GPL ????

တစ်ခါတစ်လေ စဉ်းစားမိတယ်… GPL ပေးတိုင်းကောင်းလားဆိုတာကိုပေါ့.. လိုင်စင်တွေအကြောင်း သေသေချာချာ နားမလည်ပေမယ့် GPL ဆိုရင် သူ့ကို သုံးတဲ့ project ကလည်း GPL ဖြစ်ရမှာပဲဆိုတာကိုပေါ့… source code မပေးချင်လည်း ပေးရမှာပဲပေါ့…. တချို့ project တွေမှာ GPL နဲ့ ဟာလေးတွေ ယူသုံးလိုက်ရင် ကောင်းသွားမှာ ရှိပေမယ့် ကိုယ်က source code မချပေးလိုတဲ့အခါမှာ ယူသုံးလို့မရဖြစ်တတ်တယ်။ သူများကို အဲလိုမျိုး ပိုက်ဆံ ပေးပြီးရေးခိုင်းရင် ရတာပဲလို့ ပြောလို့ရပေမယ့် အချိန်လိုသေးတယ်လေ။ ဘယ်လောက်ပဲ မြန်မြန်ရေး ၁ ရက်ကျော်မှာပဲလေ။ opensource ကို နည်းနည်းပြန်ပြင်ပြီး ကိုယ့် project ထဲမှာ ထည့်သုံးနိုင်ရင် အချိန်အရမ်း မြန်သွားမယ်။ ခက်တာက သုံးလို့မရဘူး။ ငွေနဲ့ ဝယ်ချင်တာတောင် ဝယ်လို့မရဘူးဆိုသလိုဖြစ်နေတယ်။ author ရဲ့ စိတ်သဘောထားက ဆိုင်သေးတယ်လေ။ နည်းနည်းပြင်ပြီး ပြန်ရောင်းစားတာကို လက်မခံနိုင်ပေမယ့် အစိတ်အပိုင်း တစ်ပိုင်းအနေနဲ့ ယူသုံးတာဆိုရင် တနည်းပြောရင် 20% လောက်ပဲ ယူတာဆိုရင် GPL လုပ်ထားတဲ့အတွက် 20% ကြောင့် ကျန်တဲ့ 80% free ပေးရမလိုဖြစ်သွားတယ်။ 20% အတွက် ထိုက်တန်တဲ့ တန်ဖိုး ဝယ်တယ်လို့ မသုံးပဲ ထိုက်တန်တဲ့ တန်ဖိုးကို opensource ထဲကို လှုဒါန်းတဲ့ အခါ author အတွက်လည်း အကျိုးရှိတယ် ယူသုံးတဲ့လူအတွက်လည်း အကျိုးရှိတယ်လို့ ထင်တယ်။ ယူသုံးတဲ့လူကလည်း တန်ရာတန်ကြေးဆိုတာကို နားလည်သင့်တယ်။ အမှန်တိုင်းဆိုရင် ကျွန်တော် opensource တစ်ခုကို ယူသုံးလိုက်တိုင်း Paypal နဲ့သာ လှုလို့ရမယ်ဆိုရင် အနည်းဆုံး $1 လောက်တော့ လှုချင်ပါတယ်။ နောက်ပိုင်း MIT လိုင်စင်နဲ့ project တွေလုပ်ရင် ကောင်းမလား စဉ်းစားမိတယ်။

4 thoughts on “GPL ????

  1. ကိုစေက ကပ်စေးနည်းနေပြန်ပြီ :P သူ့ code တွေကို သူများကို မပေးချင်တဲ့အတိုင်းပဲ :D
    ဒီ GPL issue ကနေရာတော်တော်များများမှာရော ငြင်းခုံနေကြဆဲပါပဲ .. စီးပွါးဖြစ်ထုတ်လုပ်နေတဲ့ software company ကြီးတွေလဲ အဲဒါကိုတော်တော် သတိထားကြရတယ်၊ အကယ်၍ သူတို့က သုံးမိရင်လဲ ပြသာနာတက်နိုင်သလို၊ သူတို့ source code တွေကိုလဲ အပြင်မရောက်အောင် သူတို့ employee တွေကို နည်းမျိုးစုံနဲ့ restricted လုပ်ထားတယ်.. တချို့ project မှာဆိုရင် Job contract အပြင် နောက်ထပ် contract တစ်ခုပါထပ်ချုပ်ရတယ်.. အဲဒါက အဲဒီ source code အပြင်မရောက်အောင်၊ သူတို့လုပ်ထားတဲ့ prototype design တွေကို အပြင်မရောက်အောင်၊ အဆုံးအစွန်ထိ သူတို့ဘာတွေလုပ်နေလဲဆိုတာတောင် တခြားသူမေးလာရင် ဖြေခွင့်မရှိဘူး၊ အကယ်၍ ပြောပြမိတယ်၊ ဒါမှမဟုတ် prototype ကို copy လုပ်ပြီး တခြားသူတယောက်ကို ပေးမိတယ် စသည်ဖြင့် အဲဒီ contract ကို ဆန့်ကျင်ပြီးလုပ်မိရင် ငွေပေါင်းများစွာပေးရော်ရတယ်.. ဒါက closed code နဲ့ပတ်သက်ပြီးပြောတာပါ.. GPL လောက် clean မဖြစ်တဲ့အကြောင်းပါ.. GPL ကတော့ တကယ့်ကို clean license ပါ.. စေတနာရှိရင်ရှိသလို သူများတွေလဲ အကျိုးဖြစ်ထွန်းစေပါတယ်.. :-)

  2. မပေးဘူးမဟုတ်ပါဘူးဗျ… MIT ပြောင်းပေးရင်ကောင်းမလား စဉ်းစားနေတာ… အစအဆုံး မကူးပဲ 20% လောက်ဆို မဆိုးဘူးပေါ့… တချို့ png တွေက GPL တွေလေ.. အဲဒါကို project မှာ ယူသုံးမိတာနဲ့ project တစ်ခုလုံး GPL ဖြစ်ရမယ့်ကိန်းပေါက်နေတော့ စဉ်းစားမိတာလေးပေါ့.. :)

  3. MIT လဲကောင်းတဲ့ License တစ်ခုပဲနော်၊ X Windows System က အဲဒီ License နဲ့ပါ.. GPL compatible လဲဖြစ် Open Source Initiative နဲ့ Free Software လဲဖြစ်တော့ ကောင်းပါတယ်.. :-)
    ဟုတ်ပ နောက်ပိုင်း OSI Licensing ဒါမှမဟုတ် GPL Licensing လုပ်တဲ့ Software တွေပိုပိုပြီးထွက်လာဖို့ကို မျှော့်လင်ပါတယ် .. Bravo!! :D

  4. Pingback: Saturngod» Blog Archive » နှစ်ချုပ်

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>