ကောင်းအောင် ဆက်လုပ်မယ်ဆိုတာထက် ဇော်ဂျီသုံးချင်း မသုံးချင်း အကျိုးအပြစ်တွေ တော်တော်များများပါတယ်ဗျ။ နောက်ပြီး ကိုရဲမြတ်သူရဲ့ ပြောချက်လေးတွေ ပါလာတာကိုလည်း တွေ့ရတယ်။ အထူးအဆန်း စကား တစ်ခုက MCPA ထဲကို ဇော်ဂျီ cell လေးတွေ ရောက်သွားတယ်ဆိုတဲ့ စကားလေးပါပဲ။ ရယ်လည်းရယ်ဖို့ကောင်းတယ်။ တော်တော်များများကို လက်ရှိ ဇော်ဂျီဟာ unicode စံမဟုတ်ဘူး။ 4.1 အတိုင်းလုပ်ထားတာလည်း မဟုတ်ဘူးလို့ ပြောထားတာတော့ အမှန်ပဲဗျ။ စံရှိမှ ဖြစ်မယ်ဆိုတာလည်း သေချာတာပေါ့။ ကျွန်တော့်အနေနဲ့ ဇော်ဂျီဟာ ဇော်ဂျီလို့ပဲ ထင်တယ်။ ကျွန်တော် unicode လည်း စိတ်မဝင်စားဘူး။ မြန်မာစာလည်း ဝါသနာမပါဘူး။ ကိုယ်လုပ်နေတဲ့ project တွေနဲ့ အဆင်ပြေမယ့် font တစ်ခုကိုပဲ ယူသုံးတာပဲ။ နောက်ပြီး မြန်မာစာ unicode က 100% သေချာပြီ။ ထပ်ပြောင်းစရာမရှိဘူး။ နောက်ပြီး Windows , Linux , Mac တို့ကလည်း ဒါပဲ ပါလာပြီ။ ဒါကိုပဲ support လုပ်ပြီဆိုတာနဲ့ လက်ရှိဟာတွေအကုန်လုံးကို one-click လေးနဲ့ ပြောင်းလို့ရအောင် ရေးလို့ရတဲ့အတွက် ပေါက်ကွဲမယ်လို့တော့ ကျွန်တော် မထင်ဘူး။ font က အဓိကမဟုတ်ဘူးလို့ထင်တယ်။ font ဆိုတာ လိုအပ်ရင် ပြောင်းလဲလို့ရတယ်။ CE , Win စတဲ့ ခေတ်တုန်းကတောင် တစ်ယောက်တစ်မျိုးလုပ်ခဲ့တယ်။ ဒါပေမယ့်လည်း convertor တွေနဲ့ ပြန်ပြောင်းလို့ ရခဲ့တယ်။ ဒါကြောင့် Zawgyi ကနေ Unicode 5.1 သာမက နောက်ပိုင်း နိုင်ငံတကာ အကုန်လုံးက support လုပ်ထားတဲ့ စံ unicode ကိုလည်း ပြောင်းလဲနိုင်မယ်။ အခုအချိန်မှာတော့ Unicode 5.1 မြန်မာစာက Win မှာ မပါသေးသလို Linux က Fedora တစ်ခုမှာတော့ ပိတောက် font ပါလာတာပဲရှိသေးတယ်။ အခြား Linux တွေမှာတော့ လက်ရှိ အထိတော့ မပါသေးဘူးဗျ။ ဒါပေမယ့် တချိန်ရောက်ရင် ဖြစ်လာမှာပါ။ အဲဒီအချိန်မှ ပြောင်းသုံးလည်း နောက်မကျဘူး။ ကျွန်တော့် project တွေအားလုံးကို one-click convertor လေး ကိုယ့်ဘာသာကိုယ် ရေးပြီး ပြောင်းနိုင်မယ်လို့လည်း ယုံကြည်ပါတယ်။

4 thoughts on “ပေါက်ကွဲတော့မည်လော

  1. personal computer magazine ဆိုလို့ပြောလိုက်ပါဦးမယ်… အဲဒီမဂ္ဂဇင်းကဆောင်းပါးရှင်ပုဂ္ဂိုလ်ကျော်တွေဟာ တော်တော်လူတတ်လုပ်ချင်ကြတာပဲ… နောက်ပြီး သူတို့ ပုဂ္ဂိုလ်ရေးမကြည်တဲ့သူဆိုရင် နည်းနည်းလေးနှိပ်လိုက်မယ်…သူတို့ကြည်တဲ့သူဆိုရင် သာသာထိုးထိုးထည့် ပေးလိုက်မယ် ဆိုတဲ့စတိုင်နဲ့… ဒီကောင်တွေ ဘာရည်ရွယ်ချက်နဲ့ ဒီမဂ္ဂဇင်းထုတ်တာလည်း မသိဘူး။

    ဇော်ဂျီဟာ ဇော်ဂျီပဲပေါ့… သူတို့ကိုယ်တိုင်ကော web မှာ blog တစ်ခုလောက်လုပ်ကြည့်လိုက်ကြပါလား… ဘလော့ခ်လေး တစ်ခုတောင် မလုပ်ဖူးတဲ့သူတွေက ဘယ် font မှအဆင်ပြေမယ်ဆိုတာ ဘယ်သိမှာတုန်း… Unicode code မ code code အဲဒီကိစ္စနဲ့ တစ်ခြားသူတွေကိုပါ ရောသော ပေါသော ပွဲမလှန့်လေ။ တော်တော်အောက်တန်းကျတဲ့သူတွေဗျာ.. အဓိကက web မှ ဘလော့ခ်ရေးတဲ့အခါ အဆင်ပြေဆုံးမို့လို့ ဇော်ဂျီသုံးရတာဖြစ်ကြောင်း မကြော်ငြာလည်း blogger သမားတိုင်းသိတဲ့ကိစ္စပါ…

    တော်တော်စိတ်လေတယ်..

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>