Google Earth Street View

ကျွန်တော် ဒီနေ့ Rome, France , Sydeny စတဲ့ မြို့တွေ ရောက်ပြီးပြီ။ ကျွန်တော် တစ်ရက်တည်းနဲ့ အဲဒီ မြို့တွေသွားတာ passport , visa မလိုဘူး။ လေယာဉ်ခလည်းကုန်ဘူး။ ဒါပေမယ့် မြို့ကလူတွေနဲ့ စကားမပြောဖြစ်ဘူး။ ပြောလို့မှ မရတာကို။ ကျွန်တော် က google earth street view နဲ့ သွားလိုက်တာကိုး…

Google Earth 0.5 ထွက်ကတည်းက download ချထားတာ မြန်မာနိုင်ငံတစ်ခုတည်းနဲ့ ဘယ်မှ မသွားဖြစ်ဘူး။ connection မကောင်းတာလဲ ပါတာပေါ့။ ဒီနေ့ connection ကောင်းနေတုန်း စမ်းကြည့်လိုက်တော့ ရေလည်မိုက်တယ်ဗျာ။ ပုံတွေကလည်း ကြည်ပါတယ်။ ကြည့်ရတာလည်း မဆိုးဘူး။ zoom လည်းဆွဲကြည့်လို့ရတယ်။ နာမည်ကြီး အဆောက်အုံတွေ မြို့တွေကိုတော့ မသွားပဲနဲ့ ရောက်သွားတယ်။ စားစရာတွေပါ စားလို့ရရင် ပိုကောင်းမယ် :D ဘာပဲပြောပြော Google Earth ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော် မသွားနိုင်သေးတဲ့ မြို့တွေကို ကြိုကြည့်ခွင့်ရတာနဲ့တင် တော်တော်ကျေနပ်တယ်။ တနေ့နေ့တော့ Rome နဲ့ France ကိုတော့ ရောက်အောင် သွားအုံးမယ် :D

4 thoughts on “Google Earth Street View

  1. ဟဟ…အတည်မှတ်လို့ Visa မလိုဘူးဆိုလို့ မျက်လုံးတောင်ပြူးသွားတာ… :P

  2. အဲဒီ google earth က dialup နဲ့ကြည့်လို့ရမလားဟင်။ ပြီးတော့ အဲဒီ software လေး download လင့်ပေးပါလားဗျာ။ slow connection နဲ့အဆင်ပြေမယ့် version လေးပေါ့။

    • slow နဲ့ဆို လုံးဝ အဆင်မပြေဘူးဗျ။ အဲဒါကိုတော့ google ကိုပဲ အသစ်ထုတ်ခိုင်းရမယ် :D

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>