Linux in the Future

မနေ့က ကိုဝီလျံရဲ့ ပွဲကို သွားတက်လိုက်တယ်။ အခန်း ၂၀၅ မှာပဲ။ ၉ နာရီ ခွဲ စမယ်ဆိုပေမယ့် မြန်မာတွေရဲ့ ထုံးစံအတိုင်း လူစောင့်နေတာနဲ့ ၁၀ နာရီမှပဲ စဖြစ်တယ်။ ( သတိရမိတာ။ ။ e-commerce ပွဲမှာ ပြောသွားသလို နိုင်ငံခြားမှာဆိုရင် ဒီလိုပွဲတွေကို $50 လောက်ပေးပြီး တက်ရတာ။ ဒီမှာကတော့ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ပွဲလုပ်။ လူမလာမှာဆိုးလို့ လက်ဆောင်တွေတောင် ပေးရနဲ့တဲ့။ ) ၁၀ နာရီလောက်ဆိုတော့ ကိုဝီလျံ တက်လာပြီး Linux အကြောင်း မပြောခင် Unix အကြောင်းစပြောတယ်။ Unix ပြောပြီးတော့ Linux အကြောင်းပြောတာပေါ့။ တော်တော်လေးကို ရှင်းရှင်းလင်းလင်း တိတိကျကျ ပြောသွားတယ်။ နောက်ပြီး စိတ်ဝင်စားစရာကောင်းတဲ့အပိုင်းက chrome OS ပဲ။ Chrome OS အကြောင်းလေးက တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်။ desktop PC တွေကို cloud ထဲကို သွားဖို့ အတွက် ရည်ရွယ်နေပုံပဲ။ တစ်ခုစဉ်းစားမိတယ်။ game ကစားဖို့အတွက် internet မှာ amazone ကနေ hardware ဝယ်ပြီး ဆင်ထားလိုက်မယ်။ ပြီးရင် game အခွေကိုလည်း online ကဝယ်ပြီး အဲဒီ computer မှာ သွင်းလိုက်မယ်။ ပြီးရင် ဆော့ရုံပဲ။ netbook တစ်လုံးနဲ့ game ဆော့လို့ရတယ်။ နေရာတိုင်းမှာ game ဆော့လို့ရတယ် :D ။ google chrome OS က အဲဒီ platform ကို သွားနေတာ။ game ကိစ္စက ကိုဝီလျံပြောတာမဟုတ်ဘူးနော်။ ကျွန်တော့် ဘာသာ စဉ်းစားကြည့်တာ။ ကိုဝီလျံက google doc နဲ့ ပြောပြသွားတာ။ ဒါပေမယ့် မြန်မာနိုင်ငံအနေနဲ့ကတော့ google chrome os ကို သုံးနိုင်ဖို့ connection ပိုင်းအားနည်းနေပါသေးတယ်။

နောက်ပြီး သူ စလုံးမှာ Linux နဲ့ပတ်သက်ပြီး အလုပ်တွေအကြောင်း ပြောပြတယ်။ လက်ရှိ blackberry မှာ အလုပ်လုပ်နေတယ်။ Linux ကြောင့်ပဲ blackberry မှာ အလုပ်ရတာတဲ့။ ကိုဝီလျံပြောသွားတဲ့အထဲမှာ computer ကျောင်းသား 1% တောင် သူတို့ Linux Lab မှာ လာမတက်ကြဘူးတဲ့။ မြန်မာနိုင်ငံမှာ computer သုံးတဲ့ လူတွေထဲမှာ 1% တောင် Linux မသုံးကြပါဘူး။ အဲဒီ 1% ထဲမှာမှ 1% တောင် computer ကျောင်းသားရှိဘူးလေ။ တစ်ကျောင်းလုံးမှာလည်း 1% လောက်ပဲ Linux ကို OS မှန်းသိကြပြီး 0.5% လောက်ကပဲ သုံးဘူးကြတာပါ။ အမြဲတန်း သုံးနေတဲ့ ကျောင်းသားရှိဘူးလေ။ အဲဒီတော့ ကိုဝီလျံတို့ Linux Lab မှာ 1% တောင်မရှိတာ မဆန်းပါဘူးဗျာ။

နောက်ဆုံး အမေးအဖြေတွေ လုပ်ကြတယ်။ မသိတာရှိရင် မေးပေါ့။ တချို့မေးခွန်းတွေက Linux ကို ကျွမ်းကျွမ်းကျင်ကျင် မကိုင်တွယ်ဘူးတာကြောင့် ပါသလို ကိုဝီလျံအနေနဲ့လည်း မြန်မာနိုင်ငံက connection အခြေအနေ မသိတာကြောင့်လည်း အဖြေက မရှင်းဘူးဖြစ်နေတယ်။ တစ်ယောက်မေးတာက squid server အတွက် ftp က download ချလို့မရဘူးတဲ့။ ရန်ကုန်မှာ ftp ပိတ်ထားတယ်ဆိုတာ ကိုဝီလျံမသိတော့ ထူးဆန်းသလိုဖြစ်နေတယ်။ နောက်ပြီး source package ကို add လိုက်ပါလားဆိုတဲ့ဟာကို မေးတဲ့လူက နားမလည်ပြန်ဘူး။ နောက်တော့ ကိုကိုရဲ ကြားကနေ ဝင်ပြီး ရှင်းပြလိုက်တော့ အဆင်ပြေသွားတယ်။

နောက်ထပ် PC mag ကမေးတဲ့ မေးခွန်းပါ။ တော်တော်လေး ကောင်းတဲ့ မေးခွန်းပါ။ အလုပ်အကိုင်အနေနဲ့ Linux က မြန်မာနိုင်ငံအတွက်လား ပြည်ပ မှာလားတဲ့။ ကိုဝီလျံ သေသေချာချာလေး စဉ်းစားပုံပါပဲ။ လေးလေးနက်နက်ကြီးနဲ့ပါ။ (camera မပါသွားတာ နာတယ် :D ) မြန်မာနိုင်ငံမှာဆိုရင် အင်တာနက်ဆိုင်တွေ Server Network ပိုင်းတွေ ISP တွေ sub ISP တွေမှာရနိုင်ပါတယ်လို့ ပြန်ဖြေပေးပါတယ်။

ကျွန်တော်လည်း ထမေးလိုက်ပါတယ်။ KDE နဲ့ ပတ်သက်ပြီး KDE မှာ rendering engine ပြင်ရမရပေါ့။ ကိုဝီလျံအစား keith က ဖြေပါတယ်။ KDE မှာ Unicode 5.1 မရသေးပါဘူး။ Unicode 5.0 ပဲရပါသေးတယ်။ အဲဒီအတွက် Gnome ကို သုံးပါတဲ့။ rendering က ပြင်ဖို့မလွယ်ပါဘူးတဲ့။ ဒါနဲ့ ကိုငွေထွန်းလည်း ဝင်ရှင်းပါတယ်။ KDE 4 မှာ rendering engine အသစ်အကြောင်းရယ် gnome က pango အကြောင်းရယ်ပေါ့။ ဘာပဲ ပြောပြော result က အရင်ကနဲ့တူတဲ့ ရဖို့ ခက်တယ်ဆိုတာပါပဲ။ ကိုဝီလျံကပြောလိုက်ပါသေးတယ်… Unicode တွေက မလုပ်တာကြာပြီတဲ့ :P

ပွဲကတော့ နားထောင်ကောင်းတယ်။ ဒါပေမယ့် ကိုဝီလျံကို ကြည့်ရတာမအီမသာဖြစ်နေသလိုပဲ။ အရင်လို တက်တက်ကြွကြွမဟုတ်တော့သလိုပဲ။ အရင်ကဆို Linux နဲ့ပတ်သက်ပြီး အရမ်းတက်တက်ကြွကြွရှိပေမယ့် အဲဒီပွဲမှာတော့ အရင်ကနဲ့မတူပဲ စကားပြောတာတွေ စဉ်းစားတာတွေက လေးလေးနက်နက်နဲ့ပါ။ ဘာပဲပြောပြော Linux အတွက် ပွဲကောင်းလေးတစ်ခုပါပဲဗျာ။

3 thoughts on “Linux in the Future

  1. Ubuntu လင်းနစ်ကို သုံးပါတယ်။ ဇော်ဂျီကီးဘုတ်ကို ရေးပေးတဲ့အတွက် ကိုစေတန်ကို ကျေးဇူးတင်မဆုံးပါ။
    ကိုစေတန်ရေ… သမီးမသိလို့မေးပါရစေ.. ကိုစေတန်ရေးတဲ့ ubuntu ဇော်ဂျီကီးဘုတ်က လင်းနစ်ကပါတဲ့ ယူနီကုတ်ကို replace လုပ်လိုက်တာလား။ သမီးက ယူနီကုတ် ၅.၁ကော ဇော်ဂျီကော တခါတည်း ubuntu မှာ သုံးချင်ရင် ဘယ်လိုလုပ်ရမလဲဟင်။ နောက်ပြီးတော့ ကိုစေတန်ရဲ့ firefox မှာ ဇော်ဂျီထည့်တာ တခြားဖေါင့်တွေကော ဇော်ဂျီပါ သုံးလို့ရတဲ့ဟာကိုလည်း အရမ်းကြိုက်ပါတယ်။
    အားလုံးအတွက် ကျေးဂျူးပါ…. :D

  2. ubuntu မှာ Unicode 5.1 သုံးဖို့အတွက် တခြားဟာလေးတွေ ထပ်ဖြည့်ရမယ်ထင်တယ်။ ဥပမာ ကေ ရေးမှ ကေ ဖြစ်မယ်။ အဲဒီ ပြဿနာလေးတော့ ရှိတယ်။ သူများရေးထားတာလေးတွေရှိတယ်။ ကျွန်တော် တင်ပေးပါ့မယ်။ http://myanmaritpros.com/profiles/blog/show?id=1445004%3ABlogPost%3A127707 အဲဒီမှာတော့ သွားဖတ်နိုင်တယ်။ Ubuntu မှာ မြန်မာ Unicode မပါလာဘူး။ မြန်မာစာ က ကနေ အ အထိပဲ ပါတာ။ အပြည့်အစုံလည်း မပါသလို keyboard layout ကလည်း မြန်မာတွေသုံးတဲ့ Keyboard မဟုတ်ပါဘူး။ နောက်ပြီး unicode 5.1 လည်းမဟုတ်ပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>