ကျောင်းတော်က…

MZ က post1 တစ်ခုအတွက် reply ပြန်ထားတဲ့ ဟာလေးပါ..

ကျွန်တော် ဒီနေ့ ကျောင်းကို ရောက်ခဲ့တယ်… ကျောင်းက အရင်အတိုင်းပဲ… အဆောင်သစ်တစ်ခု ဆောက်နေတယ်… အိမ်သာကတော့ အရင်ကထက် ပိုစုတ်ပြတ်သွားတယ်… တံခါးပိတ်ဖို့ ဂျက်တောင်မရှိဘူး.. ကြိုးနဲ့စွဲထားရတယ်.. ဒါတွေကတော့ ထားပါ… ဒီကျောင်း အသစ်ဆောက်တုန်းက ကျွန်တော် တို့တွေ ပထမဆုံး တက်ခဲ့ရတာပဲ… အဲတုန်းက ကျောင်းကြီးကတော်တော်လေး ကောင်းပါတယ်… ဒါပေမယ့် ကျောင်းသားတွေ ဆိုးတယ်ဗျ… အဲတုန်းက ယောကျင်္ားလေး အိမ်သာထဲမှာ မှန်တပ်ထားတယ်.. ဆရာ ဆရာမတွေကို မကျေနပ်တိုင်း ကျောင်းက မှန်ကိုခွဲ… ဒေါသထွက်တိုင်း မှန်ကို ခွဲ… တံခါးကို ဆောင့်ကန်… မှန်ခွဲလိုက်တော့ ၃ ခါလောက် ပြန်တပ်ပေးသေးတယ်.. နောက်ပိုင်း ဆက်မတပ်ပေးတော့ဘူး… အေးသွားတာပဲ.. မှန်လည်း ထပ်ကွဲစရာ မလိုတော့ဘူးပေါ့… တံခါးကို ဆောင့်ကန်တော့ ကြာတော့ တံခါးက ပျက်စီးကုန်တာပဲ… နောက် တစ်နှစ် ထပ်ပြင်သေးတယ်.. ဘာလို့လည်းမသိဘူး… ကျောင်းက အိမ်သာတွေက နှစ် အစလောက်ပဲ ကောင်းတယ်.. နောက်ပိုင်း ပျက်စီးကုန်တယ်.. ကျွန်တော်တို့ hons ရောက်တော့ နောက်ပိုင်း ဆက်မပြင်တော့ပဲ ဒီအတိုင်း ပစ်ထားလိုက်တာ… အခုထက်ထိပဲ.. တော်သေးတာကတော့ အိမ်သာထဲက ရေပိုက်ခေါင်းကိုတော့ ပြင်ပေးလို့… အခုနောက်ပိုင်း ကျောင်းသားတွေတော့ ဘယ်လိုနေလဲမသိဘူး… အခုအချိန်မှာ စဉ်းစားကြည့်ရင် ကျွန်တော်တို့ first year တုန်းက လူတွေက တော်တော်ဆိုးတာပဲလား တော်တော်ရဲတာပဲလား မသိဘူး.. ကျောင်းကို အများကြီး ဖျက်စီးသွားတယ်…. ကျောင်းကလည်း အခုနောက်ပိုင်း ဘာလို့ ပြန်မပြင်လဲတော့ မသိဘူး… ကျောင်းဆောင် အသစ်တွေပဲ ဆက်ဆောက်နေတယ်.. ဆရာ ဆရာမ တွေလည်း လိုအပ်နေတာကို… ကျောင်းကို လူထပ်ခေါ်မလို့လားမသိဘူး… ထပ်ခေါ်တော့လည်း master မှာ thesis လုပ်နေတဲ့လူတွေ… master တက်နေပြီး thesis လုပ်တဲ့လူတွေက industry အတွေ့အကြုံမရှိဘူး.. သူတို့ထပ်သင်လိုက်တဲ့ first year တွေကတော့…. စဉ်းစားဖို့ မလိုတော့ဘူး.. master တက်ပြီး ဆရာမ လုပ်မှပဲ Phd ဆက်တက်လို့ရတာဆိုတော့ ဆရာ ဆရာမကို မဖြစ်မနေ လုပ်ရတာပဲ…

ဆရာ ဆရာမတွေအနေနဲ့ thesis လုပ်နေတာဖြစ်တဲ့အတွက် ကိုယ်သင်ကြားရတဲ့ဘာသာကို ကိုယ့် thesis လောက် အာရုံစိုက်ဖို့ မအားဘူးလေ… ဘာလို့လည်းဆိုတော့ thesis အတွက် စာတွေ အများကြီးဖတ်ရတယ်.. အဲဒီတော့ ကိုယ်သင်ကြားမယ့် ဘာသာ ကို သေသေချာချာ မဖတ်နိုင်ပဲ မနက်ဖြန် သင်မယ်ဆို ဒီနေ့မှ ပြန်ဖတ်.. သေသေချာချာ သင်ဖို့ အခက်အခဲတွေ ဖြစ်ကုန်တယ်လေ… ဆရာ ဆရာမတွေ အနေနဲ့ thesis လုပ်နေတဲ့အတွက်ကြောင့် ကျောင်းသားတွေကို စာသင်တာ ကောင်းမှာ မဟုတ်တာသေချာတယ်… master thesis က လွယ်တယ်ဆိုပေမယ့် ဖတ်ရတဲ့ စာတွေကတော့ မနည်းပါဘူး.. industry အတွေ့အကြုံမရှိတဲ့အတွက် thesis လုပ်တဲ့အခါမှာလည်း လုပ်ရကိုင်ရတာ ခက်ခဲမှုတွေရှိတယ်.. ဘာလုပ်ရမှန်းမသိဘူး.. နောက်ပြီး supervisor ကလည်း thesis အတွက် ရေးပါသေးတယ်လေ… thesis ကိစ္စကို နောက်မှ ဆက်ပြောတော့မယ်… thesis လုပ်နေရတဲ့ ကျောင်းသား ကျောင်းသူတွေက အမှန်တိုင်းပြောရင် pressure ကများတယ်… သာမာန် ရိုးရိုး အလုပ်မလုပ်ပဲ လုပ်နေတဲ့လူတွေတောင် pressure များနေရင် စာလည်းသင်နေရတဲ့ ဆရာ ဆရာမတွေကလည်း တော်တော်ပင်ပန်းမှာပါ… ဒါကြောင့် စာသင်တဲ့အခါမှာ ကိုယ်ကျွမ်းကျင်တဲ့ ဘာသာရပ် မဟုတ်တဲ့ အခါမှာ ရောင်လည်လည်ဖြစ်နေတာပဲ… ရောင်လည်လည်ဖြစ်နေတော့ နားလည်အောင် ဖတ်ဖို့အတွက် အချိန်က သိပ်မပေးချင်ဘူး.. ဘာလို့လည်းဆိုတော့ ဒီမှာက မီးမလာတဲ့ အခက်အခဲ.. internet အခက်အခဲ… မပြည့်စုံတဲ့ Library စတဲ့ အခက်အခဲတွေ အပြင် အခြား မပြည့်စုံတဲ့ အခက်အခဲတွေကြောင့် thesis ကို ဦးစားပေးပြီး thesis အတွက် စာဖတ်တာနဲ့တင် ရောင်လည်လည်ဖြစ်နေတဲ့ ကိုယ်သင်ကြားရတဲ့ စာတွေ ဖတ်ဖို့ အချိန်မပေးနိုင်တော့ဘူးလေ.. .

ကျောင်းမှာ သင်ကြားတဲ့ course ကကောင်းတယ်.. ဒါပေမယ့် သင်ကြားတဲ့ course တွေကို first year ကတည်းက course တွေကို အီလည်လည်နဲ့ ဖြစ်လာခဲ့တော့… course က ဘာမှမဟုတ်တော့ဘူး.. self-study လုပ်နိုင်ဖို့ အရမ်းလိုအပ်တယ်.. ကျောင်းကလည်း self-study လုပ်ဖို့ အားမပေးဘူး.. ဆရာ ဆရာမတွေကလည်း စာသင်ဖို့အတွက် သီးသန့် train လုပ်ထားတာမဟုတ်ဘူး.. first year ကတည်းက အဲလို စလိုက်တော့ နောက်ပိုင်းမှာ တပ်ပျက်တာပဲ.. တနည်းပြောရင် ကျောင်းသားတွေအနေနဲ့ ငယ်စဉ်ကတည်းက ကိုယ်ပိုင် self-study ကိုယ်လုပ်မှ ကိုယ်ရမယ်ဆိုတဲ့ စိတ်ဓာတ်ကို မသွင်းထားဘူး.. ဒါတွေကလည်း ငယ်စဉ်ကတည်းက မိဘတွေရဲ့ အုပ်ထိန်းမှုနဲ့လည်း ဆိုင်တယ်.. ဘယ်အရာမဆို ကိုယ်လုပ်မှ ကိုယ်ရမယ်.. ကိုယ်လိုချင်တဲ့အရာတွေကို ဘယ်သူမှ အရန်သင့်လာမပေးဘူး… အဲလိုစိတ်ဓာတ်လေးတွေ မရှိတော့.. သူများ အပြစ်ပုံချ အလုပ်တွေ လုပ်လာကြတယ်.. ကျောင်းမှာလည်း စာသင်တော့လည်း လိုအပ်တဲ့ ဟိုဖြတ် ဒီဖြတ်ပဲ စာသင်တော့ ပိုဆိုးကုန်တယ်… ဟိုဖြတ် ဒီဖြတ် မသင်ရင်လည်း မဖြစ်ဘူးလေ… course က ၁ နှစ်စာဆိုပေမယ့် တကယ်တန်းသင်မယ်ဆို စာအုပ်တွေက ၁ နှစ်နဲ့ မပြီးဘူးလေ… ဒါကြောင့် ၁ နှစ်အတွင်းပြီးအောင် ဖြတ်ပြီးသင်ရမှာပဲ…

ကျောင်းမှာက နိုင်ငံတကာ အဆင့်မမီဘူးဆိုတာ အမှန်ပဲ.. အခြားမကြည့်နဲ့ ကျောင်းလခပဲကြည့်လေ… နိုင်ငံတကာ ကျောင်းလခလည်းမဟုတ်တော့…. ဒီလောက်ပဲရမှာပေါ့… ကျောင်းကားခ တိုးလို့ အော်ကြတဲ့ ကျောင်းသားတွေ တစ်ပြုံကြီး… နိုင်ငံတကာ အဆင့်မီကျောင်းဖြစ်စေရမယ်… ကျောင်းလခ ကလည်း နိုင်ငံတကာ ကျောင်းလခ ဖြစ်သွားမယ်.. ဒါဆို…. အဲဒီအခါ စဉ်းစားကြည့်ပါ… လက်ရှိတက်နေတဲ့လူတွေထဲက ၂၀% လောက်ပဲတက်နိုင်မယ်… နိုင်ငံတကာနဲ့ ယှဉ်ရင် စျေးမများတဲ့ ဆေးကျောင်းကိုတောင် မတက်နိုင်လို့ ကျောင်းထွက်ရတဲ့ ကျောင်းသားတွေ ဒီနိုင်ငံမှာ များနေတာ.. ကျောင်းလခ တွေ စျေးတက်ခဲ့ရင်တော့…..

ကျွန်တော်ပြောတာ နည်းနည်းများသွားပြီ… တကယ်တန်းတော့ ဘယ်သူ့ကိုမှ အပြစ်မတင်နေနဲ့.. ကိုယ်တိုင် ကြိုးစား.. တတ်နိုင်ရင် ကျောင်းပြီးတာနဲ့ စလုံးဖြစ်ဖြစ် master စတက်… ကိုယ့်ဘဝအတွက် ကိုယ့်ဘာသာကိုယ် ကြိုးစားပေါ့ဗျာ.. အပြစ်တင်နေတာနဲ့ ကိုယ့်ဘဝကြီးက တိုးတက်သွားမှာ မဟုတ်ဘူး… ကိုယ်ပြောနေလို့လည်း သူတို့တွေက ပြင်ဖို့ အခွင့်အရေးရှိအုံးမှ ပြင်လို့ရမှာလေ… ကိုယ်တတ်နိုင်သလောက် ကျောင်းကိုဖြစ်ဖြစ် ပညာလိုချင်သူတွေကို ဖြစ်ဖြစ် ကူညီပေးပြီး ဘဝ အတွက် ရုန်းကန် လှုပ်ရှားကြတာပေါ့ဗျာ..

  1. http://www.mysteryzillion.org/forums/showthread.php?t=4586 []

4 thoughts on “ကျောင်းတော်က…

  1. ကျောင်းလခ တက်လည်း နိုင်ငံခြားက ဆရာခေါ်သင်နိုင်တာမှ မဟုတ်တာ။ စီမံခန့်ခွဲမှုက အရေးကြီးတာပါ။ Management in resource limited settings ဆိုတာ ၊ ဆေးကျောင်းဆက်မတက်တော့တာ စားရိတ်များလို့ မဟုတ်လောက်ပါဘူး။ ဆရာဝန်ဖြစ်သွားပြီး အလုပ်မဖြစ်တဲ့သူတွေ တွေ့သွားလို့ နေမှာ။

  2. မဟုတ်ဘူး.. koolstar ရ… ကျွန်တော့် အစ်မ သူငယ်ချင်းအချို့တွေ ဆရာဝန်ဖြစ်ချင်ရဲ့နဲ့ မတတ်နိုင်လို့ ထွက်သွားရတာတွေ မျက်မြင်ကိုယ်တွေ့ပါ… မိသားစု အခက်အခဲတွေ ရှိတာလည်း ပါတာပေါ့..

  3. မှန်ခွဲတဲ့နေရာမှာတော့ ငါတို့ 15 Batch ကနာမည်အကြီးဆုံး။ နောက်တက်တဲ့ ခလေးတွေသနားစရာ။ တော်သေးတာပေါ့ ကျုပ်တို့မိန်းကလေးအိမ်သာက မှန်တွေပါ လာမခွဲလို့။

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>