My Blog Like a My notebook

အခုတော့ blog ရေးခြင်း အကျိုးတွေ ကျွန်တော်ခံစားနေရပြီ။ blog က အခုတော့ ကျွန်တော့်အတွက် မှတ်စု တစ်ခုလိုပဲ။ windows တစ်ခုပဲ ဖြစ်ဖြစ် Ubuntu တစ်ခုပဲဖြစ်ဖြစ် ပျောက်ဆုံးသွားတာတွေက မှတ်တော့မိတယ်။ စဉ်းစားလို့မရတော့ဘူးဆိုရင်တော့ ကိုယ့် BLOG မှာ ကိုယ်ရှာတယ်။ download ချမိတယ်။ ဒါကြောင့် နောက်ပိုင်း upload တင်ရင် နှစ်ခု သုံးခုလောက်တင်ပြီး post တွေမှာ ပေးထားတတ်တယ်။ ဒါမှ download ပြန်ဆွဲလို့လွယ်မှာလေ။

ပြီးခဲ့တဲ့ အခေါက်က Zawgyi Keyboard အသစ် Ubuntu အတွက် ရေးဖို့ အစရှာမရ ဖြစ်သွားတယ်။ ဘယ်ကစရေးရမှန်း မသိတော့ဘူး။ တော်သေးတာပေါ့။ Blog ထဲမှာ ရေးရတာ တဖြည်းဖြည်းနဲ့ ကျွန်တော့်အတွက် knowledgebase တစ်ခုလိုပဲဖြစ်လာပြီ။ ကိုယ့် library ကိုယ် တည်ဆောက်ထားသလိုပဲ။ ကိုယ်လိုချင်တာတွေ ကိုယ့် blog မှာ ပြန်ရှာလို့ရတယ်။ ကျွန်တော်အရင်က ဘာတွေလုပ်ခဲ့မှန်း ဘာတွေသိခဲ့မှန်း ဘာတွေဖြစ်ခဲ့သလဲ ဘယ်အခြေအနေကို ဘယ်လို ဖြေရှင်းခဲ့လဲ။ တစ်ခါတစ်ခါမေ့မေ့သွားတတ်တာတွေကို ကိုယ့် blog ကို ကိုယ်ပြန်ဖတ်မိပြီး အော်… ဒီလိုလုပ်ရင် ရပါသလားလို့တောင် သိလာတယ်။ မျှဝေတယ်ဆိုတာ တကယ်လုပ်သင့်တဲ့အရာ တစ်ခုပါ။ Blog ရေးတယ်ဆိုတာက ကျွန်တော့်အတွက် သူ့အတွက်ကော ကိုယ့်အတွက်ပါ အသုံးဝင်တယ်။ အကျိုးရှိလာတယ်။ အခုဆို ကျွန်တော် သိသမျှ။ မှတ်မိသမျှလေးတွေကို blog မှာ တင်ထားတတ်တယ်။ ဒါမှ တစ်ခုခုမေ့မေ့ ပျောက်ပျောက်ဖြစ်သွားရင် ပြန်ရှာပြီး ဖတ်လို့ရမှာလေ။

Ubuntu ပြန်သွင်းတုန်းက dock တွေကို ဘယ်လို သွင်းရမှန်းမသိဘူး ဖြစ်သွားတယ်။ ကိုယ်ရေးထားတဲ့ Ubuntu Zawgyi Keyboard ကပျောက်သွားတယ်။ ကိုယ့် blog မှာတင်ထားတော့ ပြန်ရှာပြီး သွင်းလိုက်တော့ တော်တော်လေးကို အဆင်ပြေသွားတယ်။ ကျွန်တော်ကတော့ blog ရေးတယ်ဆိုတာ ကိုယ့်အတွက်ကော သူ့အတွက်ပါ အကျိုးရှိတာပဲ ရေးစေချင်တယ်။ အဲဒါက တော်တော်လေးအသုံးဝင်တယ်။ ကျွန်တော့်အတွက်တော့ ကျွန်တော့် blog ဟာ ကျွန်တော့်အတွက် မှတ်စု စာအုပ်လေး တစ်အုပ်လိုပါပဲဗျာ။

3 thoughts on “My Blog Like a My notebook

  1. ကိုစေတန့်ဘလော့က ညီမတို့အတွက် အသုံးဝင်နေတာတော့ကြာပါပြီ။ အဲလို ပိုင်ရှင်အတွက်လည်း ပြန်အသုံးဝင်တော့ပိုကောင်းသွားတာပေါ့။ ဒါနဲ့လေ တစ်ခုလောက် အကူအညီတောင်းမလို့။ webtext editor လေ အဲဒါက အရင်တစ်ခေါက် mystery zillion ဝက်ဆိုက်ဒေါင်းသွားတုန်းကတည်းက ပျက်နေတာ။ ဖျက်ပစ်လိုက်တာလား။ အရင်ကဆို အဲလို mysteryzillion ပျက်ရင် ပျက်သွားတယ်။ ပြီးရင် အဲဒီဝက်ဆိုက်ရရင် သူလည်း ပြန်ရတယ်လေ။ အခုကျတော့ မရတော့တာလား။ လိပ်စာပြောင်းလိုက်တာလား။ အဆင်ပြေရင်တော့ ပြန်လုပ်ပေးပါဦးနော်။ လိပ်စာပြောင်းသွားတယ်ဆိုရင်လည်း လိပ်စာလေးတစ်ချက်လောက်။ မြန်မာဖောင့်မရှိတဲ့ ကွန်ပျူတာမှာဆိုရင် အဲဒါလေးက တော်တော် အသုံးဝင်တာဆိုတော့လေ။ ကျေးဇူးနော်။

  2. ကိုစေတန်ရေ …
    ကျွန်တော့် အတွက်တော့ ကျွန်တော့် Blog လေးက မှတ်စုတစ်အုပ်ထက်ကို ပိုပါတယ် ခင်ဗျာ … :D ။ Blogging ကို စတင်ခဲ့စဉ်ကတည်းက ကိုစေတန်တို့လို Senior တွေ ဆီက နည်းနာတွေ မှတ်သားလေ့လာခွင့် ရခဲ့တဲ့ အတွက် အထူး ကျေးဇူးတင်ပါတယ် ခင်ဗျာ ။ ကိုစေတန် ရဲ့ Blog ကို မရောက်တာ ကြာလို့ Theme ပြောင်းလိုက်တာ အခုမှ သိပါတယ် ခင်ဗျာ ။ တော်တော် သေသပ်လှပတဲ့ ရိုးရိုးရှင်းရှင်းပုံစံလေးမို့ ကြိုက်မိပါတယ် ခင်ဗျာ …

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>