Gtalk Account တွေသတိထားပါ

ကျွန်တော်တို့ အင်တာနက် ဆိုင်မှာ gtalk တွေ သုံးတတ်ပါတယ်။ အဲဒီအခါမှာ ဘာဖြစ်လည်းဆိုတော့ ကိုယ့် account ကျန်ခဲ့တတ်ပါတယ်။ login ဝင်ပြီး ထွက်လိုက်တယ်။ remember password လည်းမလုပ်ထားဘူး။ ဒါတောင် username အမြဲကျန်ခဲ့ပါတယ်။ ဟုတ်တယ်ဗျ။ gtalk က ထွက်လိုက်ရင် username လေးကတော့ အဆင်သင့်ကျန်ခဲ့တယ်။ အဲဒီအခါ တစ်ခြားတစ်ယောက် ဝင်ပြီး အဲဒီ username ကို add လိုက်နိုင်ပါတယ်။ ဒါဟာ privacy ချိုးဖောက်မှုတစ်ခုပါ။ အဲဒါကိုလည်း gtalk က ဖြေရှင်းပေးသင့်တယ်။ သူကတော့ လွယ်အောင် လုပ်ထားပေမယ့် cyber cafe မှာသုံးတဲ့သူတွေအတွက် privacy ကျဆင်းတာပဲ။

4 thoughts on “Gtalk Account တွေသတိထားပါ

  1. ပြန်ထွက်တဲ့အခါ username ကိုပြန်ဖျက်ခဲ့ရင်
    username textbox မှာ blank ဖြစ်အောင်ဖျက်ခဲ့လိုက်ရင် ရပါတယ်။

    နောက်တကြိမ် ပြန်၀င်တဲ့အခါ username နေရာမှာ blank ပဲဖြစ်နေမှာပါ ။

  2. Gtalk အကောင့်ပွင့်နေရင် Add ရုံတင်မဟုတ်ပါ။ Password ပါချိန်းထားလိုက်လို့ အကောင့် Switch လုပ်လိုက်လို့ ရပါတယ်။
    နောက် User Name အပြင် နောက်လူ Login လုပ်ပြီးပြီးချင်းမြင်ရမှာက အရင်လူရဲ့ Nick / Avatar / Inbox က New Mail နဲ့ Voice Mail တွေပါ။
    Password ချိန်းချင်ရင် Switch လုပ်ချင်ရင် Default Browser မှာ ကိုယ့် Gmail အကောင့် အရင်ဖွင့်ပါ။
    Gtalk က Mail Icon ကို Click ပါ။ Browser မှာ Tab အသစ်တစ်ခု (သို့) Windows တစ်ခုနဲ့ထပ်ပွင့်ပြီး
    Account ကို Switch လုပ်လို့ရပါပြီ။
    Pass change ချင်ရင်တော့ ကိုယ့်မေးဖွင့်မထားပါနဲ့။ ဝင်ပြီးရင် Mail ကိုသွားပြီး Secondary Email ကို ကိုယ့် မေးအကောင့်ပြောင်းပေးပါ။ ပြီးရင် Password Reset ချပါ။ ကိုယ့်မေးထဲကို Pass ရောက်လာပါပြီ။

    (Default Browser ကို ကြည့်ချင်ပြင်ချင်ရင် Start >> Set Programs Access & Default မှာချိန်းလို့ရပါတယ်။ )

    အဲဒါမျိုးမဖြစ်စေချင်ရင်
    ၁။ Logout ကိုသေချာထွက်ပါ။ မသေချာရင် Tasklist မှာကြည့်ပါ။ ဆိုင်တိုင်းလိုလို Gtalk နှစ်ခုဖွင့်ရအောင်လုပ်ထားတတ်ပါတယ်။ မျက်စိလျှမ်းရင် နှစ်ခုလုံးဖွင့်ပြီးမှ တစ်ခုပဲ Out မိတတ်ပါတယ်။

    ၂။ User Name နဲ့ Password မှာတစ်ချားစာတွေရိုက်ပြီး Login နောက်တစ်ခေါက်ဝင်ပါ။
    UserName and Password is do not Math. ဆိုတာပေါ်လာပြီဆိုရင်တော့ စိတ်ချရလောက်ပါပြီ။

    kky2k7

  3. ကိုယ်မသိတဲ့ နှစ်တွေ လာအက်ရင် အဆက်မလုပ်နဲ့ပေါ့

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>